Category: ကြေငြာချက်

  • အနောက်ပိုင်းတိုင်း တပ်ရင်း (၇၀၃)နှင့် ချင်းအမျိုးသားတပ်မတော်တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

    အနောက်ပိုင်းတိုင်း တပ်ရင်း (၇၀၃)နှင့် ချင်းအမျိုးသားတပ်မတော်တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

    RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၇) လက်အောက်ခံတပ်ရင်း (၇၀၃) နှင့် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်( CNF/CNA)တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

    “ထိုသဘောတူစာချုပ်အရ အနောက်ပိုင်းတိုင်းတပ်ရင်း (၇၀၃)သည် တော်လှန်ရေးကို အရှိန်မြင့်တင်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေး သတင်းထုတ်ပြန်အပ်ပါသည်” ဟု တပ်ရင်း (၇၀၃)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

    ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

    RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။
     
    ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့် အခမ်းအနားသို့ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့်၊ အခြေစိုက် မဟာမိတ် (၈) ဖွဲ့၏ ပေးပို့သည့်သဝဏ်လွှာတွင် ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှုနှင့် သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးအထူးသိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
     
    NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ မြောက်ပိုင်းညီနောင်မဟာမိတ်များ၊ နိုင်ငံရေးပါတီစသည့် အဖွဲ့အစည်းများက ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့်အတွက် သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

    (more…)

  • Cobra စစ်ကြောင်းထံ Venom စစ်ကြောင်းရှိ ရဲဘော်အားလုံး လာရောက်ပူးပေါင်း

    Cobra စစ်ကြောင်းထံ Venom စစ်ကြောင်းရှိ ရဲဘော်အားလုံး လာရောက်ပူးပေါင်း

    RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။

    ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်အားကောင်းနေသည့် ဗိုလ်ဒါဘောဦးဆောင်သည့် Cobra စစ်ကြောင်းထံသို့ Venom စစ်ကြောင်းတစ်ကြောင်းလုံး ဧပြီလ ၆ ရက်နေ့က လာရောက်ပူးပေါင်းကြောင်း သိရသည်။

    Venom စစ်ကြောင်းတစ်ကြောင်းလုံးသည် Cobra စစ်ကြောင်းထံသို့ လာရောက်ပူးပေါင်းခဲ့သည့်အတွက် ဗိုလ်ဒါဘောမှ ကော်ဘရာစစ်ဆင်ရေးမှူးအဖြစ် တာဝန်ယူကာ ကော်ဘရာစစ်ကြောင်း၏ ဖွဲ့စည်းပုံအား စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) ဟူ၍ ပြန်လည်ဖွဲ့စည်းထားသည်ဟု Cobra စစ်ကြောင်းမှ ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ

    မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ

    RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။

    အိန္ဒိယနိုင်ငံ၊ မီဇိုရိမ်ပြည်နယ်သား (၃) ဦး ချင်းပြည်နယ်အတွင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူများကို လုံလောက်သော သက်သေအထောက်အထားများနှင့်တကွ ဖမ်းဆီးရမိပြီဟု CDF – Mindat ကယနေ့ ထုတ်ပြန်ထားသည်။

    မြန်မာ-အိန္ဒိယ နယ်စပ် မြန်မာဘက်ခြမ်း ချင်းပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့က မီဇိုရိမ်ပြည်နယ်သား (၃) ဦး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

    (more…)

  • ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံး

    ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံး

    RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ် တစ်ကြောတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြား ဧပြီလ (၄)ရက်နှင့် (၅)ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံးပြီး၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။

    “ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၁၀)ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး စစ်ကောင်စီ၏ စစ်ကြောင်းထိုးနေသော တပ်ရင်းများထဲမှ ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက် နှင့် ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့ အား သိမ်းဆည်းရရှိခဲ့ပါသည်” ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။

    (more…)

  • ကျောက်ထုမြို့နယ် စံရွာအနောက်တောင်ကြောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် သေဆုံး

    ကျောက်ထုမြို့နယ် စံရွာအနောက်တောင်ကြောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် သေဆုံး

    RNA_ဧပြီ(၁)၊ ၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ စံရွာ အနောက်မြောက်တောင်ကြောတွင် စစ်ကောင်စီတပ် အင်အား (၁၃၀) ခန့်ပါ စစ်ကြောင်းနှင့် YDF ယောနက စစ်ကြောင်း၊ CDF – Mindat၊ ကျောက်ထုPDF တို့နှင့် မတ်လ (၃၀) ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်မှ (၂)နာရီ ၂၀ မိနစ်ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁၀) ဦးခန့်သေဆုံးကြောင်း ယောကာကွယ်ရေးတပ် – YDF မှ ယနေ့ ထုတ်ပြန်ထားသည်။
     
    ဒေသခံတစ်ဦး၏အဆိုအရ “ဒီနေ့ လေကြောင်းတိုက်ခိုက်မှု့ ဖြစ်ပွားတဲ့ ဆောမြို့နယ်နှင့် မင်းတပ်မြို့နယ်အစပ် ထိတွေ့မှုအပြီး ညနေပိုင်းမှာ စခတွေ စံရွာထဲကို အထမ်းတွေနဲ့ ပြန်ဝင်လာတာ‌တွေ့ရတယ်ဗျ ။ အထမ်းအရေအတွက်ကတော့ အတော်လေးများတယ်လို့ ပထမသိရပါသေးတယ်။ အရေအတွက်ဆက်လက်စုံစမ်းဆဲပါဗျ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခလရ (၂၈၇) မှ (၁၅) ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခလရ (၂၈၇) မှ (၁၅) ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး

    RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည်(ကယား)နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါလျာခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ (၂၈၇) အား KA ၊ KNDF စသည့် တပ်ပေါင်းစုတပ်ဖွဲ့မှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၅) ဦးအထက် သေဆုံးပြီး လက်နပ်ခဲယမ်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

    ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ၊ ဒေါလျားခူကျေးရွာ အရှေ့မျက်နှာစာ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား မတ်လ (၂၉/၃၀) ရက်နေ့က ကရင်နီတပ်မတော် (KA) ၊ KNDF ဗျူဟာ (၆)မှ တပ်ရင်းများဖြစ်သော KNDF/B (10) ၊ KNDF/B (15) ၊ နှင့် ဗျူဟာ (၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊ KNDF/B05၊ KNDF/B06 ၊KNDF/B (07) များပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    (more…)

  • မယ်ခါးထာစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၆) ဦးသေ (၇) ဦးဒဏ်ရာရ

    မယ်ခါးထာစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၆) ဦးသေ (၇) ဦးဒဏ်ရာရ

    RNA_မတ်(၃၀)၊၂၀၂၃ခုနှစ်။
     
    မာနယ်ပေလောကျဆုံးပြီးချိန်မှစ၍ စစ်ကောင်စီတပ်အထိုင်ချနေသည့် သံလွင်မြစ်ကမ်းနားရှိ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းအား KNLA နှင့် မဟာမိတ်များက ပြန်လည်သိမ်းယူသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၆) ဦးသေဆုံးပြီး (၇) ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU မူတြော် သတင်းစဉ်က ယနေ့ထုတ်ပြန်ထားသည်။
     
    စစ်ကောင်စီတပ် အထိုင်ချနေထိုင်သည့် မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းစခန်းသိမ်းကို (၄၅) မိနစ်ကြာတိုက်ပွဲအပြီး မတ်လ (၂၈) ရက်နေ့ နံနက် (၅) နာရီတွင် ပြန်လည်သိမ်းပိုက်ခဲ့နိုင်ကြောင်း၊ ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သား(၇) ဦးထဲမှ (၅) ဦးသည်ထိုင်းဖက်ခြမ်းသို့ ကူးခတ်လွတ်မြောက်သွားသည့်အတွက် ထိုင်းတော်ဝင်တပ်မတော်မှနီးစပ်ရာရှိထိုင်းပြည်သူ့ဆေးရုံမှဆေးကုသမှုပေးလျှက်ရှိကြောင်း၊ တိုက်ပွဲအတွင်း KNLA နှင့် FFD ပူးပေါင်းတပ်ဖက်မှ ရဲဘော်တဦးကျဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

    (more…)

  • ပါတီဖျက်သိမ်းကြောင်း ထုတ်ပြန်သည့်အပေါ် “ ပြည်သူရှိသ၍ ပါတီရှိနေမည်” ဟု NLD ပါတီထုတ်ပြန်

    ပါတီဖျက်သိမ်းကြောင်း ထုတ်ပြန်သည့်အပေါ် “ ပြည်သူရှိသ၍ ပါတီရှိနေမည်” ဟု NLD ပါတီထုတ်ပြန်

    RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။
     
    အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ UEC က NLD နှင့် SNLD အပါအဝင် ပါတီ (၄၀) ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီမှ “ပြည်သူရှိသ၍ ပါတီရှိနေမည်”ဟု ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
     
    “၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ပြည်သူလူထု၏မျှော်မှန်းချက်များနှင့် အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ဆောင်ရွက်လျက်ရှိကာ ပြည်သူလူထု၏အဆုံးအဖြတ်ကိုသာ ခံယူနေသောပါတီဖြစ်သည်နှင့်အညီ ပြည်သူရှိသ၍ ပါတီရှိနေမည်ဖြစ်ပြီး ပြည်သူလူထု၏ မျှော်မှန်းချက်များပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံတို့ဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်သော နိုင်ငံရေးပါတီများကိုလည်း အသိအမှတ်ပြုလေးစားပါကြောင်း အသိပေးအပ်ပါသည်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

    NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂ )စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ​တော်ဝင်ဒေါင်းစစ်ကြောင်းမှရဲဘော်များ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။

    စစ်မြေပြင်၌ အထောက်ကူဖြစ်စေရန် တိုက်ပွဲဖော်ဆောင်သည့် ထိတွေ့တိုက်ပွဲငယ်များအတိုင်း လက်တွေ့ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရှေ့တန်းမထွက်မီ နောက်တန်းတွင် ကျန်ခဲ့သည့် ရဲဘော်များအနေဖြင့် လေ့ကျင့်သားပိုမိုပြည့်ဝစေရန် တိုက်ပွဲပုံစံများဖော်ဆောင်၍ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ကျင့်ခဲခြင်းဖြစ်သည်ဟု Royal Peacock Column က ဓာတ်ပုံများနှင့်တကွ အသိပေးထားသည်။ (more…)