စစ်ကောင်စီတပ် ကျေးရွာအတွင်း ပေါင် ၅၀၀ မီးလောင် ဗုံးကြဲချ၊ ပြည်သူ (၇) ဦးသေ

RNA_ဇန်နဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၃) စင်းဖြင့် ပစ်ခတ်ရာတွင် ပေါင် (၅၀၀) မီးလောင်ဗုံးကြဲချသဖြင့် ကျေးရွာမီးလောင်ကာ ပြည်သူ(၇) ဦး နေရာတွင် မီးလောင်သေဆုံးခဲ့သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမှလာသည့် ဂျက်ဖိုက်တာ (၅) စင်းဖြင့် ဇန်နဝါရီလ(၁၈) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်က ပေါင် ၅၀၀ မီးလောင်ဗုံးများ ကြဲချဟည့်အတွက် (၇) ဦးသေဆုံးရပြီး ဒဏ်ရာရရှိသူ များပြားကြောင်း Nothern ABSDFက ထုတ်ပြန်ထားသည်။

“မိုးတားလေးရွာထဲသို့ ပေါင် ၅၀၀ မီးလောင်ဗုံးကြဲချပြီး အပြစ်မယ့်ပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ပြီး သတ်ဖြတ်ခဲ့ရာ ရွာအနောက်ပိုင်းအလှုအိမ်တွင် ကျေးရွာသား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများပြားနေပါတယ်။ ရွာဦးတွင်လည်း ဗုံးကြဲသွားသဖြင့် ထိခိုက်သေဆုံးမှုများ ရှိနိုင်ပါသေးသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ပြည်သူများကို ရန်သူအဖြစ်သတ်မှတ်ချေမှုန်းနေသဖြင့် ပြည်သူများ ဂရုစိုက်သွားလာနေထိုင်ကြရန် လိုအပ်ကြောင်း၊ ဇန်နဝါရီလ ၁၈ ရက်‌တေ့ နံနက်ပိုင်းက မိုးတားလေးကျေးရွာအထက် ဖက် ဆိပ်သာ ဘုရားအနီးတွင် စစ်ကောင်စီတပ်နှင့် ABSDF ဦးဆောင်သော PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
By Editor