ရုပ်သံ

ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် မကြာခင်ရှု့မြင်ကြရတော့မည့် ရခိုင်ပြည်နယ်

ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် မကြာခင်ရှု့မြင်ကြရတော့မည့် ရခိုင်ပြည်နယ်

RNA_ဒီဇင်ဘာ(၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်တခုလုံးတွင် စစ်ကောင်စီသည် ကွဲထွက်သွားပြီဖြစ်သည့်အတွက် မကြာမီ ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် ဂုဏ်ယူစွာ ရှု့မြင်ကြရတော့မည်ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ဝင် ကဗျာဆရာ မောင်ဖြိုးဝေက ပြောကြားထားသည်။ "မန်းတောင်ရိပ်ခိုအောင်ပွဲကြို" ကမ်ပိန်းအတွက် ပြီးခဲ့သည့်ညက တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ဝင် လေ့ကျင့်ရေးဌာန ဌာနကြီးမှုးတာဝန်ထမ်းဆောင်နေသော မောင်ဖြိုးဝေသည် ယခုရုပ်သံကို ကဗျာဆရာတဦးအနေဖြင့်သာ ပြောကြားထားခြင်းဖြစ်ကြောင်း၊ "မန်းတောင်ရိပ်ခိုအောင်ပွဲကြို" ကမ်ပိန်းအတွက် ပြီးခဲ့သည့်ညက တွေ့ဆုံဆွေးနွေးပွဲမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။ #RedNewsAgency #REDNEWS #RNA #AhNyar
Read More
အညာတွင် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်တော့မည်

အညာတွင် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်တော့မည်

RNA_ဒီဇင်ဘာ(၃)၊၂၀၂၄ခုနှစ်။   အညာဒေသ စစ်ကိုင်းတိုင်းနှင့် မြေလတ် မကွေးတိုင်းတို့တွင် တော်လှန်ရေးနောက်တဆင့်တက်ရန်အတွက် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်မည့်အခြေအနေ မြင်တွေ့နေရသည်ဟု Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်လာနိုင်သည့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများ၊ Student Armed Force - ကျောင်းသားလက်ရုံးတပ်တော်၏ လှုပ်ရှားနယ်မြေများနှင့် မဟာမိတ်များ၊ အညာဒေသအပါအဝင် လက်နက်ကိုင်တော်လှန်ရေးအခြေအနေများ စသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး ကိုမင်းဟန်ထက်ပြောပြထားသည့် အင်တာဗျူးအပြည့်အစုံကို Red News Agency က မကြာမီဆက်လက်ဖော်ပြပါမည်။ #RedNewsAgency
Read More
ပြည်သူ့အားကိုးဖြင့် မိုက်နေသော ဗိုလ်မိုက်ခဲ

ပြည်သူ့အားကိုးဖြင့် မိုက်နေသော ဗိုလ်မိုက်ခဲ

RNA_ဒီဇင်ဘာ(၁)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်နယ်နှင့် မန္တလေးတိုင်း မြင်းခြံမြို့နယ် အခြေစိုက် NUG/MOD PDF မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ပြည်သူ့အားကိုးဖြင့် မိုက်နေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ ဗိုလ်မိုက်ခဲဦးဆောင်သော တပ်ဖွဲ့အနေဖြင့် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် အသင့်ဖြစ်နေသည့်အတွက် မြို့သိမ်းတိုက်ပွဲအတွက် လိုအပ်နေသော "End Point" ကမ်ပိန်းကို ပြည်သူများအနေဖြင့် ကူညီထောက်ပံ့ရန် မိဘပြည်သူများအား ဗိုလ်မိုက်ခဲက အထူးမေတ္တာရပ်ခံထားသည်။ #RedNewsAgency #RNA #RedNews #Ahnyar
Read More
မိဘအတွက် ဘွဲ့ယူပေးချင်တဲ့ အိပ်မက်ပျက်သွားပေမဲ့ ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာ ဘယ်တော့မှ နောင်တမရဘူး

မိဘအတွက် ဘွဲ့ယူပေးချင်တဲ့ အိပ်မက်ပျက်သွားပေမဲ့ ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာ ဘယ်တော့မှ နောင်တမရဘူး

