ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးနှင့်အတူ ၄၀ ကျော်သေဆုံး

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၄ခုနှစ်။

ကရင်နီပြည်၊ ရှားတောမြို့သိမ်းနိုင်ရေးအတွက် မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဗျူဟာကုန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးအပါအဝင် ၄၀ ကျော်ဆုံးပြီး မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရှားတော့မြို့သိမ်းနိုင်ရေးအတွက် ကရင်နီတပ်တော် – KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အင်အား ၈၀ ခန့်ရှိ ဗျူဟာကုန်းကို ဝင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ကြောင်း၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်းဖမ်းဆီးရမိထားကြောင်း သိရသည်။


စစ်သုံ့ပန်းများထဲတွင် ဒဏ်ရာများနှင့်ဗျူဟာမှူးပါဖမ်းဆီးရမိသည်ဟု သတင်းများထွက်ခဲ့သော်လည်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ကတော့ ဗျူဟာမှူးက သေသည့်အထဲပါသွားပြီဖြစ်ကြောင်း ကရင်နီဒေသတွင်းသတင်းဌာနတခုကိုဖြေကြားထားသည်။

 

ရှားတော့မြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း လေကြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ယနေ့ ရှားတော့မြို့တွင် စစ်ကောင်စီလက်အောက်ခံ ကင်းစင်နယ်မြေဖြစ်သွားပြီဖြစ်သော်လည်း လေကြောင်းတိုက်မှုများရှိနေသေးသည်ဟု သိရသည်။

ကရင်နီပြည်တွင်း စစ်ကောင်စီလက်အောက်ခံများ ရှိနေသေးသည့် မြို့သိမ်းတိုက်ပွဲများကို KNDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်ဆင်နွှဲနေကြောင်း၊ ဒီမော့ဆိုမြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသေးပြီး ပြည်နယ်အတွင်းမှ ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန်းများကို နေ့စဉ်တိုက်ခိုက်မောင်းထုတ်နေကြောင်း သိရသည်။

#RedNewsAgency

By Editor