ဘက်ပြောင်း

စစ်အုပ်စုဘက် ပြောင်းသွားသူ ဦးဂူဆီး ဦးဆောင်သည့်အဖွဲ့သည် တော်လှန်ရေးအပေါ် ယုံကြည်ချက်မရှိ နိုင်မြင်းလောင်းသူသာဖြစ်

စစ်အုပ်စုဘက် ပြောင်းသွားသူ ဦးဂူဆီး ဦးဆောင်သည့်အဖွဲ့သည် တော်လှန်ရေးအပေါ် ယုံကြည်ချက်မရှိ နိုင်မြင်းလောင်းသူသာဖြစ်

RNA_နိုဝင်ဘာ(၁၁)၊ ၂၀၂၆ခုနှစ်။ စစ်အုပ်စုဘက်ပြောင်းသွားသည့် ဦးဂူဆီး ဦးဆောင်သော လက်နက်ကိုင်အဖွဲ့သည် တော်လှန်ရေးအပေါ် ယုံကြည်ချက်ရှိသူမဟုတ်ဘဲ နိုင်မြင်းလောင်းသူ၊ သာကူးတစ်ဦးသာဖြစ်ကြောင်း လီဆူလူငယ်အစည်းအရုံး (LYC) မှ တာဝန်ရှိသူ ဒီဂျာဖစ်ချ်က Red News Agency ကို ပြောသည်။ မန္တလေးတိုင်း မိုးကုတ်မြို့နယ်အခြေစိုက် ဦးဂူဆီး ဦးဆောင်သော လီဆူလက်နက်ကိုင်အဖွဲ့ဝင် (၅၀) ခန့်သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းတပ်မတော် (TNLA) ထံ လာရောက်ပူးပေါင်းခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအလွန် ၂၀၂၆ အောက်တိုဘာ (၁၃) ရက်က စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်ခဲ့သည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ကတော့ သူ့ (ဦးဂူဆီး) ကို နိုင်မြင်းလောင်းတဲ့သူလို့ပဲ မြင်တယ်ဗျ။ အဓိကကတော့…
Read More
လက်နက်နှင့် ပိုက်ဆံများယူဆောင်ကာ မြင်းမူ တိုက်နယ်ပကဖတာဝန်ခံမြတ်စိုး စစ်အုပ်စုဘက်ပြောင်း

လက်နက်နှင့် ပိုက်ဆံများယူဆောင်ကာ မြင်းမူ တိုက်နယ်ပကဖတာဝန်ခံမြတ်စိုး စစ်အုပ်စုဘက်ပြောင်း

RNA_စက်တင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂုံညင်းဆိပ်တိုက်နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ မြတ်စိုးသည် သေနတ် (၁၀) လက်နှင့် ပကဖအဖွဲ့၏ ရန်ပုံငွေများကိုယူဆောင်ကာ စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အတည်ပြုပြောသည်။ တိုက်နယ် ပကဖတာဝန်ံခံဖြစ်သူ မြတ်စိုးသည် စက်တင်ဘာ (၁၃) ရက် နံနက်ပိုင်းက စစ်အုပ်စုနှင့် သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသိရပြီး တိုက်နယ်ပကဖအဖွဲ့၏ ရန်ပုံငွေများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။ (more…)
Read More
မဲဆောက် နိုင်ငံရေးအသိုင်းအဝန်းမှ မောင်ကြီးမင်းမင်း(ခ) မင်းမင်း အာဏာသိမ်းစစ်တပ်ဘက်ပြောင်း

မဲဆောက် နိုင်ငံရေးအသိုင်းအဝန်းမှ မောင်ကြီးမင်းမင်း(ခ) မင်းမင်း အာဏာသိမ်းစစ်တပ်ဘက်ပြောင်း

RNA_စက်တင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ နိုင်ငံအရေးအသိုင်းအဝန်းတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ခဲ့သော မောင်ကြီးမင်းမင်း (ခ)၊ မင်းမင်း သည် အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဘက် ပြောင်းသွားသည်ဟု မဲဆောက်နိုင်ငံရေးအသိုင်းအဝန်းနှင့် လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်နေသည်။ မောင်ကြီးမင်းမင်း (ခ) မင်းမင်းသည် အင်္ဂလန်နိုင်ငံတွင် နေထိုင်ခဲ့သူဖြစ််််််ပြီး၊ နွေဦးတော်လှန်ရေးဖြစ်ပွားစဉ် ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိလာပြီးနောက် AAPP နှင့် NUG အတွင်းဝန်ရုံး တို့တွင် တာဝန်ထမ်းဆောင်ခဲ့သေးကြောင်း၊ ထို့နောက် မဲဆောက်တွင် ထမင်းဆိုင်ဖွင့်ပြီး နိုင်ငံရေးအသိုင်းအဝန်းတွင်လည်း ဝင်ဆန့်နေသူဖြစ်ကြောင်း၊ ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ကတည်းက မောင်ကြီးမင်းမင်း ပြည်တွင်းရောက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်ကို သိရှိရသည်။ "ပြည်တွင်းကို…
Read More