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။ "ညီမ မိဘအတွက် ဘွဲ့လေးယူပေးချင်တယ်ပေါ့နော် အဲဒီအိပ်မက်လေးတော့ပျက်သွားတယ်ပေါ့နော် ဒါပေမဲ့ ညီမ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာတော့ ညီမ ဘယ်တော့မှ နောင်တမရပါဘူး ညီမအကောင်းဆုံး ဆက်လျှောက်သွားမှာပါ" ဟု စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် လွင်ဂူးက ပြောကြားထားသည်။ တော်လှန်ရေးအတွင်း ပါဝင်လာမှုအကြောင်းအရင်းများ၊ စစ်တပ်အာဏာသိမ်းလိုက်သည့်အတွက် ပျက်စီးသွားသော အိပ်မက်များ၊ တော်လှန်ရေးအတွင်း ကြုံတွေ့နေရမှုများစသည့် ရဲဘော်လွင်ဂူးပြောကြားထားသည့် ရုပ်သံအပြည့်အစုံကို ထပ်မံတင်ပါမည်။ Red News Agency
Read More
ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများနှင့် အညာဒေသအခြေအနေများ

စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများနှင့် အညာဒေသအခြေအနေများ

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီတပ်များသည် အညာဒေသအတွင်း ကျေးရွာများကို မီးရှို့မှုများအပြင် ပြည်သူများကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများ အပါအဝင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသော်လည်း တော်လှန်ရေးအားကောင်းနေမှုနှင့် ဒေသတွင်းအခြေအနေများကို စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်းမှ ဆေးတပ်သား (၂) ဦးက ပြောပြထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
PDF တပ်ရင်းအားလုံးအတွက် ထောက်ပံ့မှုတကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျ

PDF တပ်ရင်းအားလုံးအတွက် ထောက်ပံ့မှုတကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျ

RNA_နိုဝင်ဘာ(၁၂)၊၂၀၂၄ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများကို ရိက္ခာနှင့်အထွေထွေအသုံးစရိတ် ပေးပို့နေသည့်မှာ ထောက်ပံ့မှုတကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားထားသည်။ (more…)
Read More
သန်းခေါင်စာရင်းကောက်ယူနေသော စစ်ကောင်စီလက်အောက်ခံများ ပစ်ခတ်ခံရ

သန်းခေါင်စာရင်းကောက်ယူနေသော စစ်ကောင်စီလက်အောက်ခံများ ပစ်ခတ်ခံရ

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၇) ၅၀၀ ပြည့်ရပ်ကွက်အတွင်း သန်းခေါ်စာရင်းကောက်ယူရန် ပြုလုပ်နေသော စစ်ကောင်စီလက်အောက်ခံ (၅၀)ဦးခန့်အား နိုဝင်ဘာ ၁၀ ရက်နေ့ က ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ #RedNewsAgency #RNA #REDNEWS #AhNyar
Read More
လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထုတ်ဖော်ဖို့ လိုအပ်နေတဲ့ အညာ

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထုတ်ဖော်ဖို့ လိုအပ်နေတဲ့ အညာ

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက် အညာဒေသအတွင်းမှ ပြည်သူများသည် လူ့အခွင့်အရေး​ချိုးဖောက်ခံရမှုမျိုးစုံ ကြုံတွေ့နေကြရသည့်အတွက် ကျူးလွန်ခဲ့ရသည့်ပြည်သူများအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ဖော်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါသည်။ Red News Agency
Read More
5.56mm ကျည်သုံး ကာဘိုင်သေနတ် ဗိုလ်မိုက်ခဲအဖွဲ့ ထုတ်လုပ်အောင်မြင်

5.56mm ကျည်သုံး ကာဘိုင်သေနတ် ဗိုလ်မိုက်ခဲအဖွဲ့ ထုတ်လုပ်အောင်မြင်

RNA_နိုဝင်ဘာ(၈)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုဒေသနှင့်မြင်းခြံဒေသအခြေစိုက် Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် 5.56mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်အား နိုဝင်ဘာ ၇ ရက်နေ့က ထုတ်လုပ်အောင်မြင်ခဲ့ပြီဖြစ်သည့်အတွက် ရှေ့တန်းစစ်မျက်နှာပြင်မှ ကျားမဲလေးများ ကိုင်ဆောင်ထားသော ကိုးလုံး (ရှော့ဂမ်း) နေရာတွင် 5.56mm ကျည်သုံး ကာဘိုင်သေနတ်များကို အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar
Read More