
Tag: စစ်ကိုင်းတိုင်း
-

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း PDF ရဲဘော် (၁၀) ဦး ကျဆုံး
RNA_နိုဝင်ဘာ(၂၅)၊၂၀၂၂ ခုနှစ်။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး ဝင်ရောက်စီးနင်းစဉ်အတွင်း ဒေသခံ PDF (၁၀) ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
ပုံစာ-မုံလှကျေးရွာမှာ ကျဆုံးခဲ့ရသည့် PDF ရဲဘော်များဈာပန မြင်ကွင်း။ စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အသေအဆုံးများသည့်အတွက် လေကြောင်းပစ်ခတ်မှုပြုလုပ်ချိန်တွင် PDF (၂) ဦးကျပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ကံသာရွာမှ ဒေသကာကွယ်ရေး ရဲဘော်နှစ်ဦးမှာလည်း ပိတ်မိပြီး ပစ်ခတ်သတ်ဖြတ်ခံရကြောင်း၊ ဖမ်းဆီး နှိပ်စက်ခံရပြီး ကျဆုံးခဲ့ရသည့် ၆ ဦးမှာ Hero Army Khin-U အဖွဲ့ကဖြစ်ကြောင်း သိရသည်။ -

BLACK WOLF – PDF အဖွဲ့ ခေါင်းဆောင်တဦး ကျဆုံး
RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ် စသည်တို့တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် BLACK WOLF – PDF တပ်ဖွဲ့ တည်ထောင်ရာတွင် အဓိကပါဝင်ခဲ့သည့် ရဲဘော်ကိုလှိုင်ဝင်း ရှေ့တန်းတနေရာတွင် ကျဆုံးခဲ့သည်။
” ကိုလှိုင်ဝင်းသည် ယခုအခါ ရှေ့တန်းတနေရာ၌ တော်လှန်ရေးအတွက် စွမ်းစွမ်းတမံကြိုးစားရင်း ( ၂၃ ရက် ၁၁ လ ၂၀၂၂ ) ခုနှစ် တွင် မြင့်မြတ်စွာ အ သက်ပေးလှူခဲ့ရသည်။ထိုကြောင့် ကျွန်ုပ်တို့ Black wolf – pdf အဖွဲ့သားများသည် အထူးပင် ဝမ်းနည်းကြေကွဲရပါသည်” ဟု BLACK WOLF – PDF က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။
ကျဆုံးသွားသည့်ရဲဘော်ကိုလှိုင်ဝင်းသည် BLACK WOLF – PDF စတင်တည်ထောင်ကတည်းက ပံ့ပိုးကူညီခဲ့သည့် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ ကိုလှိုင်ဝင်းကျဆုံးခဲ့ရသည့်အတွက် စစ်ကောင်စီတပ်အား လက်စားချေတိုက်ခိုက်သွားမညါဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency
-

လက်ပံတောင်းတောင်က စစ်အာဏာရှင်ဆန့်ကျင်ရေး အလုပ်သမားသပိတ်
RNA_နိုဝင်ဘာ (၂၂)၊ ၂၀၂၂ ခုနှစ်။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသတွင် စစ်ကောင်စီတပ်သားများ၏ အန္တရာယ်ကြားမှ ဒေသခံတောင်သူ အလုပ်သမားများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ်ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းမှဦးဆောင်ပြီီး ဒေသခံတောင်သူများ၊ ဒေသခံပြည်သူများနှင့်အတူ နေ့စဉ် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။Red News Agency -

ညပိုင်းအရေးပေါ် စစ်ဘေးရှောင်နေရ
စကစ တပ်၏ သတ်ဖြတ်မှုကြောင့် ညပိုင်းအရေးပေါ် စစ်ဘေးရှောင်နေရ
RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှ ဒေသခံပြည်သူများကို သတ်ဖြတ် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့်အတွက် ဒေသခံပြည်သူများ ညပိုင်း စစ်ဘေးရှောင်နေကြရသည်။
” အညာဒေသက ပြည်သူတွေဟာ အကြမ်းဖက်စစ်ခွေးတွေရဲ့ ရွာတွေကိုမီးရှို့မှုတွေ လူတွေကိုဖမ်းဆီးသက်မှုတွေကြောင့် ညအချိန်ကြီး စစ်ရှောင်နေကြသောမြင်ကွင်းပါ” ဟု 96 Soldiers -PDF အညာဒေသတပ်ခွဲက ရုပ်သံနှင့်တကွ အသိပေးထားသည်။
[embedyt] https://www.youtube.com/watch?v=J6Em2qqMkNY[/embedyt]
ယခုရက်ပိုင်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ဝက်လပ်မြို့နယ်မှာ ထိုးစစ်ဆင်နေပြီး နေသခံ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာများကို ဝင်စီးကာ နေအိမ် အဆောက်အဦများကို မီးရှို့ပြီး တွေ့ရှိပြီး ဖမ်းဆီးရမိသည့် ပြည်သူများကို သတ်ဖြတ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာလအတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် နေအိမ် အဆောက် အဦ ၁၅၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ရာ စစ်ကိုင်း တိုင်းမှာ ၁၁၂၄ လုံးထက်မနည်း၊ မကွေးတိုင်းမှာ ၃၇၁ လုံးထက်မနည်း ရှိခဲ့ကြောင်း၊ စစ်တပ်အာဏာ သိမ်းပြီးနောက် အောက်တိုဘာလအထိ စစ်ကိုင်းတိုင်းတွင် စစ်ဘေးဒုက္ခသည် ၆ သိန်းကျော်ရှိကြောင်း ISP – Myanmar ၏ အချက်အလက်များအရ သိရသည်။
Red News Agency
-

ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ
စစ်ကောင်စီတပ်ကို ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်များတိုက်ခိုက်
RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကို မီးရှို့ပြီး ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ကျောင်းဖြူရွာအနီးတွင် ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်ရဲဘော်များက တိုက်ခိုက်ခဲ့ကြကြောင်း Bo Tiger အဖွဲ့က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။
[embedyt] https://www.youtube.com/watch?v=eJztWiWJ5rA[/embedyt]
Red News Agency
-

ပြည်သူ ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်
RNA_နိုဝင်ဘာ(၇)၊၂၀၂၂ခုနှစ်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် မြောက်ခြမ်းရှိ ကိုးတောင်ဘို့ တိုက်နယ်မှ အရပ်သား (၁၄) ဦးကို ဖမ်းဆီးသတ်ဖြတ် ခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ အသိပေးထားသည်။နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်က ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကိုးတောင်ဘို့အထိုင် စစ်ကောင်စီတပ် ခမရ-၃၆၃ စစ်ကြောင်းမှ စစ်ဘေးရှောင်တောတိုက်များမှ အပြစ်မဲ့ပြည်သူ(၁၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။အပြစ်မဲ့ပြည်သူ(၁၄)ဦးမှာ ခုခံနိုင်သည့် လက်နက်တစ်စုံ တစ်ရာမပါဘဲ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ နိုဝင်ဘာ (၆) ရက်နေ့ ညနေက အပြစ်မဲ့ပြည်သူ (၁၄)ဦးအား စစ်ကောင်စီတပ်သားများက PDF စွပ်စွဲပြီးရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားသည်။ဖမ်းဆီးခံသူများမှာ လျှော်ဖြူကုန်းကျေးရွာမှ ဦးစိုးဝင်း (၂၇)နှစ်၊ ဦးကျော်မြင့်ထွန်း (၃၅)နှစ်၊ မောင်စိုးစံ (၁၈)နှစ်၊ ဦးမိုးဝင်းထွန်း (၃၀)နှစ်၊ ဦးကျော်စိုး (၃၅)နှစ်၊ ဦးဇော်ဇော် (၃၇)နှစ်၊ ဦးမြင့်ဦး (၅၀)နှစ်၊ ဦးဇော်မင်းစိုး (၃၅)နှစ်၊ ဦးငချို (၃၄)နှစ်၊ ဦးအောင်စိုး(၃၃)နှစ်၊ ဦးညီညီ (၃၀)နှစ်၊မောင်ဝင်းဝင်းသူ(၁၆)နှစ်၊(8)တန်းကျောင်းသား၊ ဦးမျိုးအောင်(၂၅)နှစ်၊ ဇီးကနားကျေးရွာမှ ဦးထွန်းဦး(၃၅)နှစ်တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။Red News Agency -

“တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”
ပြည်သူ PDF NUG လက်တွဲညီညီလှုပ်ရှားနေသည့်အတွက် တော်လှန်ရေးက အောင်ကိုယ် အောင်မည်RNA_နိုဝင်ဘာ(၅)၊၂၀၂၂ ခုနှစ်။“ တော်လှန်ရေးက အောင်ကိုအောင်မှာပါ၊ ဘာလို့လည်းဆိုတော့ အခုချိန်ထိ ပြည်သူတွေနဲ့ PDF တွေ NUG တို့ဟာ အားလုံးက လက်တွဲညီညီ လှုပ်ရှားနေတာဖြစ်တဲ့အတွက် တနေ့တလံ ပုဂံဘယ်ရွေ့မလဲဗျာ၊ ဘယ်လိုပဲနေနေ အောင်မြင်မှုကတော့ ရကိုယ်ရမှာဖြစ်ပါတယ်၊ အဲဒီ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်မှုကြီးရသည့်တိုင်အောင် အားလုံး ယုံကြည်ချက်မပျက်ပဲနဲ့ လက်တွဲမှုဖြုတ်ဘဲနဲ့ ဆက်လက်ယုံကြည်ပြီးတော့ လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်”ဟု လူငယ်သူရဲကောင်းတပ် – YRF မှရဲဘော် ဖီးနစ်က ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=fUM59zMPhD4[/embedyt]စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် လူငယ်သူရဲကောင်းတပ်မှ ရဲဘော်ဖီးနစ်ကစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က တော်လှန်ရေးအခြေအနေများ၊ လက်တလောကြုံတွေ့နေရသည့်အခက်အခဲနှင့် စစ်ရေးအခြေအနေများကို ပြောပြထားသည်။Red News Agency -

ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ
“အညာဒေသဟာ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုတာ ကောလဟလမဟုတ်ဘူး တစ်ကယ်ပါ”RNA_အောက်တိုဘာ(၂၈)၊၂၀၂၂ ခုနှစ်။” လောလောဆယ် ကျွန်တော်တို့ လက်နက်ကိုင်တွေ စိုးမိုးထားတဲ့အခြေအနေက ကျေးရွာတွေအားလုံးကို အညာဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေ အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ PDF တွေစိုးမိုးထားနိုင်ပြီ၊ ကျေးရွာတွေရဲ့ နောက်တဆင့်ဖြစ်တဲ့ တိုက်နယ်တွေပေါ့နော် ကျေးရွာတွေစုပေါင်းထားတဲ့တိုက်နယ်တွေ အဲတိုက်နယ်တွေလည်း စိုးမိုးထားနိုင်ပြီ၊ တိုက်နယ်ကနေတဆင့် မြို့တွေပေါ့နော် အဲဒီမြို့တွေ အကုန်လုံးနီးပါးကို အဲဒီ မြို့တကွက်လေးပေါ့ဗျာ မြို့တကွက်လေး ကွက်ကွက်လေးတခုသာပဲ ဒီကောင်တွေက ထိုင်နိုင်တယ်၊ ကျန်တဲ့ဟာ သူတို့ မထိုင်နိုင်တော့ပါဘူး” ဟု စသဖြင့် 96 Solders – PDF တာဝန်ခံ ကိုဇေယျာလွင်က Red News Agency ကို ပြောသည်။[embedyt] https://www.youtube.com/watch?v=0KEmerY0w7A[/embedyt]အညာပြည်သူများ တော်လှန်ရေးနှင့်ပတ်သက်ပြီး စိတ်အားထက်သန်မှု အညာပြည်သူတို့၏ ရဲဝံ့မှု၊ အညာမြေ စစ်ရေးအခြေအနေမှာ PDF တွေစိုးမိုးထားမှုများ အခြေအနေများ၊ အညာမြေကို 96 Solders-PDF ဘာ့ကြောင့် ရွေးချယ်ခဲ့သလဲဆိုသည့် အကြောင်းအရာတွေကို Red News Agecny က 96 Solders – PDF တာဝန်ခံ ကိုဇေယျာလွင်ကို ဆက်သွယ်မေးမြန်းထားသည်။Red News Agency -

စစ်ကောင်စီတပ်က PDF အယောင်ဆောင် ဝင်စီးသည့်အတွက် PDF (၉) ဦးကျဆုံး
RNA_အောက်တိုဘာ၂၁၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေလှံရွာရှိ မုံရွာခရိုင်တပ်ရင်း – ၁၃ (အောင်ဆန်းမျိုးဆက်) ယာယီခေတ္တတည်းခိုရာနေရာကို ယနေ့ နံနက် ၅ နာရီဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ (၁၀၀) ဝန်းကျင်က PDF အယောင်ဆောင်ကာ ဝင်စီးသည့်အတွက် ရဲဘော် (၉) ဦး ကျဆုံးခဲ့ရသည်။
-

စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့်အမျိုးသားတဦး သေဆုံး
RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ် ရင်ပေါင်တိုင်ကျေးရွာ၊ ပုထိုးသာကျေးရွာ၊ ပျားအိုကျေးရွာအပါအဝင် ရွာ (၄) ရွာကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုများပြုလုပ်ကာ ကျေးရွာကိုစီးနင်းစဉ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနှင့် အမျိုးသား တဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
“ဒီနေ့ ဝင်အစီးခံရတဲ့ရွာတွေက ယမားချောင်းပဲခြားတာ၊ ပျားအိုက ကိုယ်ဝန်ဆောင်အမျိုးသမီး သေသွားတယ်၊ သေခတ်ဝင်တာဆိုတော့ တော်တော်ကြမ်းတယ်၊ အမျိုးသားတဦးလည်းသေတယ်၊ အရင်တခါလဲ ရင်ပေါင်တိုင်က အစီးခံရပြီးပြီ၊ သေတဲ့သူတွေ ဘယ်လိုသေသွားလည်း အတိအပျမသိရသေးဘူး၊ သေနတ်မှန်တာလား ရိုက်သတ်ခံရတာလားဆိုတာကတော့ ပြောမရသေးဘူး” ဟု Red News Agency ၏ နယ်မြေခံသတင်း ထောက်က သတင်းပေးပို့ထားသည်။
စစ်ကောင်စီတပ် လေယာဥ်ဖြင့်ပစ်ခတ်ပြီး တပ်သားများကို ချသွားကြောင်း၊ ဒေသခံရွာသူ ရွာသားများပိတ်မိနေကြကြောင်း၊ အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးနိုင်သည့်မတွက် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
Red News Agency



