ကော်သူးလေတည်ဆောက်ရန် နားလည်မှုဖြင့် အတူလက်တွဲလုပ်ဆောင်ရန်လိုအပ်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။
 
ကော်သူးလေတည်ဆောက်ရန်အတွက် တစ်ယောက်စီတိုင်းမှာ တစ်ဦးကိုတစ်ဦး နားလည်မှုနှင့် အတူလက်တွဲ လုပ်ဆောင်ရန်လိုအပ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၇၆) ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့တွင် သတင်းစကားပါးထားသည်။

“ကော်သူးလေကိုတည်ဆောက်ဖို့အတွက် ကျနော်တို့အယောက်စီတိုင်းမှာ တစ်ဦးကိုတစ်ဦး နားလည်မှုနဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကော်သူးလေထဲမှာ ကရင်လူမျိုးတစ်မျိုးတည်း ရှိတာမဟုတ်ပါဘူး။ ဗမာ၊ မွန်၊ ရှမ်း နဲ့ ကျနော်တို့ညီကိုတွေဖြစ်တဲ့ ပအို့ဝ် စတဲ့ မတူညီတဲ့ လူမျိုးစုအသီးသီး ရှိကြတယ်။ ဒါပေမယ့် ဒီပြည်ထဲမှာနေထိုင်ကြတဲ့ သူတွေအတူတူဖြစ်ကြတဲ့အတွက် အတူတကွလက်တွဲဖို့လိုအပ်ပြီး အင်အားတစ်ရပ်ကို အတူတကွ တည်ဆောက်ကြမယ်။” ဟု ပဒိုစောတောနီးကပြောကြားထားသည်။
 
#RedNewsAgency #REDNEWS #RNA #KNU
By RNA Editor