Tag: အရှိုချင်းကာကွယ်ရေးတပ်

  • နတ်လေရန် လေကြောင်းရန်ကာကွယ်ရေးတပ်၏ ကာကင်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

    နတ်လေရန် လေကြောင်းရန်ကာကွယ်ရေးတပ်၏ ကာကင်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

    RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။

    စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း)၏ ကာကင်းစခန်းတစ်ခုဖြစ်သော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ခွန်ဇူရွာလမ်းခွဲတွင် တပ်စွဲထားသော ကာကင်းစခန်းကို ACDF၊ CDF – Asho နှင့် NSA တို့ ပူးပေါင်းပြီး ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီ၏ ခွန်ဇူရွာလမ်းခွဲ ကာကင်းစခန်းကို အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) တို့ ပူးပေါင်းပြီး ၁၅ မိနစ်ခန့် ပစ်ခတ်စဉ် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွ ထွက်ပြေးသွားသည့်အတွက် စီးနင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးကာ (၁) ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး MA (၅) လက်၊ BN 100 စိန်ပြောင်း (၁) လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု အရှိုချင်းကာကွယ်ရေးတပ် (ACDF) ကထုတ်ပြန်ထားသည်။

    (more…)

  • (၂) ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂) ဦး ဖမ်းဆီးရမိ

    (၂) ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂) ဦး ဖမ်းဆီးရမိ

    RNA_ဇန်နဝါရီ(၁၆)၊၂၀၂၅ ခုနှစ်။

    အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီတပ်သားများကို ဇန်နဝါရီလ (၁၃) ရက်နှင့် (၁၄) ရက်နေ့တို့တွင် ငဖဲမြို့နယ် အတွင်းမှ ချင်းကာကွယ်ရေးတပ် – အရှို ရဲဘော်များက ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၂) ဦး အရှင်ဖမ်းဆီးရမိကြောင်း သိရသည်။

    (more…)

  • အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

    အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

    RNA_ဇန်နဝါရီ(၅)၊၂၀၂၅ ခုနှစ်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာ စခန်းတို့မှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးအား လက်နက်ငယ် (၉) လက်နက်၊ ခဲယမ်းများနှင့်အတူ ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့က ချင်းကာကွယ်ရေးတပ် – အရှိုမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    (more…)

  • အမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

    အမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

    RNA_နိုဝင်ဘာ(၉)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံများ မကွေးတိုင်းအတွင်း ထွက်ပြေးလာသည့် အတွက် ဖမ်းဆီးရရှိမှုများရှိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှို မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ယနေ့ Red News Agencyကို ပြောကြားထားသည်။

    ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ရဲဘော်များ လှုပ်ရှားနေသော မကွေးတိုင်းအတွင်း ရှေ့တန်းတနေရာတွင် အမ်းမြို့ နပခ ရှိ ခမရ ၃၇၃ မှ တပ်သား (၂) ဦးနှင့် ခမရ ၃၇၁ မှ တပ်သား (၂) ဦးတို့ကို နိုဝင်ဘာ (၃) ရက်နှင့် အောက်တိုဘာ ၃၁ ရက်နေ့တို့က ဖမ်းဆီးရမိကြောင်း သိရသည်။
    (more…)

  • အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ ကင်းခန်း ၂ ခုကို တပြိုင်တည်း တိုက်ခိုက်

    အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ ကင်းခန်း ၂ ခုကို တပြိုင်တည်း တိုက်ခိုက်

    RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးကျေးရွာထိပ်နှင့် ဘုံတောလမ်းဆုံနှင့် မိုင်တိုင် (၁၁)ရှိ စစ်ကောင်စီ၏ ကင်းစခန်း ၂ ခုကို PRA-Magway၊ အရှိုချင်းကာကွယ်ရေးတပ်နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းရဲဘော်များက နိုဝင်ဘာ (၅) ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    (more…)

  • အမ်းမြို့နယ်မှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေဆုံး

    အမ်းမြို့နယ်မှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေဆုံး

    RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။

    တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ ရိက္ခာပို့ပြန်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးဝန်းကျင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ ပူးပေါင်းပြီး အမ်း-ပဒါန်း လမ်းပိုင်းတွင် အောက်တိုဘာ ၂၈ ရက်နေ့က ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသော်လည်း တော်လှန်ရေးအင်အားစုများလက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ACDF ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

    ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

    RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။
     
    ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့် အခမ်းအနားသို့ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့်၊ အခြေစိုက် မဟာမိတ် (၈) ဖွဲ့၏ ပေးပို့သည့်သဝဏ်လွှာတွင် ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှုနှင့် သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးအထူးသိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
     
    NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ မြောက်ပိုင်းညီနောင်မဟာမိတ်များ၊ နိုင်ငံရေးပါတီစသည့် အဖွဲ့အစည်းများက ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့်အတွက် သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

    (more…)

  • ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ မင်းလှမြို့နယ်၊ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံတွင် ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Revolution Alliance (PRA-Magway) ကယနေ့ ထုတ်ပြန်ထားသည်။
    ဓာတ်ပုံ – PRA-Magway တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားတွင် တွေ့ရသည့် ရဲဘော်များ။
     
    မင်းလှမြို့နယ်၊ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံးဖြင့် People’s Revolution Alliance (PRA-Magway)၊ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အထက်မင်းလှ ပ.က.ဖ)၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SMPDF)နှင့် အရှိုချင်းကာကွယ်ရေးတပ်၊ Key of Revolution ပြောက်ကျားတပ်တို့ ပူးပေါင်းပါဝင်ပြီး ယမန်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း စက်ရုံအဆောက်အဦ မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ရှိနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)