Tag: စစ်ကိုင်းတိုင်း

  • မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

    မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

    RNA_မေ(၁၉)၊၂၀၂၃ ခုနှစ်။

    စစ်အာဏာရှင်စနစ် ကျန့်ကျင်ရေး မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တရားရုံးက ယနေ့ ထောင်ဒဏ် အနှစ် (၂၀) ထပ်မံချမှတ်လိုက်သည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၅၂) နှစ်ထိ ချမှတ်ခံထားကြောင်း သိရသည်။

    ကိုဝေမိုးနိုင်ကို ယနေ့ (မေလ ၁၉ ရက်)တွင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ကြောင်း၊ မတရားဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် ၅ မှုဖြင့် ထောင်ဒဏ် (၁၀) နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ ဖြင့် (၂) နှစ်၊ ပုဒ်မ ၃၉၅၊ ၃၉၇ တို့ဖြင့် ထောင်ဒဏ် အနှစ် (၂၀) မတရား ချမှတ်ထားရသည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၅၂) နှစ်ရှိဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံမှ သိရသည်။

    (more…)

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် NUG က အမေရိကန် ဒေါ်လာ (၁) သန်းသုံးမည်

    ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် NUG က အမေရိကန် ဒေါ်လာ (၁) သန်းသုံးမည်

    RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။
     
    မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၁) သန်း အသုံးပြုမည်ဟု ယနေ့နံနက် ၈ နာရီက ပြုလုပ်သည့် NUG လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဒုတိယအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
     
    “ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ် တုံ့ပြန်ရေးအတွက်မတည်ထားသော ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၁) သန်းကို ပိုမိုထိရောက်စွာခွဲဝေသုံးစွဲနိုင်ရန်အတွက် မြေပြင်အခြေအနေများကို သိရှိနိုင်ရေး အရေးပေါ်အစည်းအဝေးများ ခေါ်ယူဆောင်ရွက်ရန် စသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါသည်” ယနေ့ NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • တိုက်ကတောကျေးရွာကို ရွှေဘိုအခြေစိုက် စစ်ကောင်စီတပ် စစ်ကြောင်းမှ မီးရှို့သွား

    တိုက်ကတောကျေးရွာကို ရွှေဘိုအခြေစိုက် စစ်ကောင်စီတပ် စစ်ကြောင်းမှ မီးရှို့သွား

    RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ကျေးရွာအုပ်စု၊ တိုက်ကတောကျေးရွာမှ နေအိမ် (၅) လုံးကို ရွှေဘိုမြို့အခြေစိုက် လေ့ကျင့်ရေးတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး မေလ (၁၂) ရက်နေ့ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=yUafKbm3sN4[/embedyt]

    “စစ်ကြောင်းကတော့ ထွက်သွားပြီး ဆက်သွားတာပေါ့လေ တိုက်ကတောရွာက နေအိမ် ၅ လုံးနဲ့ ဆိုင်ကယ် ၂ စီးကို မီးရှို့သွားတယ်၊ အခြားရွာတွေလည်း ပတ်ဝင်သွားတယ်၊ စစ်ကြောင်းလာတော့ တရွာလုံးထွက်ပြေးနေကြရတာပေါ့ အခုမနက်မှ ရွာကိုပြန်သွားကြည့်ရတာ ဒေသခံတွေက ပြေးနေကြရတုန်း“ ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် နယ်စည်းမခြား ရွှေဘိုသား -LPDF အဖွဲ့ဝင်တဦးက ပြောသည်။

    (more…)

  • နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

    နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

    RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင် (၂) ဦး ခင်ဦး-‌ရေဦး ကားလမ်းပေါ်သို့ ယနေ့ နေ့လည် (၁၂) နာရီ ၄၀ မိနစ် ဝန်းကျင်က နယ်ကျွံလာစဉ် ပ.က.ဖနှင့် ပူးပေါင်းတပ်ဖွဲ့ဆို့ ထိတွေ့ ပစ်ခတ်စဉ် စစ်ကောင်စီလက်အောက်ခံ (၂) ဦး သေဆုံးသွားခဲ့သည်။

