စစ်ကောင်စီတပ်ကျဆုံး

ဒဏ်ရာရ စွန့်ပစ်ခံ စစ်ကောင်စီတပ်သား ခင်မောက်အိုက် စစ်ကောင်စီကို အရမ်းစိတ်နာ

ဒဏ်ရာရ စွန့်ပစ်ခံ စစ်ကောင်စီတပ်သား ခင်မောက်အိုက် စစ်ကောင်စီကို အရမ်းစိတ်နာ

RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၃ခုနှစ်။ စစ်ကောင်စီ၏ တပ်မ (၉၉) နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွါးစဉ်အတွင်း ဒဏ်ရာရစစ်သည်တဦးကို စွန်ပစ်ထားခဲ့သည့်အတွက် MNDAA မှကယ်ထုတ်ခဲ့ရပြီး စစ်ကောင်စီတပ်ကို အရမ်းစိတ်နာကြောင်း ဖွင့်ဟဝန်ခံထားသည်။ စစ်ကောင်စီတပ်မ( ၉၉) လက်အောက် အထူးတပ်ရင်း (၁၅) တွင် တာဝန်ထမ်းဆောင်သော ဆေးတပ်သားတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ခင်မောင်အိုက်ကို တိုက်ပွဲအတွင်း ဒဏ်ရရှိချိန် ဒီဇင်ဘာလ ၁၄ ရက်နေ့က စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ မုံးကိုး ခရိုင်နန်ခုန့်ဒေသတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှသာ စွန်ပစ်ခံ စစ်ကောင်စီတပ်သားကို ကယ်တင်နိုင်ခဲ့ကြောင်း၊ MNDAA မှ…
Read More
အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရသည့် စစ်ပြေးနှင့် ရဲပြေးများကို ယနေ့ ထုတ်သွား

အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရသည့် စစ်ပြေးနှင့် ရဲပြေးများကို ယနေ့ ထုတ်သွား

RNA_ဒီဇင်ဘာ(၇)၊၂၀၂၃ ခုနှစ်။ စစ်တပ်တွင် တာဝန်ပြန်ထမ်းဆောင်လိုသော ခွင့်မဲ့ စစ်ပြေးများကို ပြန်လည်ခေါ်ဆောင်သည့် အမိန့်စာ ထုတ်ပြီးနောက် အင်းစိန်ထောင်အတွင်း အကျဉ်းကျနေသည့် စစ်ပြေးနှင့် ရဲပြေး လူငယ်များကို စစ်ကောင်စီလက်အောက်ခံ ရဲကား (၇) စီးဖြင့် ယနေ့ သယ်ထုတ်သွားကြောင်း သိရသည်။ "မနက်ပိုင်းက ရဲတွေပါလာတဲ့ကားတွေ ဝင်လာတာ အမိုးအုပ်ထားတဲ့ ကားအမြင့်တွေပဲ ပြီးတော့ ထောင်ထဲကလူတွေကို သယ်ထုတ်သွားတယ် မနက် ၁၁ နာရီနဲ့ ၂ နာရီကြားမှာ ထုတ်သွားတာ၊ အားလုံး ကား ၇ စီးရှိတယ်၊ ထုတ်သွားတာကလဲ ရဲပြေး စစ်ပြေးဖြစ်ဖို့ အများဆုံးလူငယ် အများစုကို ထုတ်သွားတာ၊ သေချာပါတယ် စစ်ပြေး ရဲပြေးဖြစ်မှာ ဘာလို့လဲဆိုရင် ထောင်ပြောင်းတာမဟုတ်ဘူး…
Read More
မျက်ဝါးထင်ထင်မြင်လာရတဲ့ စစ်တပ်ရဲ့ ပြိုလဲနေမှုများ

မျက်ဝါးထင်ထင်မြင်လာရတဲ့ စစ်တပ်ရဲ့ ပြိုလဲနေမှုများ

"လက်ရှိအချိန်မှာ စစ်တပ်ရဲ့တပ်ရင်းအလိုက် ရှုံးနိမ့် ထွက်ပြေး အညံ့ခံ လက်နက်ချအလင်းဝင်လာကြရတာ (ရဲတပ်ရင်းတွေမပါ) တပ်ရင်း (၁၀) ရင်း အထိရှိခဲ့ပါပြီ။ လက်နက်ချ အညံ့ခံခဲ့ရတဲ့ စစ်​ကောင်စီ တပ်ရင်းတွေကတော့ ခလရ ၁၄၃၊ ခမရ ၃၃၉၊ ခမရ ၃၅၁၊ ခမရ ၃၅၈၊ ခမရ ၄၃၀၊ ခလရ ၈၁၊ ခလရ ၁၂၅၊ ခမရ ၄၂၅၊ ခမရ ၆၊ ခလရ ၁၂၉ တို့ဖြစ်ကြပါတယ်" ************************* မောင်ဝိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့အခြေစိုက် ခလရ(၁၂၅)တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင်ကာ လက်နက်ချအလင်းဝင်လာတယ်လို့ MNDAA က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။…
Read More
ပြိုလဲနေသော စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုများလည်း မအောင်မြင်

