ရုပ်သံ

၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

RNA_ဒီဇင်ဘာ(၂၄)၂၀၂၄ ခုနှစ်။   ၂၀၂၅ ခုနှစ်သည် စစ်ရေးအရ အားသွန်ခွန်စိုက်လုပ်ကြရမည့်နှစ်ဖြစ်ပြီး၊ စစ်ကောင်စီမှ နိုင်ငံရေးအသာစီးရမသွားရန် စစ်ရေးအသာစီးရနေရန်လိုအပ်ကြောင်းနှင့် အညာဒေသနှင့် အခြားဒေသများတွင် အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန် လိုအပ်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။   #RedNewsAgency #REDNEWS #RNA #AhNyar
Read More
မင်းအောင်လှိုင် ထိတ်လန့်သွေးပျက်ပြီး ပြောင်းလဲမှု​များလုပ်နေ

မင်းအောင်လှိုင် ထိတ်လန့်သွေးပျက်ပြီး ပြောင်းလဲမှု​များလုပ်နေ

RNA_ဒီဇင်ဘာ(၂၄)၊၂၀၂၄ခုနှစ်။ အကြမ်းဖက်မှုများကျူးလွန်ထားပြီး စစ်ရာဇဝတ်မှုများရင်ဆိုင်ရတော့မည့်အပြင် ရှုံးနိမ့်နေသော မင်းအောင်လှိုင်သည် ထိတ်လန့်သွေးပျက်ပြီး ထိပ်ပိုင်းမှာ ပြောင်းလဲမှုများ လုပ်နေခြင်းသည် အကြောက်တရားကို အထူးတလည်ဖော်ပြနေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်တွင် ထည့်သွင်းပြောကြားထားမှုအား ကောက်နုတ်တင်ပြလိုက်ပါသည်။ #RedNewsAgency #REDNEWS #RNA
Read More
အမျိုးသမီးရဲဘော်များကို လေးစားပေးဖို့ မေတ္တာရပ်ခံ

အမျိုးသမီးရဲဘော်များကို လေးစားပေးဖို့ မေတ္တာရပ်ခံ

RNA_ဒီဇင်ဘာ(၂၄)၊၂၀၂၄ခုနှစ်။ တော်လှန်ရေးအတွင်းရောက်နေသည့် အမျိုးသမီးရဲဘော်များကို အထင်သေးသည့်အမြင် အထင်သေးသည့်အကြည့်များ ကြုံခဲ့ရသည့်အတွက် ပြည်သူများအနေဖြင့် အမျိုးသမီးရဲဘော်များကို လေးစားပေးရန် အမျိုးသမီးရဲဘော်များ၏ကိုယ်စား ရဲဘော်လွင်ဂူးက မေတ္တာရပ်ခံထားသည်။ #RedNewsAgency
Read More
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် PDF ရဲဘော်များ ပြည်သူများနှင့်တွေ့ဆုံ

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် PDF ရဲဘော်များ ပြည်သူများနှင့်တွေ့ဆုံ

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ ခုနှစ်။   ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၃၁၈) တွင် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း ရဲဘော်များက ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ယာဉ်များကို စစ်ဆေးခြင်းအပါအဝင် ပြည်သူများနှင့် တွေ့ဆုံ စကားပြောခြင်းများ ပြုလုပ်ခဲ့​ကြောင်း သိရသည်။   ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ညချိန်ခရီးမထွက်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားချိန် နီးစပ်ရာ လုံခြုံသောရေများတွင် နေထိုင်ကြရန် Natogyi People Defence Force ကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ပျူရွာကို သိမ်းပိုက်စဉ် စစ်ကူလာသော စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် (၁၄) ဦးသေဆုံး

ပျူရွာကို သိမ်းပိုက်စဉ် စစ်ကူလာသော စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် (၁၄) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွပျူရွာရှိ စစ်ကောင်စီလက်အောက်ခံစခန်းတို့ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကူလာသော စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် အနည်းဆုံး (၁၄) ဦးသေဆုံးကာ ထိုပ်ခိုက်ဒဏ်ရာများဖြင့် ရှေ့ဆက်မတိုးနိုင်သည့်အတွက် မြိုင်မြို့ပေါ် ဆုတ်သွားကြောင်း မြိုင် ပ.က.ဖ ကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီ

တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီ

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။   တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီး အညာလူထုတစ်ရပ်လုံး အားသွန်ခွန်စိုက်ပါဝင်နေကြောင်း၊ ယုံကြည်ချက်တစ်ခုတည်းဖြင့် ပန်းတိုင်ကို လျှောက်လှမ်းနေသည့်အတွက် ပန်းတိုင်ကိုရောက်မည်ဟု ယုံ​ကြည်ကြောင်း စသဖြင့် ရဲဘော်လွင်ဂူးက ပြော​ပြထားသည်။ Red News Agency
Read More
KNDF ထံ အလင်းဝင်လာသော CDM များကို လုံခြုံအေးဆေးစွာ စောင့်ရှောက်ထား

KNDF ထံ အလင်းဝင်လာသော CDM များကို လုံခြုံအေးဆေးစွာ စောင့်ရှောက်ထား

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။   ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ထံ အလင်းဝင်လာသော စစ်ကောင်စီလက်အောက်ခံများကို လုံခြုံအေးချမ်းစွာ စောင့်ရှောက်ထားပြီး မိသားစုနှင့် အဆက်အသွယ်ရအောင် ကြိုးစားဆောင်ရွက်ပေးမှုများရှိပြီး CDM များ ပျော်ရွှင်စွာနေထိုင်ကြရကြောင်း KNDF ကထုတ်ပြန်ထားသည့် ရုပ်သံတွင် CDM များကိုယ်တိုင် ပြောကြားထားသည်။ #RedNewsAgency #REDNEWS #REDNEWS
Read More
နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းမှ စစ်ကောင်စီလက်အောက်ခံများ ဒီဇင်ဘာ (၁၈) ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြားမှ အာရက္ခတပ်တော် (AA) ထံ ပြေးပြေးလွှားလွှား အလင်းဝင်ခဲ့ကြသည်။ (more…)
Read More
အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အာရက္ခတပ်တော်မှ သိမ်းပိုက်မှုမြင်ကွင်း

အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အာရက္ခတပ်တော်မှ သိမ်းပိုက်မှုမြင်ကွင်း

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ စစ်ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းအား အာရက္ခတပ်တော်-AA မှ သိမ်းပိုက်မှုမြင်ကွင်း ထုတ်ပြန်မှု ရုပ်သံမှ စစ်ကောင်စီလက်အောက်ခံများ သေဆုံးသည့် မြင်ကွင်းများကိုချန်ပြီး ထုတ်နုတ်ထားသည့် ရုပ်သံကို ပြန်လည်ဖော်ပြလိုက်ပါသည်။  (more…)
Read More
စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်အတွက် စစ်ရေးနည်းလမ်းမှလွဲပြီး မရှိတော့ကြောင်း၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရန်အတွက် စစ်ရေးနည်းလမ်းမှလွဲ၍ တနည်းအားဖြင့် စစ်အနိုင်တိုက်ရေးနှင့် လူထုအာဏာတည်ဆောက်ရေးမှလွဲပြီး မရှိတော့ကြောင်း ယုံကြည်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ #RedNewsAgency #RedNews
Read More