စစ်သုံ့ပန်း

စစ်သုံ့ပန်းများ ဖမ်းဆီးထားသည့် ရဲစခန်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

စစ်သုံ့ပန်းများ ဖမ်းဆီးထားသည့် ရဲစခန်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၃ ခုနှစ်။ နောင်ချိုုမြို့နယ် ဒိုပင်ရဲစခန်းတွင် စစ်သုံ့ပန်းများကို PSLF/TNLA+ MDY တို့က ထိန်းသိမ်းထားစဉ် စစ်ကောင်စီက နိုဝင်ဘာ ၁၉ ရက်နေ့ည ၉ နာရီဝန်းကျင်က ပေါင် ၅၀၀ ဗုံကြဲခဲ့သည့်အတွက် စစ်သုံ့ပန်း ၄ ဦးသေပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။   ဒိုအင်ရဲစခန်းကို PSLF/TNLA+ MDY ပူးပေါင်းတပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီ ဒလန်များနှင့် စစ်သုံးပန့်များကို ထိန်းသိမ်းထားကြောင်း၊ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ပေါင်(၅၀၀)ဗုံးသည် ဒိုပင်ရဲစခန်းအပေါ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ Red News Agency
Read More
စစ်ကောင်စီတပ် သုံ့ပန်းများကို ခြောက်ပေါက် ( ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းထား

စစ်ကောင်စီတပ် သုံ့ပန်းများကို ခြောက်ပေါက် ( ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းထား

RNA_စက်တင်ဘာ ၁၂၊၂၀၂၂ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီ - ဝေါ်လေ ကားလမ်းမအတိုင်း ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးကို ခြောက်ပေါက် (ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးနှင့်အတူ လက်နက်ခဲယမ်းများနှင့်အတူ စက်တင်ဘာလ (၉) ရက်နေ့က လူခို့ အနီးတွင် ကရင့် အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် တပ်ရင်း…
Read More
တိုက်ပွဲမှာ ဖမ်းမိသည့် စစ်သုံ့ပန်းများကို KNU ကောင်းမွန်စွာ ထိန်းသိမ်းထား

တိုက်ပွဲမှာ ဖမ်းမိသည့် စစ်သုံ့ပန်းများကို KNU ကောင်းမွန်စွာ ထိန်းသိမ်းထား

RNA_ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲ့ထော်သလေးတိုက်ပွဲမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း ၈ ဦးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ယနေ့ထုတ်ပြန်ထားသည်။ မဲ့ထော်သလေး တိုက်ပွဲမှာ အရှင်ဖမ်းမိထားသည့် စစ်ကောင်စီတပ်က ၈ ဦးကို ကောင်းမွန်စွာထားပြီး၊ ပြီးခဲ့သည့်နေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၁၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း၊ ဒီဇင်ဘာ ၁၅ ရက်နေ့ လေးကေ့ကော်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်တွေ အထိနာခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူအများအပြား စစ်ဘေးရှောင်နေကြရကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများရှိကြောင်း သိရသည်။ ဓာတ်ပုံ -…
Read More