ပြိုလဲနေသော စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုများလည်း မအောင်မြင်

"မြေပြန့်လို့ခေါ်ဆိုရမယ့် စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီစခန်းနဲ့ မြို့တွေကိုလည်း စွန့်လွှတ်ထားရပါတယ်။ ကောလင်းမြို့ကို ဆုံးရှုံးထားသလို ထီးချိုင့်ကိုလည်း လက်လွှတ်ရမယ့် အနေအထားမှာ ထန်တလန်ဖြစ်စဉ်လိုမျိုး ဖန်တီးနေတာကိုတွေ့ရမှာပါ" ကျော်ရဲစံ မကွေးတိုင်းအတွင်း စစ်ကောင်စီက ခံစစ်သဖွယ်ပြင်ဆင်နေတာကို တွေ့လာရပါတယ်။ အထူးသဖြင့် ရခိုင်ရိုးမနဲ့ဆက်စပ်နေရာတွေမှာ စစ်ကြောင်းထိုးတာ အင်အားဖြည့်တာတွေပြုလုပ်လာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆို အမ်းဌာနချုပ်ကို သွားရာလမ်းဖြစ်တဲ့ ငဖဲ-အမ်း လမ်းတဝိုက်စစ်ကောင်စီ​က နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်တာကိုတွေ့ရပါတယ်။ ဒါဟာ ရခိုင့်တပ်တော်နဲ့ PDF တွေ မကွေးတိုင်းအတွင်း ဝင်ရောက်မလာနိုင်အောင် ကြိုတင်တားဆီးထားတဲ့သဘောပါပဲ။ ရခိုင်ပြည်နယ်မှာ ၁၀၂၇ စတင်ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်စခန်း ၄၀ ကျော်လက်လွှတ်ထားရပါတယ်။ ဒါ့အပြင် စစ်တွေမြို့နဲ့ ၁၉ မိုင်သာဝေးတဲ့ ပေါက်တောမြို့ကိုလည်း လက်လွှတ်ရမယ့် အနေအထားနဲ့ စစ်ကောင်စီက ရင်ဆိုင်နေရပါတယ်။ AA…
Read More
စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ ၁၁.၁၁ စစ်ဆင်ရေး လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချ အညံ့ခံသည့် မြင်းကွင်းရုပ်သံကို KNDF က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီ၏ တပ်သားများအပြင် ရဲတပ်ဖွဲ့ဝင်များ တစ်ဦးချင်းသော်လည်ကောင်း၊ အစုအဖွဲ့လိုက်သော်လည်ကောင်း၊ ဌာနအလိုက်၊ တပ်ရင်းအလိုက် ပြည်သူ့ဖက်ပူးပေါင်း၍ လက်နက်ချရန် လုပ်ဆောင်ပါက KNDF အနေဖြင့် ကောင်းမွန်နွေးထွေးစွာ ကြိုဆိုသွားမည်ဟု ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
လွိုင်ကော်တက္ကသိုလ်ရှိ ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီး ပါးသေဆုံး

လွိုင်ကော်တက္ကသိုလ်ရှိ ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီး ပါးသေဆုံး

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်ထဲ၌ တပ်စွဲထားသော တပ်မ (၆၆) လက်အောက်ခံ ခမရ (၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး ( ၁၁၀ ကျော်) သေဆုံးခဲ့ပြီး၊ ခမရ (၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု KNDF ကထုတ်ပြန်သည်။ “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်း၏ တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေး နိုဝင်ဘာလ (၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ (၄၂၅) တပ်ရင်းမှူး နှင့်…
Read More
စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

