စစ်ကောင်စီလက်အောက်ခံများ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများ မီးရှို့ထွက်ပြေး

RAN_ဇန်နဝါရီ(၂၇)၊၂၀၂၄ခုနှစ်။
 
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ “ယောချောင်းဗျူဟာကုန်း” နှင့် အနီးအနားရှိစခန်းကုန်းများမှ (၁၂၂) မမ ဟောင်ဝစ်ဇာအမြောက်များအပါအဝင် လက်နက်ခဲယမ်းများကိုပါ မီးရှို့ဖျက်ဆီးပြီ စစ်ကောင်စီလက်အောက်ခံများ စစ်သင်္ဘောနှစ်စီးဖြင့် ဇန်နဝါရီလ ၂၆ ရက်နေ့က ထွက်ပြေးသွားကြကြောင်း သိရသည်။
 
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီအနေဖြင့် ဗျူဟာကုန်းများ ထပ်မံစွန့်လွှတ်နေရကြောင်း၊ ရက္ခိုင့်တပ်တော် – AA မှလည်း ထွက်ပြေးသွားသူများနှင့် စစ်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
 
#RedNewsAgency
By Editor