RNA_မေ(၉)၊ ၂၀၂၃ ခုနှစ်။
ပြည်သူ့ကာကွယ်ရေးတပ် ကျားဖြူတပ်ခွဲ (၁) စခန်းတခုကို စစ်ကောင်စီတပ်လေကြောင်းမှ မေလ ၈ ရက်နေ့ညပိုင်းက လေယာဉ်ဖြင့် ဗုံးလာကြဲသည့်အတွက် စခန်းမှ ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြုပစ်ခတ်မှုအတွင်း ကျားဖြူတပ်ခွဲ (၁) မ PDF ရဲဘော် ဇွဲမာန်လင်း(ခ) စနေ၊ ရဲဘော် ထွန်းလင်းအောင် (ခ)မြကြီး၊ ရဲမေ မခင်သန္တာဆွေ(ခ)မမြင့်တို့ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့တွင် အသက်ပေးလှူသွားသည့် ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော် ထွန်းလင်းအောင် (ခ) မြကြီး၊ ရဲမေ မခင်သန္တာဆွေ (ခ) မမြင့် သင်တို့၏ ရဲရင့်သောတာ၀န်ကျေပြွန်မှုများက ကျနော်တို့ကျားဖြူတပ်ခွဲ (၁)၏ အစားထိုး မရတဲ့ဆုံးရူံးမှုကြီးတစ်ခုဖြစ်ပြီး မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း ကျားဖြူတပ်ခွဲ (၁) မှ ယနေ့ ထုတ်ပြန်ထားသည်။

#RedNewsAgency