ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။
 
ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့် အခမ်းအနားသို့ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့်၊ အခြေစိုက် မဟာမိတ် (၈) ဖွဲ့၏ ပေးပို့သည့်သဝဏ်လွှာတွင် ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှုနှင့် သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးအထူးသိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
 
NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ မြောက်ပိုင်းညီနောင်မဟာမိတ်များ၊ နိုင်ငံရေးပါတီစသည့် အဖွဲ့အစည်းများက ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့်အတွက် သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

“ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် မိမိတို့ မဟာမိတ်အဖွဲ့ တစ်ဖွဲ့ချင်းစီမှ ကျေးဇူးအထူးသိနေမည်ဖြစ်ကြောင်းနှင့် ကူညီပံ့ပိုးပေးခဲ့မှုများကိုကောင်းစွာအသုံးချ၍ အဖိနှိပ်ခံ ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် ကြံ့ကြံ့ခံ ဆက်လက် တိုက်ပွဲဝင်မည်ကိုလည်း ယနေ့ကျရောက်သော တပ်တော်၏ မွေးနေ့ရက်မြတ်အခါသမယတွင် ထပ်လောင်းပြောကြားလိုပါသည်” ဟု မဟာမိတ်(၈) ဖွဲ့၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
 
အထက်ပါ သဝဏ်လွှာပေးပို့ခဲ့သည့် မဟာမိတ်အဖွဲ့များမှာ PRA- Magway၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ကျောင်းသားလက်ရုံးတပ်တော်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေးအင်အားစု၊ CDF-Asho တို့ဖြစ်သည်။
 
#RedNewsAgency
By Editor