စစ်ကိုင်းတိုင်း

အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့က ဘာပြောထားလဲ

အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့က ဘာပြောထားလဲ

မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့ပြောကြားထားမှု RNA_ဒီဇင်ဘာ(၂၉)၊ ၂၀၂၂ ခုနှစ်။ " အုံနဲ့ကျင်းနဲ့ တော်လှန်ရေးပွဲကြီးကို ဆင်နွှဲကြတဲ့အခါမှာ ကိုယ်ကျရာ အခန်းကဏ္ဍကနေမှ အင်တိုက်အားတိုက်နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ပြည်သူ တစ်ယောက်ချင်းစီ တယောက်ချင်းစီတိုင်းကို မေတ္တာရပ်ခံချင်ပါတယ်" လို့ မြောင် အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့က အမရာ နှင့် ဟီရာတို့က ပြည်သူများကို ပြောကြားထားသည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ်က ကျေးရွာ (၂) ရွာမှ နေအိမ်အဆောက်အဦ (၁၃၉) လုံးနှင့် စပါးများကို မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်က ကျေးရွာ (၂) ရွာမှ နေအိမ်အဆောက်အဦ (၁၃၉) လုံးနှင့် စပါးများကို မီးရှို့ဖျက်ဆီး

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် (အနောက်ခြမ်း) ရွာဟောင်းရွာနှင့် သဲကောရွာအတွင်း စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့က စစ်ကြောင်းထိုးပြီး နေအိမ်အဆောက်အဦ ( ၁၃၉) လုံးနှင့် ရိတ်သိမ်းပြီး စပါးများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။   စစ်ကောင်စီတပ်သည် ကောလင်းမြို့နယ် အနောက်ခြမ်း ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေပြီး တရွာဝင် တရွာထွက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံ ပြည်သူများ စစ်ကြောင်းနှင့်မတွေ့စေရန် အနီးအနားကျေးရွာများအတွင်း သွားရောက်ရှောင်တိမ်းနေကြရကြောင်း သိရသည်။ (more…)
Read More
မြေကွက်ရောင်းပြီး သေနတ်အစစ်ဝယ်ခဲ့သည့် တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့

မြေကွက်ရောင်းပြီး သေနတ်အစစ်ဝယ်ခဲ့သည့် တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၂ ခုနှစ်။ မြေပြင်တိုက်ပွဲဝင်နေသည့် စစ်ကိုင်းတိုင်းက တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က တပ်ဖွဲ့အတွက် မိခင်ကိုအိမ်ဆောက်ပေးမည့် မြေကွက်ရောင်းပြီး သေနတ်တလက်ဝယ်ယူခဲ့ကြောင်း သိရသည်။ မြေကွက်ရောင်းပြီး သိန်း ၂၂၀ တန် M4 သေနတ် တလက်ဝယ်ယူခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်‌မတော် တပ်ရင်း (၄)၊ ယင်းမာပင်ခရိုင် အမှတ်-၂၈ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့ အနေဖြင့် တာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။ #RedNewsAgency
Read More
ဝက်လက် GZ အဖွဲ့ဝင် ၁၀ ဦးကို ရွှေဘိုခရိုင် PDF တပ်ရင်း (၂) ကဖမ်းဆီး

ဝက်လက် GZ အဖွဲ့ဝင် ၁၀ ဦးကို ရွှေဘိုခရိုင် PDF တပ်ရင်း (၂) ကဖမ်းဆီး

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း အခြေစိုက် GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ဦးကို ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းမှ ဒီဇင်ဘာလ (၁၉) ရက်နေ့က ဖမ်းဆီးသွားကြောင်း သိရသည်။ GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ကို ဖမ်းဆီးရခြင်းနှင့်ပတ်သက်ပြီး ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းက မည်သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးသော်လည်း GZ Special Task Force-Watlet မဟာမိတ်ရဲဘော်တဦးကတော့ ဆားတောင်ကျေးရွာမှာ အခြေချနေထိုင်သည် GZ Special Task Force-Watlet…
Read More
ပျူစောထီးရွာ ဈေးရောင်သွားသူများကို ကြိမ်ဒဏ်အပြစ်ပေး

ပျူစောထီးရွာ ဈေးရောင်သွားသူများကို ကြိမ်ဒဏ်အပြစ်ပေး

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ် တပ်စွဲထားသည့် ရွှေဘိုမြို့နယ် ကော့ရွာကျေးရွာ(ပျူစောထီးရွာ) ကိုဈေးရောင်းသွားသူများကို Burma Rangers (ShweBo) အဖွဲ့က ကြိမ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။ " ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သတိပေးခြင်းကို မသိကျိုးကျင်ပြု၍ ထပ်မံဝင်ရောက်ဈေးရောင်းချနေသော ပြင်ပဈေးသည်များအား ဒုတိယအကြိမ် ကြိမ်ဒဏ်အပြစ်ပေး၍ ထပ်မံသတိပေးခြင်း။ အထက်ပါကိစ္စနှင့်စပ်လျှင်း၍ ပျူစောထီးနှင့်စစ်ခွေးများ တပ်စွဲထားသော ဟံလင်းကျေးရွာနှင့် ကော့ရွာကျေးရွာတို့အား ပြင်ပဈေးသည်များ ထပ်မံဝင်ရောက်ဈေးရောင်းချခြင်းမပြုရန် နောက်ဆုံးအကြိမ်သတိပေး ထုတ်ပြန်လိုက်ပါသည်" ဟု Burma Rangers (ShweBo) အဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီ တပ်သားများက ၁၉ နှစ်အရွယ် PDF ရဲဘော်ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်

