ပုလဲမြို့က ထွက်လာသည့် စစ်ကြောင်းနှင့် ဒေသခံပူးပေါင်းတပ်များ ယနေ့ တိုက်ပွဲဖြစ်

RNA_စက်တင်ဘာ(၁၂)၊ ၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှ ထွက်လာသည့် အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်း ပြီးခဲ့သည့်ညက နွယ်ရှောက်ကျေးရွာတွင်် ညအိပ်ပြီးနောက် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က ကျောင်းသားတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယင်မာပင်ခရိုင် တပ်ရင်းများ ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ABSDF Column – 3 က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်စစ်ကြောင်းကို ကျောင်းသားတပ်မတော်(ချင်းတွင်းဒေသတပ်ရင်း)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF)၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)၊ တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၁)၊တပ်ရင်း (၁၂)၊ တပ်ရင်း (၁၉)၊ တပ်ရင်း(၃၈)၊ ရဲခေါင်ပြောက်ကျား၊ ကိုယ်ပျောက်ဆင်ကြီး၊ မုဆိုးလေးအဖွဲ့၊ သခင်ကြီးဒေါင်းညိုအဖွဲ့၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့် Burma Democratic Libration Front ( B.L . D.F) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor