ကျောင်းသား

ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား တိုက်ပွဲဝင်ရင်း ကျဆုံး 

ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား တိုက်ပွဲဝင်ရင်း ကျဆုံး 

RNA_စက်တင်ဘာ (၇) ရက်၊၂၀၂၃ ခုနှစ်။ ကျောင်းသားလက်ရုံးတပ်တော်မှ တပ်စုမှူး ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ် ( Nautical Science Major) ကျောင်းသား ရဲဘော် သောမတ်စ် ယမန်နေ့ တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး၌ တိုက်ပွဲဝင်ရင်း ရဲဘော်သောမတ်စ် ရန်သူလက်တွင်းသို့ ကျရောက် ဖမ်းဆီးခံခဲ့ရသော်လည်း နောက်ဆုံးအချိန်ထိ ရန်သူအား ခုခံကာကွယ်ရင်း တော်လှန်ရေးအတွက် ရဲဝံ့စွာ အသက်ပေးလှူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျောင်းသားလက်ရုံးတပ်တော်မှ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို မမှိတ်မသုန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ရဲဘော်သောမတ်စ် ကျဆုံးမှုအား လေးမြတ်စွာ ဦးညွှတ်အလေးပြုအပ်ပါသည်ဟု ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦး သေဒဏ်ချမှတ်ခံရ

ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦး သေဒဏ်ချမှတ်ခံရ

RNA_ဒီဇင်ဘာ(၁)၊၂၀၂၂ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက် ခံ အင်းစိန်ထောင်တွင်းရှိ စစ်ခုံရုံးက ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးကို ယမန်နေ့ ( နိုဝင် ဘာ ၃၀ ရက်) က သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဒုဗိုလ်မှူးကြီး စောမိုးဝင်းကို သတ်သည်ဟု စွပ်စွဲကာ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုဟိန်းထက်၊ ကိုသီဟထက်ဇော်၊ ကိုသူရမောင်မောင်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင်တို့ကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၃၀၂ (က) ဖြင့် မတရားအမိန့် သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ (more…)
Read More
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ကျောင်းသားလူငယ် ၁ ဦးကျဆုံး

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ကျောင်းသားလူငယ် ၁ ဦးကျဆုံး

RNA_ဖေဖော်ဝါရီ ၆ ရက်၊၂၀၂၂ ခုနှစ်။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အင်းယားကန် ဘောင်တွင် ယနေ့ မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြကျောင်းသားလူငယ် ၁ ဦးကျဆုံးသွားကြောင်း သိရသည်။ ကျဆုံးသွားသည့်ကျောင်းသားလူငယ်မှာ Yangon International Schools Students' Union (YISUU) ကအလုပ် အမှုဆောင် ရဲဘော်တစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မြကန်သာလမ်း ပြည်လမ်း လူကူးကုန်းကျော်တံတားပေါ်တွင် လူငယ်လေးဦးက စစ်အာဏာရှင် ဆန့်ကျင်ရေး ဗီနိုင်းတက်ရောက် ချိတ်ဆွဲစဥ် စစ်တပ်နှင့်ရဲက လိုက်လံဖမ်းဆီး ပစ်ခတ်သဖြင့် ဆန္ဒပြလူငယ် ၁ ဦးကို ကျည်မှန်ပြီး ကျဆုံးသွားခဲ့ပြီး ကျန် ၃ ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။ Red…
Read More
ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား ကိုအောင်ဘုန်းကျော် စစ်ကြောရေးတွင် ကျဆုံ

ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား ကိုအောင်ဘုန်းကျော် စစ်ကြောရေးတွင် ကျဆုံ

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ရန်ကုန်တက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ပညာရပ်သင် ကျောင်းသား ကိုအောင်ဘုန်းကျော်သည် တာမွေမြို့နယ်၌ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် ယနေ့ ( ဒီဇင်ဘာလ ၂၇ ရက်) ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
“တစ်ခုသော HAPPY BIRTHDAY လှုပ်ရှားမှု”

“တစ်ခုသော HAPPY BIRTHDAY လှုပ်ရှားမှု”

“တစ်ချိန်က မိုးထဲရေထဲကာလမှာ ကျောင်းသားတစ်စုရဲ့ မွေးနေ့အထိမ်းအမှတ်လေးတစ်ခုကို ပြန်သတိရလာမိလို့ ရေးလိုက်တာပါ။ ဘာအခွင့်အရေးမှမျှော်ကိုးပြီး ကြွားဝါတာမဟုတ်ပေမယ့် အဲဒီအချိန်ကာလက ဒါလုပ်လို့ ဖမ်းမိရင် စစ်ကြောရေးမှာ မသေရုံတမည် နှိပ်စက်ခံရမယ်ဆိုတာ သိသလို၊ ရာသက်ပန်ကျောင်းနားရမှာ၊ နှစ်ရှည်ထောင်ကျမှာတွေကို သိသိရက်နဲ့ လုပ်ခဲ့ကြတယ်ဆိုတာ အခုပြန်ပြောလို့ရပြီဖြစ်တဲ့ကာလမှာ မှတ်တမ်းတင်ချင်ရုံလေးပါပဲ။ကျွန်တော်တို့ ချစ်ခဲ့ကြတယ်။ချစ်နေဆဲပဲ။ဆက်၍လဲ ချစ်သွားချင်ပါသေးတယ်” မင်းသွေးသစ် မြန်မာပြည်မှာ စစ်အစိုးရ ဖိနှိပ်မှုကြီးနေတဲ့ ကာလတုန်းက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ မေဂျာမတူ၊ အသက်အရွယ်မတူကြပေမယ့် ယုံကြည်ချက်တူကြတဲ့ လူငယ်တစ်စု စုစည်းမိကြတယ်။အသိအမှတ်ပြုသူမရှိ၊ အလံလွှဲသူမရှိ ကိုယ့်ကိုကိုယ်ဗကသလို့ ခံယူပြီး အမှန်တရားနဲ့တိုင်းပြည်အတွက် နိုင်ရာတာဝန်ထမ်းခဲ့စဉ်ကပေါ့။ “ငါတို့ အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အထိမ်းအမှတ်လေးတစ်ခု လုပ်ပေးကြရအောင်ကွာ။ဘာပဲဖြစ်ဖြစ် ဒီသတင်းကို အကျယ်ချုပ်နေတဲ့ သူကြားရင် ကျောင်းသားလူငယ်တွေထဲမှာလဲ သူ့ကိုမမေ့သေးကြောင်း၊ ထောက်ခံကြောင်း…
Read More
ပြည်သူများကို မတရားဖမ်းဆီးနေမှုအား ဆန္ဒထုတ်ဖော်

ပြည်သူများကို မတရားဖမ်းဆီးနေမှုအား ဆန္ဒထုတ်ဖော်

ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ရေးနှင့် စစ်တပိုင်းအစိုးရ၏ ကျောင်းသားနှင့် ပြည်သူများကို မတရားဖမ်းဆီးနေမှုအား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ မှဦးဆောင်ပြီး ဇူလိုင် ၆ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအနီးတဝိုက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Red News Agency
Read More