နွေဦးတော်လှန်ရေး

စစ်ကောင်စီပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မှု အလွန်နည်းပါး

စစ်ကောင်စီပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မှု အလွန်နည်းပါး

RNA_ဇန်နဝါရီ(၄)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီက ယနေ့ပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု အလွန်နည်းပါကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးလိမ့်မည်မဟုတ်ကြောင်း သိရသည်။ စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လိုရာတပ်စွဲထားသော ဥပဒေများမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ မတရား အသင်းများအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ၊ လက်နက်များအက်ဥပဒေ စသည်တို့ဖြင့် စွပ်စွဲထောင်ချထားခြင်းဖြစ်သည်။ (more…)
Read More
၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

RNA_ဒီဇင်ဘာ(၂၄)၂၀၂၄ ခုနှစ်။   ၂၀၂၅ ခုနှစ်သည် စစ်ရေးအရ အားသွန်ခွန်စိုက်လုပ်ကြရမည့်နှစ်ဖြစ်ပြီး၊ စစ်ကောင်စီမှ နိုင်ငံရေးအသာစီးရမသွားရန် စစ်ရေးအသာစီးရနေရန်လိုအပ်ကြောင်းနှင့် အညာဒေသနှင့် အခြားဒေသများတွင် အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန် လိုအပ်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။   #RedNewsAgency #REDNEWS #RNA #AhNyar
Read More
အညာတွင် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်တော့မည်

အညာတွင် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်တော့မည်

RNA_ဒီဇင်ဘာ(၃)၊၂၀၂၄ခုနှစ်။   အညာဒေသ စစ်ကိုင်းတိုင်းနှင့် မြေလတ် မကွေးတိုင်းတို့တွင် တော်လှန်ရေးနောက်တဆင့်တက်ရန်အတွက် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်မည့်အခြေအနေ မြင်တွေ့နေရသည်ဟု Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်လာနိုင်သည့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများ၊ Student Armed Force - ကျောင်းသားလက်ရုံးတပ်တော်၏ လှုပ်ရှားနယ်မြေများနှင့် မဟာမိတ်များ၊ အညာဒေသအပါအဝင် လက်နက်ကိုင်တော်လှန်ရေးအခြေအနေများ စသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး ကိုမင်းဟန်ထက်ပြောပြထားသည့် အင်တာဗျူးအပြည့်အစုံကို Red News Agency က မကြာမီဆက်လက်ဖော်ပြပါမည်။ #RedNewsAgency
Read More
ပြည်သူ့အားကိုးဖြင့် မိုက်နေသော ဗိုလ်မိုက်ခဲ

ပြည်သူ့အားကိုးဖြင့် မိုက်နေသော ဗိုလ်မိုက်ခဲ

RNA_ဒီဇင်ဘာ(၁)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်နယ်နှင့် မန္တလေးတိုင်း မြင်းခြံမြို့နယ် အခြေစိုက် NUG/MOD PDF မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ပြည်သူ့အားကိုးဖြင့် မိုက်နေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ ဗိုလ်မိုက်ခဲဦးဆောင်သော တပ်ဖွဲ့အနေဖြင့် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် အသင့်ဖြစ်နေသည့်အတွက် မြို့သိမ်းတိုက်ပွဲအတွက် လိုအပ်နေသော "End Point" ကမ်ပိန်းကို ပြည်သူများအနေဖြင့် ကူညီထောက်ပံ့ရန် မိဘပြည်သူများအား ဗိုလ်မိုက်ခဲက အထူးမေတ္တာရပ်ခံထားသည်။ #RedNewsAgency #RNA #RedNews #Ahnyar
Read More
မိဘအတွက် ဘွဲ့ယူပေးချင်တဲ့ အိပ်မက်ပျက်သွားပေမဲ့ ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာ ဘယ်တော့မှ နောင်တမရဘူး

မိဘအတွက် ဘွဲ့ယူပေးချင်တဲ့ အိပ်မက်ပျက်သွားပေမဲ့ ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာ ဘယ်တော့မှ နောင်တမရဘူး

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။ "ညီမ မိဘအတွက် ဘွဲ့လေးယူပေးချင်တယ်ပေါ့နော် အဲဒီအိပ်မက်လေးတော့ပျက်သွားတယ်ပေါ့နော် ဒါပေမဲ့ ညီမ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာတော့ ညီမ ဘယ်တော့မှ နောင်တမရပါဘူး ညီမအကောင်းဆုံး ဆက်လျှောက်သွားမှာပါ" ဟု စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် လွင်ဂူးက ပြောကြားထားသည်။ တော်လှန်ရေးအတွင်း ပါဝင်လာမှုအကြောင်းအရင်းများ၊ စစ်တပ်အာဏာသိမ်းလိုက်သည့်အတွက် ပျက်စီးသွားသော အိပ်မက်များ၊ တော်လှန်ရေးအတွင်း ကြုံတွေ့နေရမှုများစသည့် ရဲဘော်လွင်ဂူးပြောကြားထားသည့် ရုပ်သံအပြည့်အစုံကို ထပ်မံတင်ပါမည်။ Red News Agency
Read More
ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ "စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်" ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
“နတ်မိကျောင်း စစ်ဆင်ရေး” အတွင်း စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံး

“နတ်မိကျောင်း စစ်ဆင်ရေး” အတွင်း စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံး

RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်း အခြေစိုက် Southern YSO PDFနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းထားသော "နတ်မိကျောင်း စစ်ဆင်ရေး"အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံးခဲ့သည်ဟု စသဖြင့် Southern YSO PDF ခေါင်းဆောင် ကိုအောင်မောင်းက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar
Read More
လူ့အခွင့်အရေးအသံများ ပျောက်ဆုံးနေသော အညာ

လူ့အခွင့်အရေးအသံများ ပျောက်ဆုံးနေသော အညာ

RNA_နိုဝင်ဘာ(၃)၊၂၀၂၄ခုနှစ်။ အညာဒေသတွင်းရှိ ပြည်သူများအနေဖြင့် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး လူ့အခွင့်အရေးများ ပျောက်ဆုံးခဲ့ရပြီးတော့ ဒီနေ့အချိန်မှာဆိုရင် လူ့အခွင့်အရေးကို မေ့ပျောက်သလိုဖြစ်နေတဲ့ အခြေအနေများကို တင်ဆက်ထားခြင်းဖြစ်ပါတယ်။ Red News Agency
Read More
ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်မယ် ပျော်ပျော်ပဲရှေ့ဆက်သွားမယ်

ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်မယ် ပျော်ပျော်ပဲရှေ့ဆက်သွားမယ်

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။   "ရှေ့တန်းမှာအကောင်းဆုံး ဘယ်လိုအခက်အခဲမျိုးကိုမဆို ကျွန်တော်တို့ ရင်ဆိုင်မယ် ပျော်ပျော်ပဲ ရှေ့ဆက်သွားမယ်။ မြို့ပြမှာအလံချိတ်မယ်" ဟု အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် yingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်း၏ အခြေခံစစ်ပညာအပတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ Red News Agency
Read More