ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံး

RNA_ဖားကန့်၊ ဇန်နဝါရီ(၁၅)၊ ၂၀၂၅ ခုနှစ်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီး ကျောက်စိမ်းတူးဖော်နေသော ရတနာအဓိပတိ (ဒေသအခေါ် ) ကုမ္ပဏီလုပ်ကွက်မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး ရပ်ကွက်နေအိမ်များပေါ်ဖုံးလွှမ်းခဲ့သည့်ဖြစ်စဉ်အတွင်း အသက် (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံးကြောင်း အတည်ပြုပြီး အလောင်းရှာဖွေမှုများကို ယနေ့ လမ်းဟောင်းပေါ်သွားသည့်အတွက် ရပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သေဆုံးခဲ့ရသူများထဲတွင် (၂) နှစ်အရွယ် ကလေးငယ် (၁)ဦး၊ (၅) နှစ် အရွယ် ကလေးငယ် (၂) ဦး၊ ၆ နှစ်နှင့် (၇) နှစ်အရွယ် ကလေးငယ် (၂) ဦး၊ (၉) နှစ်အရွယ်ကလေးငယ် (၁) ဦးအပါအဝင် အသက် (၈၉) အရွယ် အမျိုးသမီး (၁) ဦး၊ အသက် (၅၀) ရွယ်ကျော်အရွယ်များပါအဝင် စုစုပေါင်း (၃၂) ဦးသေဆုံးခဲ့ကြောင်း၊ ယခုဖြစ်စဉ်အတွင်း အလောင်းရှာဖွေမှုတွင် (၃၁) ဦသာတွေ့ရှိရပြီး၊ ဆေးရုံတွင် (၁) ဦးသေဆုံးသွားခြင်းဖြစ်သည်။

စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)ရှိ နေအိမ်များပေါ် ဇန်နဝါရီ ၁၃ ရက် နံနက် (၁) နာရီ (၃၀) မိနစ်ခန့်က ရတနာအဓိပတိ ကုမ္ပဏီလုပ်ကွက်မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး ရပ်ကွက်နေအိမ်များပေါ်ဖုံးလွှမ်းခဲ့ခြင်းဖြစ်ပြီး၊ ဇူလိုင်လ ၁၄ ရက် နေ့လယ်ပိုင်းအထိ သေဆုံးသူ ရုပ်အလောင်း (၂၁) လောင်းတွေ့ရှိထားပြီး ပျောက်ဆုံး (၁၅) ဦးစာရင်း ရှိထားသော်လည်း မူလမြေသားလမ်းပေါ်အောင်ထိ အလောင်းရှာဖွေမှုတွင် (၃၁) လောင်းသာရရှိထားပြီး ရှာဖွေကို ရပ်တန့်လိုက်ပြီဖြစ်သည်။

By RNA Editor