Tag: စစ်ဘေးရှောင်

  • အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

    အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

    RNA_ဧပြီ(၂၁)၊၂၀၂၄ ခုနှစ်။

    စစ်ကောင်စီလက်အောက်ခံများနှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းမှစပြီး အပစ်ရပ်နေသော်လည်း မြဝတီဘက်ခြမ်းရှိ စစ်ဘေးရှေင်များမှာ အကူအညီလိုအပ်နေကြောင်း သိရသည်။

    “အခုမနက် မဲဆောက်ရောက်နေတဲ့ စစ်ဘေးရှောင်တွေသွားလှူကြတာ တော်တော်များတယ်။ မြဝတီဘက်ခြမ်းက သူတွေအတွက် ၁၂ ဂိတ်ဘက်မှာပေါ့ သူတို့ ထမင်းထုပ်တောင် နေ့လည်စာ မလောက်ဘူး ညစာတော့ ဘယ်လို လုပ်မလဲမသိဘူး။ ကမ်းနားဘက်မှာ ကပ်နေကြရတာတွေ့တယ်” ဟု စစ်ဘေးရှောင်များကို သွားလှူသူတဦးက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=ZD-ShuIncIM[/embedyt]

    မြဝတီအပစ်ရပ်နေပြီဖြစ်သည့်အတွက် မဲဆောက်ဘက်ခြမ်းရောက် ထိုင်းအစိုးရမှလက်ခံထားသူများ ပြန်လွှတ်နေပြီဟု ကြားသိရသော်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင်များထံ သတင်းသွားယူခွင့်ကို ထိုင်းစစ်တပ်လက်အောက်ခံများက သွားခွင့်မပြုကြောင်း၊ တံတား (၂) ဘက်တွင်လည်း ထိုင်းစစ်တပ်က လုံခြုံရေးတင်းကြပ်ထားသည်။

    #RedNewsAgency

  • သောကတောင်ကြား

    သောကတောင်ကြား

    ပညာသင်လက်စအရွယ်ကလေးတွေအတော်များများဟာ တောတောင်ထဲမှာ စာဆက်မသင်ကြားရဘဲ တနေကုန် ဆော့ကစားရင်းသာ အချိန်ကုန်နေကြရပါတယ်။ လေယာဥ်ပျံအသံကြားရင် စခန်းထဲပြေးဝင်ပုန်းနေလေ့ရှိတဲ့ စိတ်ဒဏ်ရာရသွားရှာသူ ကလေးငယ်လေးတွေလည်း အများအပြားတွေ့ခဲ့ရပါတယ်

    ***********************

    မြူတွေဖုံးလွှမ်းနေတဲ့ တောင်တန်းတွေကြားမှာ ရေစီးသံတိုးတိုးလေး ဖြတ်သန်းစီးဆင်းနေတဲ့ တောင်ကျချောင်းကလေးတွေ ရှိပါတယ်။ တောင်ကျချောင်းကလေးတခုကတော့ အဆင်ပြေသလို ဆောက်လုပ်ထားရတဲ့ ယာယီစစ်ဘေးရှောင်စခန်းလေးတခုကို ပတ်ခွေရစ်ပတ်လို့ စီးဆင်းသွားပါတော့တယ်။ တမြို့လုံး ကြေမွပျက်ဆီး မီးလောင်သွားရတဲ့ မိုးမိတ်မြို့ထဲကနေ မသေကောင်းမပျောက်ကောင်း ထွက်ပြေးလွတ်မြောက်လာတဲ့ မိသားစု (၅၀) နီးပါးဟာ ဒီယာယီစစ်ရှောင်စခန်းလေးထဲမှာ အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံရင်း ဖြတ်သန်းနေကြတာ တစ်လပြည့်သွားခဲ့ပါပြီ။

    စခန်းမှာ လူဦးရေ (၁၈၂)ယောက် နေထိုင်ပြီး ကလေးငယ် (၇၀) ကျော်လည်း ပါဝင်ကြပါတယ်။ ဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်လောင်း ()ဦးက မွေးဖို့ဖွားဖို့ သိပ်မလိုတော့ဘူးလို့ သိရပါတယ်။ တောအုပ်ထဲမှာ သားဖွားဆရာမ ဒါမှမဟုတ် ကလေးမွေးပေးနိုင်တဲ့ လက်သည်တယောက်မှ မရှိဘဲ သူတို့ကိုယ်ဝန်တွေကို ဘယ်လိုမီးဖွားရမလဲဆိုတာ စဥ်းစားရင်း စိတ်ပူမိတယ်လို့ ကိုယ်ဝန်ဆောင်တဦးက ရင်ဖွင့်လာပါတယ်။

    (more…)

  • စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ဇနီးမောင်နှံ သေဆုံးပြီး ၇ ဦးဒဏ်ရာရ

    စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ဇနီးမောင်နှံ သေဆုံးပြီး ၇ ဦးဒဏ်ရာရ

