စစ်ကိုင်းတိုင်း

မုံရွာ စသုံးလုံးရုံး ပစ်ခတ်ခဲ့သည့် ရုပ်သံ 

မုံရွာ စသုံးလုံးရုံး ပစ်ခတ်ခဲ့သည့် ရုပ်သံ 

RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) ရုံး ဂိတ်ပေါက်မှာ စောင့်နေသောစစ်ကောင်စီတပ်သားများနှင့် ရုံးတလျှောက်ကို ယနေ့ ( အောက်တိုဘာ ၁၈ ရက်) နံနက် ၁၁ နာရီ ၄၄ မိနစ်ဝန်းကျင်က မုံရွာနတ်ဆိုးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုပ်သံနှင့်တကွ မုံရွာနတ်ဆိုးအဖွဲ့က ထုတ်ပြန်ထားသည်။ Red News Agency
Read More
အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်အဆင့်တရားရုံး ကသာမြို့နယ်တွင်ဖွင့်လှစ် 

အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်အဆင့်တရားရုံး ကသာမြို့နယ်တွင်ဖွင့်လှစ် 

RNA_အောက်တိုဘာ(၁၆)၊၂၀၂၂ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၏ မြို့နယ်အဆင့် တရားရုံးကို စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ အောက်တိုဘာ (၁၅) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ " အမျိုးသားညီညွတ်ရေးအစိုးရ၏ကသာမြို့နယ် မြို့နယ်တရားရုံးအား15.10.22ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပါသည်" ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ရဲ (၄) ဦး အသတ်ခံရပြီး ကျေးရွာ (၁၁) ရွာကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရ

ရဲ (၄) ဦး အသတ်ခံရပြီး ကျေးရွာ (၁၁) ရွာကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရ

RNA_အောက်တိုဘာ(၃)၊၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် (မြောက်ခြမ်း) ညောင်ပင်ကြီးကျေးရွာမှ ရဲ (၄) ဦး အသတ်ခံရပြီးအနီးနားရှိ ကျေးရွာ (၁၁) ရွာမှ ပြည်သူများ ယနေ့ နေ့လည်ပိုင်းမှစတင်ကာ အရေးပေါ် စစ်ဘေးရှောင်နေကြရသည်။ ယနေ့နေ့လည် (၁) နာရီ မိနစ် (၃၀) ခန့်က ညောင်ပင်ကြီး ရဲစခန်းမှ စျေးထွက်ဝယ်သည့် ရဲ (၄) ဦးကို အမည်မသိအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ၊ ၄ ဦးလုံးသေပြီး လက်နက်လည်းရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
“ပြာပုံထဲကသွေးဖြင့် ဆက်လက်တော်လှန်ကြ” အမည်ဖြင့် ဆန္ဒပြပွဲတွင် MRDA နှင့်အတူ 96 soldiers -PDF ပါဝင်ခဲ့ 

“ပြာပုံထဲကသွေးဖြင့် ဆက်လက်တော်လှန်ကြ” အမည်ဖြင့် ဆန္ဒပြပွဲတွင် MRDA နှင့်အတူ 96 soldiers -PDF ပါဝင်ခဲ့ 

RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်းတနေရာတွင် မြန်မာ့တောင်ဝင်နဂါးတပ်တော် (MRDA) ဦးဆောင်မှုဖြင့် စစက်တင်ဘာလ (၂၄) ရက်နေ့က "ပြာပုံထဲကသွေးဖြင့်ဆက်လက်တော်လှန်ကြ " ခေါင်းစဥ်ဖြင့်ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်​ရး သပိတ်စစ်ကြောင်းတွင် 96 soldiers -PDF ( အညာမြေတပ်ခွဲ) ရဲဘော်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
အာဇာနည်ရဲဘော် ထက်ဝေအောင်၏ စျာပနအခမ်းအနားကို တော်လှန်ရေးအင်အားစုများ တက်ရောက်အလေးပြု

အာဇာနည်ရဲဘော် ထက်ဝေအောင်၏ စျာပနအခမ်းအနားကို တော်လှန်ရေးအင်အားစုများ တက်ရောက်အလေးပြု

RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် မြောင်ဗိုလ်တောက် ထွန်းအဖွဲ့ ( MyaungBoTaukTun(MBTT) Special Force မှ အာဇာနည်ရဲဘော် ထက်ဝေအောင်(ခ)ထက်ကြီး၏ စျာပနအခမ်းအနားကို ယမန်နေ့ (စက်တင် ဘာ၂၄ ရက်) က ပြုလုပ်ခဲ့ရာ အခက်အခဲများကြားမှ တော်လှန်ရေး အင်အားစုများတက်ရောက်အလေးပြုခဲ့ကြောင်း သိရသည်။ (more…)
Read More
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

အောင်ခန့်ဇော်/RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ထဲမှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကျေးရွာများသို့ ယနေ့ နံနက် (၇) နာရီဝန်းကျင်မှစတင်ရောက်ရှိပြီး ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းဘေးရှိကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ကြသည်။ စစ်ကောင်စီတပ်သားများ ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့နောက် ထန်းပုကျေးရွာသို့ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်မည့် ထမင်းဟင်းများကို အဓမ္မလုယူ စားသောက်သွားကြောင်း၊ ညနေပိုင်းတွင် ၂ဖွဲ့ခွဲပြီး သဲကောကြီးရွာသို့ရောက်ရှိလာသည့်အဖွဲ့က သဲကောကြီးရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေကုန်းရွာအဝင်တွင် စစ်ကောင်းစီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာလ (၂၃) ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး ရွှေဘိုခရိုင်၊ တပ်ရင်း (၁၆) Taze Revolution Force - TRF မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ကြောင်း တာဝန်ရှိသူ တဦးက ပြောထားသည်။ စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်လာသည့် တိုက်ပွဲဖြစ်ပွားခဲ့ရပြီး၊ စစ်ကောင်စီတပ်၏ လူမဆန်သည့် လုပ်ရပ်များကြောင့် ဒေသခံသောင်းချီထွက်ပြေးနေရပြီး ကျေးရွာတချို့ မီးရှို့ခံနေရကြောင်း သိရသည်။ Red News Agency
Read More
PDF များဝန်းရံလိုက်ပါသည့် ယင်းမာပင်ခရိုင် ကျေးရွာစုံလူထုသပိတ်စစ်ကြောင်း 

PDF များဝန်းရံလိုက်ပါသည့် ယင်းမာပင်ခရိုင် ကျေးရွာစုံလူထုသပိတ်စစ်ကြောင်း 

RNA_စက်တင်ဘာ(၂၁)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ယမန်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝန်းရံ လုံခြုံရေးယူပေးခဲ့သည့် ကျေးရွာစုံလူထုသပိတ်စစ်ကြောင်းက ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ စစ်ကောင်စီတပ်သားတွေ CDM ပြုလုပ်ကြရန် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။ Red News Agency
Read More
ကလေးငယ် (၁၁) ဦးအသတ်ခံရမှုကို Save the Children အနေဖြင့် ထိတ်လန့်တုန်လှုပ်မိဟု ထုတ်ပြန် 

ကလေးငယ် (၁၁) ဦးအသတ်ခံရမှုကို Save the Children အနေဖြင့် ထိတ်လန့်တုန်လှုပ်မိဟု ထုတ်ပြန် 

RNA_စက်တင်ဘာ (၂၀)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် မကြမ်းဖက် တိုက်ခိုက် ပစ်ခတ်သည့်အတွက် ကလေးငယ် (၁၁) ဦး သေဆုံးခဲ့ရပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရရှိမှုအပေါ် လွန်စွာထိတ်လန့် တုန်လှုပ် မိပါသည်ဟု ထုတ်ပြန်ထားသည်။ (more…)
Read More
စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာ စာသင်နေသည့် ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းကို ယမန့်နေ့ ( စက်တင်ဘာ ၁၆ ရက်) က အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်များသုံးကာ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် ပြည်သူများ သေဆုံးခဲ့ရသည်ဟု သိရသည်။ (more…)
Read More