ကရင်ပြည်နယ်

ကော့ကရိတ် တိုက်ပွဲတွင် Justice Soldier -PDF မှ ရဲဘော် ဘယ်ကျော် ကျဆုံးခဲ့ရ

ကော့ကရိတ် တိုက်ပွဲတွင် Justice Soldier -PDF မှ ရဲဘော် ဘယ်ကျော် ကျဆုံးခဲ့ရ

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး တိုက်ပွဲတွင် ကျားဖြူတပ်ရင်းရုံးကာကွယ်ရေးတပ်ခွဲ၊ ကျားဖြူတပ်ခွဲ ၅ (Justice soldier -PDF) ရဲဘော် ဘယ်ကျော် ဧပြီလ (၆) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။   ကော့ကရိတ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံများကို Justice Soldier -PDF နှင့် Southern Eagle PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ (၄၀) ကျော်သေဆုံးခဲ့သည့်ကို Drone ဖြင့် ကြည့်ခဲ့သည့်အတွက်…
Read More
ရွှေကုက္ကိုဝန်းကျင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၈၅) ဦးသေဆုံးဟု ထုတ်ပြန်

ရွှေကုက္ကိုဝန်းကျင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၈၅) ဦးသေဆုံးဟု ထုတ်ပြန်

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကို ဒေသတွင် စစ်ကောင်စီတပ်လက်အောက်ခံ BGF ကထိန်းချုပ်ထားရာ ဧပြီလ ၅ ရက်နေ့မှစတင်ကာ ပူးပေါင်းမဟာမိတ်အဖွဲ့များ တိုက်ခိုက်နေရာ စခန်းကုန်း (၅) ခုသိမ်းနိုင်ထားပြီး စစ်ကောင်စီလက်အောက်ခံ (၈၅) ဦးသေဆုံးကာ (၆၀) ကျော်ဒဏ်ရာရရှိထားကြောင်း Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်း မှ ယမန်နေ့က ထုတ်ပြန်ထားသည်။   စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်ထားသော ရွှေကုက္ကိုလ် ဒေသ ၊ ထီးဝါးပလော၊ ထီးကော်ထောကျေးရွာများအတွင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် BGF များကို ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion ဗျုဟာစစ်ကြောင်းနှင့်တော်လှန်းရေးပူးပေါင်တပ်များမှဗျုဟာမြောက်ဝင်ရောက်စီးနင်းတိုက်ခိုက်ကြကြောင်း၊ စစ်ကောင်စီတပ်နှင့် BGF…
Read More
မြဝတီ ကုန်သွယ်ရေးဇုန်နှင့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၁) ဦးသေ၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံရ

မြဝတီ ကုန်သွယ်ရေးဇုန်နှင့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၁) ဦးသေ၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံရ

RNA_မတ်(၃၀)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်သည့်နေ့တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား မတ်လ (၂၅) ရက်နေ့က ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings စသည့်ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (more…)
Read More
မယ်ခါးထာစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၆) ဦးသေ (၇) ဦးဒဏ်ရာရ

မယ်ခါးထာစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၆) ဦးသေ (၇) ဦးဒဏ်ရာရ

RNA_မတ်(၃၀)၊၂၀၂၃ခုနှစ်။   မာနယ်ပေလောကျဆုံးပြီးချိန်မှစ၍ စစ်ကောင်စီတပ်အထိုင်ချနေသည့် သံလွင်မြစ်ကမ်းနားရှိ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းအား KNLA နှင့် မဟာမိတ်များက ပြန်လည်သိမ်းယူသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၆) ဦးသေဆုံးပြီး (၇) ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU မူတြော် သတင်းစဉ်က ယနေ့ထုတ်ပြန်ထားသည်။   စစ်ကောင်စီတပ် အထိုင်ချနေထိုင်သည့် မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းစခန်းသိမ်းကို (၄၅) မိနစ်ကြာတိုက်ပွဲအပြီး မတ်လ (၂၈) ရက်နေ့ နံနက် (၅) နာရီတွင် ပြန်လည်သိမ်းပိုက်ခဲ့နိုင်ကြောင်း၊ ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သား(၇) ဦးထဲမှ (၅) ဦးသည်ထိုင်းဖက်ခြမ်းသို့ ကူးခတ်လွတ်မြောက်သွားသည့်အတွက် ထိုင်းတော်ဝင်တပ်မတော်မှနီးစပ်ရာရှိထိုင်းပြည်သူ့ဆေးရုံမှဆေးကုသမှုပေးလျှက်ရှိကြောင်း၊ တိုက်ပွဲအတွင်း KNLA နှင့် FFD ပူးပေါင်းတပ်ဖက်မှ ရဲဘော်တဦးကျဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂ )စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ​တော်ဝင်ဒေါင်းစစ်ကြောင်းမှရဲဘော်များ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။ စစ်မြေပြင်၌ အထောက်ကူဖြစ်စေရန် တိုက်ပွဲဖော်ဆောင်သည့် ထိတွေ့တိုက်ပွဲငယ်များအတိုင်း လက်တွေ့ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရှေ့တန်းမထွက်မီ နောက်တန်းတွင် ကျန်ခဲ့သည့် ရဲဘော်များအနေဖြင့် လေ့ကျင့်သားပိုမိုပြည့်ဝစေရန် တိုက်ပွဲပုံစံများဖော်ဆောင်၍ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ကျင့်ခဲခြင်းဖြစ်သည်ဟု Royal Peacock Column က ဓာတ်ပုံများနှင့်တကွ အသိပေးထားသည်။ (more…)
Read More
မြဝတီကုန်သွယ်ရေးဇုန် ဝင်ရောက်ခဲ့သည့် စစ်ရေးမှတ်တမ်း 

