18
Jul
RNA_ဇူလိုင်( ၁၈)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီလက်အောက်ခံ အသက် (၁၅) နှစ်အရွယ် တပ်သားနှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄)ဦးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများမှာ ခမရ ၃၆ မှ တပ်သားရဲကျော်ကျော်၊ ခမရ ၂၅၅ မှ တပ်သား နေထက်လင်း၊ ရဲအရာခံဗိုလ် ရှိန်းကိုကိုကျော် နှင့် ခလရ ၅၀ မှ တပ်သားထွန်းမြေ့အေးတို့ကို လမ်းစားရိတ်အနေဖြင့် တစ်ဦးလျှင် တစ်သိန်းကျပ်ပေးကာ ဇူလိုင် (၁၁) ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း (၅) ဦးထဲမှ…