    ခင်ဦး-ရေဦး ကားလမ်းပေါ်သို့ ရောက်ရှိလာသည့် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် (၂) ဦးနှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် နယ်မြေခံကာကွယ်ရေးအဖွဲ့ (LDF) များနှင့် ထိတွေ့တိုက်ပွဲ (၃) မိနစ်ခန့်သာကြာပြီး သေဆုံးသွားခဲ့ပြီး၊ ကိုင်ဆောင်ခဲ့သော MA 1- ၁လက်၊ AK 47-၁လက်၊ 5.56 ကျည် – ၁၅ တောင့်၊ ကျည်ဘောက် (၃) ခု စသည့် ပစ္စည်းများ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိမ်းဆည်းနိုင်ခဲ့ကြောင်း ခင်ဦး ပ.က.ဖ ကထုတ်ပြန်ထားသည်။

    #RedNewsAgency

  • စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ

    စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ

    ကျောက်ရစ်ရဲစခန်းသွားသော စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ
     
    RNA_မေ(၇)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေတစ်ချောင်းရွာမှ ကျောက်ရစ်ရဲစခန်းသို့ တက်သွားသော စစ်ကောင်စီတပ်စစ်ကြောင်းကို မေလ (၆) ရက်နေ့ ညနေ (၄) ရီဝန်းကျင်က Myingyan Black Tiger(MBT) နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု (၁) နာရီဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=RcdTIdklnrI[/embedyt]
     
    “မိမိတို့ MBT အဖွဲ့က ခွေးစစ်ကြောင်း ချီလာရာ အနီးဆုံး သနပ်ကုန်းတံတားဆီအထိ ကပ်ပြီး အနီးကပ် စပစ်ခဲ့ရာ မဟာမိတ်အဖွဲ့များမှ 60mm များ လက်နက်ငယ်များဖြင့် ကာပစ်ပစ်ပေးခဲ့သဖြင့် ခွေးစစ်ကြောင်းအထိနာသွားသည်” ဟု Myingyan Black Tiger(MBT) က ထုတ်ပြန်ထားသည်။

    (more…)

  • “ပြာကျချင်ကျ ပြန်ချမှရမယ်” ကမ္ဘာ့အလုပ်သမားနေ့မှာ တောင်သူလယ်သမားများ ဆန္ဒပြ

    “ပြာကျချင်ကျ ပြန်ချမှရမယ်” ကမ္ဘာ့အလုပ်သမားနေ့မှာ တောင်သူလယ်သမားများ ဆန္ဒပြ

    NA_မေ(၁)၊၂၀၂၃ ခုနှစ်။

    “ကျွန်တော်တို့ ပြာကျချင်ကျ ပြန်ချမှရမယ်နော်” ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသည့်ကြားမှ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတရွာမှ ဒေသခံ အလုပ်သမား လယ်သမားတို့သည် ယနေ့ (မေလ ၁ ရက်) ကမ္ဘာ့အလုပ်သမားနေ့တွင် ရွာအနီးဝန်းကျင်လှည့်ပတ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။

    “လုပ်သားထုရဲ့ သွေးစည်းသံတချီတည်းရုန်းပြီးအောက်ပွဲခံ”၊ အလုပ်သမားထု လယ်သမားထု သွေးစည်းကြ” ၅/ ဆလက ရဲ့ တံစဉ်များ ဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဖြင့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=eYAQulNhJmo[/embedyt]

    #RedNewsAgency

  • ဒေသခံ PDF ရဲဘော်များ ဟုမ္မလင်း-ဖောင်းပြင် နယ်စပ် ကျေးရွာများကို နယ်မြေရှင်းလင်းရေးပြုလုပ်

    ဒေသခံ PDF ရဲဘော်များ ဟုမ္မလင်း-ဖောင်းပြင် နယ်စပ် ကျေးရွာများကို နယ်မြေရှင်းလင်းရေးပြုလုပ်

    RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း -ဖောင်းပြင် နယ်စပ်၊ သဖန်းဆိပ်၊ နောင်ဆွတ်ခါး၊ ကရွတ်သာ၊ နတ်ပမောင်း၊ နတ်စက် စသည့် ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများအား ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းမှ ဧပြီလ (၂၈) ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု၊ ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဖောင်းပြင် ပ.က.ဖ အင်အားစုများပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြောင်း ဟုမ္မလင်း -ပြည်သူ့ကာကွယ်ရေးတပ်မှ ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ပဇီကြီးကျေးရွာ ဗုံးကြဲမှုနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်နှင့်အပေါင်းအပါများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

    ပဇီကြီးကျေးရွာ ဗုံးကြဲမှုနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်နှင့်အပေါင်းအပါများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

    RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေယာဉ်ဖြင့် ဗုံးကြဲ ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် ပြည်သူများ သေဆုံးခဲ့ရသည့် ကိစ္စနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်အပါအဝင် တရားခံများကို NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့မှ ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားပြီးတရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
     
    ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် တရားခံ (၆) ဦးတို့အား မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၂/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ဖြင့် အမှုဖွင့်ထားကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး

    ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး

    ဆရာဝန်၊ဆရာမတို့ကို​ လေယာဉ်ဖြင့်ဖမ်းဆီး၊ ပြည်သူ (၁၄)ဦးကို မြေပြင်စစ်ကြောင်းကဖမ်းဆီး
     
    RNA_ဧပြီ(၂၀)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းကန်ကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်သုံးစီးဖြင့် ပစ်ခတ်ခတ်ဝင်ရောက်စီးနင်းပြီး ဆရာဝန်တဦးနှင့် ဆရာမတဦးကို လေယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒေသခံပြည်သူ (၁၄) ဦးကို မြေမြင်စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း Myaing Villages Revolution Front ထံမှ သိရသည်။
    [embedyt] https://www.youtube.com/watch?v=NVRkhdO-6Ys[/embedyt]
     
    မကျည်းကန်ကျေးရွာကို ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းမှပစ်ခတ်ဝင်စီးပြီး အသက် (၁၅) နှစ်အရွယ် မောင်ဖြိုးထက်မောင်ကို သတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် တပ်စွဲအထိုင်ချနေစဉ် မန်ကျည်းကန်ဆေးရုံအတွင်းရှိ ဆေးခန်းအဆောင်တစ်ခု၊ နေအိမ် ၃လုံး၊ ဆိုင်ကယ်အစီး၅၀ ခန့်တို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပိတ်မိသည့်အတွက် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ ၁၀၀ ခန့်၏ ဖုန်းများကို ယူဆောင်သွားကြောင်း၊ ဧပြီလ ၁၉ ရက်နေ့တွင် ဆရာဝန်ပါအဝင် (၁၆) ဦးကိုဖမ်းဆီးကာ ထွက်ခွါသွားကြောင်း သိရသည်။
     
    #RedNewsAgency

  • စစ်ကောင်စီလက်အောက်ခံစခန်းအား တာဝေးပစ်လက်နက်များဖြင့် ပစ်ခတ်

    စစ်ကောင်စီလက်အောက်ခံစခန်းအား တာဝေးပစ်လက်နက်များဖြင့် ပစ်ခတ်

    RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ် လက်လောက်ခံ စခန်းတခုအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလ (၁၈) ရက်နေ့ ညနေ (၆) နာရီ (၄၁) မိနစ်ခန့်က ၈၀ မမ ဖြင့် (၃) ကြိမ်၊ ၆၀ မမ ဖြင့် (၄) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu မှ ထုတ်ပြန်ထားသည်။

    မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စခန်းတခုကို People’s Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF-MMU၊ People’s Knight Defence Force Myinmu(PKDF MMU)၊ Zarmini Revolution Force Myinmu/Myaung၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ.က.ဖ၊ TAUNGTHA People DefenseForce(TTAPDF)၊ (D.B.B.F-MMU)စသည့် မဟာမိတ်တပ်ဖွဲ့များမှ ပူပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=CldIyycGHdc[/embedyt]

    (more…)