RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၃၀ ရက်) နံနက်စောစော (၁) နာရီခန့်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသော စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးနေဝင်းပါအဝင် ၄ ဦးထပ်မံသေးဆုံးသွားကြောင်း သိရသည်။
“အကြမ်းဖက် စစ်ကောင်စီသည် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး (၂)ရက်တာအတွင်း သေဆုံးသူ(၁၆)ဦး အထိရှိလာခဲ့ပြီဖြစ်သည်”ဟု ယနေ့ ထုတ်ပြန်ထားသည်။
နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က အောက်တိုဘာ ၂၉ ရက်နေ့ကလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်သည့်အတွက် စစ်သုံ့ပန်း(၈)ဦး အပါအဝင် (၁၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ဦးဝန်းကျင် ရှိခဲ့ကြောင်း၊ ယနေ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်း (၄)ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
#RedNewsAgency #RNA