    RNA_စက်တင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး မြင်သားရွာအတွင်း ကျရောက်ပေါက်ကွဲကာ စစ်ဘေးရှောင် ဇနီးမောင်နှံတို့ သေဆုံးခဲ့ရပြီး ဒေသခံ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    မြောက်ခင်ရန်းကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ သေဆုံးခဲ့သည့် ဇနီးမောင်နှံမှာ တောင်ခင်ရမ်းကျေးရွာမှ စစ်ဘေးရှောင်ရန် ရောက်ရှိနေသူများဖြစ်ကြောင်း ‌သိရသည်။

    (more…)

  • မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

    မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

    RNA_ဩဂုတ်(၂၁)၊၂၀၂၃ ခုနှစ်။

    ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာစစ်အာဏာရှင်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူများနှင့် အလုပ်သမားများအတွက် ရည်ရွယ်ပြီး ထမင်းတနပ် ၁၅ ဘတ်ဖြင့် အလှူပြုလုပ် ရောင်းချနေသည်ဟု ကိုမင်းသွေးသစ်က ပြောသည်။

    [embedyt] https://www.youtube.com/watch?v=N7qklhbB-7Q[/embedyt]

    တပတ်ကို ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ထမင်းတနပ် ၁၅ ဘတ် Facebook Page = https://www.facebook.com/profile.php?id=100095368187674 တွင် မှာယူနိုင်ကြောင်း၊ အလှူရှင်တို့ရှိပါက ထမင်းတနပ် ၁၅ ဘတ်ကို မတက်နိုင်ပါက အိမ်အရောက် လာရောက်လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။

    Red News Agency

  • သေမင်းတမန်ပြောက်ကြား တပ်ဖွဲ့ (Salingyi)၏ ခေါင်းဆောင် ကိုဗန့်ကျီ (ခ)ကိုမြတ်သူလင်း ဖမ်းဆီးခံရပြီး ကျဆုံး

    သေမင်းတမန်ပြောက်ကြား တပ်ဖွဲ့ (Salingyi)၏ ခေါင်းဆောင် ကိုဗန့်ကျီ (ခ)ကိုမြတ်သူလင်း ဖမ်းဆီးခံရပြီး ကျဆုံး

    RNA_ဇွန်(၁၃)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့ (Salingyi) ၏ ခေါင်းဆောင်၊ မြို့နယ် ပ.အ.ဖ အဖွဲ့ဝင် ကိုဗန့်ကျီ (ခ)ကိုမြတ်သူလင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး ကျဆုံးသွားကြောင်း သိရသည်။

    ကိုဗန့်ကျီ (ခ) ကိုမြတ်သူလင်းသည် ဝမ်ပေါင်ကုမ္ပဏီမှာ စခန်းချထားသည့်စစ်ကောင်စီတပ်စခန်းသို့ ရိက္ခာပို့စစ်ကြောင်း ကင်းထောက်စဉ် ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး လူမဆန်စွာ နှိပ်စက်သတ်ဖြတ်ထားသည့် ရုပ်အလောင်းကို ဇွန်လ ၁၁ ရက်နေ့တွင် ထန်းတောရွာ သစ်ကွင်းအနီးတွင် တွေ့ရှိခဲ့သည့်အတွက် ယမန်နေ့က မီးသင်္ဂြိုလ်ခဲ့ကြောင်း၊ သိရသည်။

    (more…)

  • စစ်ကောင်စီတပ် အသေအဆုံးများနေသည့် ဒီးမော့ဆိုမြို့နယ်တွင် လေကြောင်းဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်နေ

    စစ်ကောင်စီတပ် အသေအဆုံးများနေသည့် ဒီးမော့ဆိုမြို့နယ်တွင် လေကြောင်းဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်နေ

    RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။

    ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတွင် တိုက်ပွဲများတွင် စစ်ကောင်စီတပ်အထိနာသေဆုံးမှုများပြားနေသည့်အတွက် စစ်ကောင်စီတပ်သည် ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းမှဗုံးကြဲ ပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။

    ဧပြီလ(၂၉) ရက်နေ့ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်က ဒီးမော့ဆို အနောက်ခြမ်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်ခြင်းများကို (၆)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ အထိုင်တပ်မြေပြင် လက်နက်ကြီးတပ်မှလည်း ၁၂၀ မမဖြင့် (၃၀)ကြိမ်ထက်မနည်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို မှ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ဘေးရှောင်စခန်းနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

    စစ်ဘေးရှောင်စခန်းနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

    RNA_ဧပြီ(၂၆)၊၂၀၂၃ ခုနှစ်။
     
    ရှမ်း-ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ်လေကြောင်းမှ ဧပြီလ (၂၅) ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်ခခန့်က ပေါင် ၅၀၀ ဗုံးတလုံး ကြဲချပြီး ပစ်ခတ်မှု (၇) ကြိမ်ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့သည်ဟု အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့ ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=kK3eMDQEEy4[/embedyt]
     
    #RedNewsAgency

  • ခင်ဦးမှာ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ် PDF (၅) ဦးကျ၊ ဒေသခံပြည်သူ (၅) ဦးဖမ်းဆီးခံရ

    ခင်ဦးမှာ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ် PDF (၅) ဦးကျ၊ ဒေသခံပြည်သူ (၅) ဦးဖမ်းဆီးခံရ

    RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦး-မုံရွာရထားသံလမ်းဘေးရှိ မြကန်ကျေးရွာအတွင်းသို့ ယနေ့ နံနက် (၆) နာရီဝန်းကျင်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် (၅) ဦးကျဆုံးပြီး၊ ပြည်သူ (၅) ဦးဖမ်းဆီးခံရကာ ဒေသခံ ပြည်သူ အများအပြား စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
     
    “မြကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဒေသခံကာကွယ်ရေးများနှင့် အပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကာ မိုင်းခွဲ၍ ပြန်အဆုတ်တွင် ပိတ်မိကာ ကာကွယ်ရေးရဲဘော်များဖြစ်သော ( ၁) ရဲဘော်တရုတ်ကြီး(၂)ရဲဘော်မိုးဟိန်း(၃)ရဲဘောဖိုးကျော် (၄) ရဲဘော်ကိုနောင် (၅) ရဲဘော်ကျော်နိုင်တို့ ကျဆုံးခဲ့ရသလို ဒေသခံ အမျိုးသားပြည်သူ (၅) ဦး ဖမ်းဆီးခံရပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • ဖားကန့်မှ စစ်ဘေးရှောင်ရွှေ့ပြောင်းနေထိုင်သူများ ဖယ်ရှားရန် ဖိအားပေးခံနေသည့်အတွက် အခက်အခဲဖြစ်နေ

    ဖားကန့်မှ စစ်ဘေးရှောင်ရွှေ့ပြောင်းနေထိုင်သူများ ဖယ်ရှားရန် ဖိအားပေးခံနေသည့်အတွက် အခက်အခဲဖြစ်နေ

    RNA_ဖားကန့် ၊ ဧပြီ (၅)၊ ၂၀၂၃ ခုနှစ်။
    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာရှိ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဘေးရှောင်လာသော ပြည်သူများစုဖွဲ့နေထိုင်နေသည့် ရွှေ့ပြောင်းနေအိမ်များကို ရပ်မိ/ရပ်ဖ ဆိုသူများက ကျောက်တူးဖော်ရေးကုမ္ပဏီလုပ်ငန်းများဆောင်ရွက်နိုင်ရန် အကြိမ်ကြိမ် ဖယ်ရှားပေးရန် ဖိအားပေးခံနေရသည့်အတွက် ရွှေ့ပြောင်းနေထိုင်သည့်ပြည်သူများ နေစရာအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
     
    “ကျွန်တော်တို့က မြေနေရာလေးတစ်ခုရဖို့ပါပဲ၊ အဓိက နေစရာရဖို့ပါပဲ၊ ဒီနေရာကရွှေ့ရရင် ဘယ်မှာနေရမလဲမသိဘူး၊ အတင်းရွှေ့ခိုင်းတဲ့နေရာက မိုးရွာတာနဲ့ပါမှာ၊ မျောချောင်းဘေးမှာ၊ ကျနော်တို့မြေနေရာရချင်တယ်လို့ ပထမတောင်းဆိုလို့ပေးတဲ့နေရာက ကချင်ရိုးရာက ပိုင်တာလို့ကြားရတယ်၊ ပြန်ရွှေ့ဆိုရင် ရွှေ့ရမှာ၊ သတ်သတ်မှတ်မှတ်မရှိဘူး”ဟု စစ်ဘေးရှောင် ရွှေ့ပြောင်းပြည်သူတစ်ဦးက ပြောသည်။

    (more…)

  • စစ်ဘေးရှောင်များကို ကယ်ထုတ်သည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၃) ဦးကျ

    စစ်ဘေးရှောင်များကို ကယ်ထုတ်သည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၃) ဦးကျ

    RNA_မတ်(၁၄)၊၂၀၂၃ ခုနှစ်။

    ရှမ်း- ကယားနယ်စပ် မိုးဗြဲအရှေ့ဘက်ကမ်းရှိ တောင်ပေါ် စစ်ဘေးရှောင်တစ်နေရာတွင် စစ်ကောင်စီတပ် တပ်မ (၆၆)မှ စစ်ကြောင်းထိုးလာပြီး စစ်ဘေးရှောင်များကို ဖမ်းဆီးသည့်အတွက် PDF မှ ကယ်ထုတ်ရန်တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်မှ အသေအဆုံးများခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် (၃) ဦးကျဆုံးကြောင်း သိရသည်။

    စစ်ဘေးရှောင်စခန်းမှ သက်ကြီးရွယ်အိုနှင့်ကလေးအချို့ကိုဖမ်းဆီးကာ အသက် (၈၁) နှစ်၊ (၇၈) နှစ်အရွယ် သက်ကြီးရွယ်အို (၂) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး၊ (၇) တန်းကျောင်းသား (၁) ဦးကို ပစ်သတ်ခဲ့သည့် တပ်မ (၆၆) ကို မတ်လ (၁၂) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် ဖယ်ခုံ PDF တပ်ရင်း-၂၊ KNDF B-03 ၊ URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

    (more…)