RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၄ခုနှစ်။
ရက္ခိုင်ပြည်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ရှုံးထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၉၀) ခန့်ရှိ စစ်ကြောင်း (၂) ကြောင်းအား အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝ စစ်ဆေးရေးဂိတ်အနောက်ဘက် မီတာ ၁၅၀၀ ခန့်တွင် ပိတ်ဆို့တိုက်ခိုက်ခံရပြီး (၁၇) ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။
စစ်ရှုံးထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများကို ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ရဲဘော်များက ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ (၃) ရက်အတွင်း အလင်းဝင်လာသူများနှင့် ဖမ်းဆီးရမိသူများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ (၃) ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ (၁၇) ဦးဖမ်းဆီးရမိကြောင်း၊ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်မြေရှင်းလင်းရှာဖွေနေသည်ဟု ချင်းကာကွယ်ရေးတပ် – အရှို ကယနေ့ ထုတ်ပြန်ထားသည်။
#RedNewsAgency #REDNEWS #RNA