RNA_ဇန်နဝါရီ(၁၄)၊၂၀၂၅ခုနှစ်။
ကချင်ပြည်နယ်၊ မံစီမြို့သိမ်း ရုပ်သံမှတ်တမ်းဖြင့် မံစီမြို့သိမ်းတိုက်ပွဲတွင် ထိခိုက်ကျဆုံးသွားသော ရဲဘော်များအား တပ်ဦးနှင့်တပ်မတော်မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း ကျောင်းသားတပ်မတော် – ABSDF က ယနေ့ ထုတ်ပြန်ထားသည်။
ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၁၁) ၏ ဦးဆောင်မှုနှင့်အတူ ABSDF ( ကျောင်းသားတပ်မတော် ) အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များသည် မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကို ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ ၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့ အထိ တစ်လတာ ထိုးစစ်အပြီးတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
Red News Agency