စစ်ကောင်စီ တပ်သားများက ၁၉ နှစ်အရွယ် PDF ရဲဘော်ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်သားများက ဖမ်းဆီးရမိသည့် အသက် (၁၉) နှစ်အရွယ် PDF ရဲဘော်ကိုဝင်းနိုင်မြင့် ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်သည့် ရုပ်သံမှတ်တမ်းကို ယနေ့ CDF- KKG ကထုတ်ပြန်ထားသည်။ PDF ရဲဘော်အား ညှဉ်းပမ်းနှိပ်စက်နေသည့် ရုပ်သံမှတ်တမ်းကို စစ်ကိုင်းတိုင်း၊ ကလေးနယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာ၌ ပြီးခဲ့သည့် မေလအတွင်း တိုက်ပွဲတခုတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖုန်းတလုံးအား သိမ်းဆည်းရမိစဉ် ဖုန်းအတွင်းပါရှိလာသည့် ရုပ်သံဖိုင်ဖြစ်ကြောင်း Chinland Defense Force - Kalay Kabaw Gangaw - CDF- KKG က ထုတ်ပြန်ထားသည်။ PDF ရဲဘော်သည် အသက် (၁၉) နှစ်ဖြစ်ပြီး အမည် ဝင်းနိုင်မြင့်၊…
Read More
“အမေ့ရင်တွေ ကျိုးပါပြီ” PDF သူရဲကောင်း မိခင် 

“အမေ့ရင်တွေ ကျိုးပါပြီ” PDF သူရဲကောင်း မိခင် 

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ယင်းမာပင်ခရိုင် တပ်ရင်း၂၈ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းတပ်မတော်မှ ရဲဘော် မောင်အောင်ပိုင်စိုး (ကိုယ်ပိုင်အမှတ် -P13028 073) ၏ ဈာပနတွင် မိခင်ဖြစ်သူမှာ ရင်ကွဲမတက် ခံစားငိုကြွေးခဲ့ရသည်။ " သား အမေ့ရင်တွေ ကျိုးပါပြီ ငါ့သားရယ်" ဟု စသဖြင့် တမ်းတမ်းတတ ပြောဆို ငိုကြွေးနေခဲ့သည်။ (more…)
Read More
စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ တိုက်ခိုက်ခံရပြီး (၈) ဦး အနည်းဆုံးသေ

စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ တိုက်ခိုက်ခံရပြီး (၈) ဦး အနည်းဆုံးသေ

RNA_ဒီဇင်ဘာ(၇)၊ ၂၀၂၂ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာ (ပျူစောထီးရွာ) သားများနှင့် စစ်ကောင်စီတပ်သားများ ပူးပေါင်းထားသည့် အင်အား (၂၀၀) ခန့် ရွာထွက်တွင် ယမန်နေ့ နံနက်ပိုင်းက PRA ပါအဝင်အဝင် ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစု၏ တိုက်ခိုက်မှုကြောင့် ၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားသည်ဟု သိရသည်။   " တိုက်ပွဲက မနက်ပိုင်းကတည်းက ဖြစ်တာ ညနေပိုင်းထွက်လာအုံးမလားလို့ စောင့်တိုက်တာ သူတို့ထပ်ထွက်မလာတော့ဘူး။ လက်ရှိ နယ်မြေအတွင်း အနေအထားက ခွေးတွေထွက်အလာကို စောင့်တိုက်ဖို့ ပြင်ဆင်နေကြပါတယ်" ဟု People Revolution Army အဖွဲ့ခေါင်းဆောင် ဗိုလ်ဂျပန်က Red News Agency ကို ပြောသည်။…
Read More
လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံ

လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံ

ဝက်လက် လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံး RNA_နိုဝင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၂၈ ရက်နေ့က နံနက် (၉) နာရီဝန်းကျင်က လှတော့ဘက် တက်လာသည့် စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အနည်းဆုံး (၄) ဦးသေဆုံးကြောင်း ထုတ်ပြန်ထားသည်။ “ ခွေး၅ကောင်အကျအဆုံးရှိသည် ခွေး၄ကောင်မှာ လမ်းမပေါ်တွင် တုံးလုံးပက်လက် ပြန့်ကျဲနေပီး ခွေး၁ကောင်မှာ မချိမဆန့်ဖစ်နေသည်ကို နာရေးကူညီရေးအသင်းကားဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိရသည်။ကျွန်တော်တို့မဟာမိတ်အဖွဲ့များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့” ဟု ဝက်လက်မြို့နယ်အခြေစိုက် ကြောင်လက်သည်း တပ်ဖွဲ့က တိုက်ပွဲရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ လှတောရွာအထွက်…
Read More
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း PDF ရဲဘော် (၁၀) ဦး ကျဆုံး

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း PDF ရဲဘော် (၁၀) ဦး ကျဆုံး

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၂ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး ဝင်ရောက်စီးနင်းစဉ်အတွင်း ဒေသခံ PDF (၁၀) ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။   စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အသေအဆုံးများသည့်အတွက် လေကြောင်းပစ်ခတ်မှုပြုလုပ်ချိန်တွင် PDF (၂) ဦးကျပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ကံသာရွာမှ ဒေသကာကွယ်ရေး ရဲဘော်နှစ်ဦးမှာလည်း ပိတ်မိပြီး ပစ်ခတ်သတ်ဖြတ်ခံရကြောင်း၊ ဖမ်းဆီး နှိပ်စက်ခံရပြီး ကျဆုံးခဲ့ရသည့် ၆ ဦးမှာ Hero Army Khin-U အဖွဲ့ကဖြစ်ကြောင်း သိရသည်။ (more…)
Read More