"စစ်တပ်ကရင် ဆိုင်နေရတဲ့စစ်မျက်နှာဆိုတာက သူတို့ တကြိမ်မှမကြုံဖူးတဲ့ နိုင်ငံအနှံ့စစ်မျက်နှာတွေ၊ နည်းပညာမြင့် ဒရုန်းစစ်ဆင်ရေးတွေလည်း ပါဝင်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အကြပ်ရိုက်နေတဲ့အခြေအနေ" မောင်ဝိ ဂန့်ဂေါမြို့နယ်၊ မင်းရွာမှာရှိတဲ့ ရဲစခန်းသိမ်းတိုက်ပွဲက လေယာဥ်ပစ်ကူတောင်းခဲ့တဲ့ ရုပ်သံကို အားလုံးပဲ တွေ့ပြီးကြမယ် ထင်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေက ရဲစခန်းကို ဝင်သိမ်းတဲ့အချိန် တိုက်ပွဲကြားထဲမှာပဲ ရဲမှူး လှိုင်မင်းသိန်းဆီကို ဒုရဲအုပ် အေးမင်းစိုးက တိုက်ပွဲ အခြေအနေ အဆင့်ဆင့် သတင်းပို့နေခဲ့တာပါ။ တိုက်ပွဲစဖြစ်ချိန်က အခြေအနေကို ထိန်းနိုင်သေးတယ်ဆိုပေမယ့်၊ တိုက်ပွဲကြာလာတဲ့ အချိန်အကျအဆုံးများလာတဲ့အတွက် အဘဆိုသူ (ရဲမှူးလှိုင်မင်းသိန်း)ကို လေယာဥ်ပစ်ကူပေးဖို့ တဖွဖွ ဖုန်းထဲကနေပြောခဲ့တယ်။ တကယ့်လက်တွေ့မှာက ရဲစခန်းသာကျသွားတယ်၊ လေယာဥ်စစ်ကူဆိုတာက ရောက်မလာခဲ့ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ မင်းရွာရဲစခန်းကို ဝင်စီးနင်းတဲ့အချိန်…
Read More
လေကြောင်းပစ်ကူတောင်းချိန် Mi 35 တောင်မဟုတ် HK လာနေပြီဟုလိမ်ညာခဲ့သည့် စစ်ကောင်စီတပ်

လေကြောင်းပစ်ကူတောင်းချိန် Mi 35 တောင်မဟုတ် HK လာနေပြီဟုလိမ်ညာခဲ့သည့် စစ်ကောင်စီတပ်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။   စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခံနေရချိန် စစ်ကောင်စီလက်အောက်ခံငယ်သားက အကြိမ်ကြိမ် လေကြောင်းပစ်ကူတောင်းနေစဉ် Mi 35 တောင်မဟုတ် HK လာနေပြီဟု စစ်ကောင်စီတပ်အထက်လူကြီးများက လက်အောက်ခံငယ်သားကို ဖုန်းဖြင့် လိမ်ညာပြောကြားခဲ့သည်။   ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်ခံနေရချိန် စစ်ကောင်စီတပ်မှ ဖုန်းဖြင့် အချိန်ပြည့်ညွှန်ကြားခဲ့ကြောင်း၊ လေကြောင်းပစ်ကူတောင်းသော်လည်း စခန်းသိမ်းခံရသည်အထိ လေကြောင်းပစ်ကူ မလာခဲ့ကြောင်း၊တိုက်ပွဲကို ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။   #RedNewsAgency
Read More
၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် သေဆုံးသူများထဲတွင် တပ်မမှူးတဦးပါရှိပြီး ယနေ့အထိ စစ်ကောင်စီစခန်းများ ဆက်လက်သိမ်းပိုက်ခံနေရကြောင်း၊ နမ့်ခမ်းမြို့ကိုလည်း TNLA က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ MNDAA၊ AA နှင့် ပူးပေါင်းတပ်ဖွဲ့များ ကိုးကန့်၊ မုံးကိုး နှင့် မူပန်(သိန္နီ) ဒေသများအတွင်း စစ်ကောင်စီတပ်စခန်း ယမန်နေ့က သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး လက်နက်ကြီးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်း ကွမ်းလုံဒေသရှိ စစ်ကောင်စီ၏ လက်နက်ကြီးစခန်းနှင့် ဗျူဟာကုန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားသည်။ (more…)
Read More
စခန်းသိမ်းခံနေရစဉ် အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း မရခဲ့ကြ

စခန်းသိမ်းခံနေရစဉ် အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း မရခဲ့ကြ

RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။   ရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲခံရချိန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ တပွင့်ဗိုလ်အေးမင်းစိုးနှင့် တပ်သားတဦးတို့ ၎င်းတို့ အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း လေယာဉ်လေထဲ တက်နေပြီ၊ ၁၅ မိနစ်အတွင်း ရောက်မည်ဟု ပြောကြားခဲ့သော်လည်း စခန်းတခုလုံး အသိမ်းခံရသည့်အချိန်ထိ လေယာဉ်ပစ်ကူ မရခဲ့ကြကြောင်း သိရသည်။   ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ  ၃ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဗိုလ်အေးမင်းစိုးအပါအဝင် (၆) ဦးသေဆုံးကြောင်း၊ (၁၁) ဦးလက်နက်ချ အညံ့ခံကာ ၄ ဦးထွက်ပြေးကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကာ…
Read More