မြဝတီကုန်သွယ်ရေးဇုန် ဝင်ရောက်ခဲ့သည့် စစ်ရေးမှတ်တမ်း 

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့အဝင် ကုန်သွယ်ရေးဇုန်ကို မတ်လ ၂၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်း ရုပ်သံကို ယနေ့ ကော်ဘရာစစ်ကြောင်းမှ Cobra Ko Shine က ပြည်သူများကို အသိပေးထားသည်။ “မြဝတီကုန်သွယ်ရေးဇုံကို ကျွန်တော်တို့ ဝင်ရောက်ခဲ့ပုံ မှတ်တမ်း၊ ဇော်မဲလုံးပြောသလို ကျွန်တော်တို့ မိုက်မိုက်ကန်းကန်းပါပဲ လူ ၂၀ ကျော်လေးနဲ့ ဝင်ပစ်တာ” ဟု ပြောကြားထားသည်။ (more…)
Read More
ရဲစခန်းစီးနင်းသည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ဒိုကြီး ဈာပန

ရဲစခန်းစီးနင်းသည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ဒိုကြီး ဈာပန

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ နယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် နဂါးနီစစ်ကြောင်းမှ ရဲဘော် စိုးမိုးကျော်(ခ) ဒိုကြီး ဈာပနကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း Red Dragon Column - နဂါးနီစစ်ကြောင်း မှ ထုတ်ပြန်ထားသည်။ ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံရဲစခန်းကို နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့မှ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၁) ဦးခန့်ကျဆုံးပြီး နဂါးနီစစ်ကြောင်းမှ ရဲဘော် ဒိုကြီီးကျဆုံးခဲ့ရခြင်းဖြစ်သည်။ Red News Agency
Read More
ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့ နံနက် (၆) နာရီမှ (၈) နာရီထိ (၂) ရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော်(၁) ဦး ကျဆုံးခဲ့သည်။ " တိုက်ပွဲအတွင်း ရဲစခန်းနှင့် စစ်ကောင်စီတပ်များဘက်မှရန်သူ့အင်အား (၁၁)ဦး ကျဆုံးကြောင်းသိရှိရပြီး မိမိတို့ဘက်မှ ရဲဘော်တစ်ဦး နိုင်ငံ့အတွက် အသက်ပေးလှူသွားခဲ့ကြောင်း စစ်မြေပြင်သတင်းအတည်ပြုချက်အရ သိရှိရပါသည်" ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
ယနေ့နံနက် စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ယနေ့နံနက် စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက် (၆) နာရီဝန်းကျင်က KNUတပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ "မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့ပါသည်" ဟု BPLA ကထုတ်ပြန်ထားသည်။ (more…)
Read More
KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး -KNU၊ တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို စစ်ကောင်စီတပ် သိမ်းပိုက်ထားရာမှ KNDO အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ "စီးနင်းခံရသည့်စခန်းကို ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO) လုံခြုံရေးတပ်ရင်း(၈)တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက် မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီခန့်တွင် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူနိုင်ခဲ့သည်" ဟု ယနေ့ Federal Wings က ထုတ်ပြန်ထားသည်။ (more…)
Read More