16
Dec
RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကောင်စီတပ်က စဖွင့်လိုက်သည့် တိုက်ပွဲများကြောင့် ၂ ရက်အတွင်း လေးကေ့ကော်၊ မယ့်ထော်သလေး စသည့်ကျေးရွာများက စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေပြီး ထိုင်းနိုင်ငံအတွင်း ၁၅၀၀ ကျော်ယနေ့ ရောက်ရှိသွားကြောင်း သိရသည်။ မြဝတီမြို့တောင်ဘတ် (၁၀) ဝန်းကျင်က KNU တပ်မဟာ (၆) နယ်မြေ လေးကေ့ကော်မြို့သစ်က ရပ်ကွက်အတွင်းစစ်ကောင်စီတပ်များ အင်အားအလုံးအရင်ဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့နံနက်စောစော ဝင်ရောက်ရှာဖွေခြင်း၊ KNU ထံ ခိုလှုံသူတချို့ကို ဖမ်းဆီးခြင်း စသည်တို့ကို လုပ်ခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်က စတင်ကာ လက်နက်ကြီးပစ်ပြီး စစ်ပွဲကို စတင်ခဲ့ကြောင်း သိရသည်။…