တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခလရ (၂၈၇) မှ (၁၅) ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး

RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။

ကရင်နီပြည်(ကယား)နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါလျာခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ (၂၈၇) အား KA ၊ KNDF စသည့် တပ်ပေါင်းစုတပ်ဖွဲ့မှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၅) ဦးအထက် သေဆုံးပြီး လက်နပ်ခဲယမ်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ၊ ဒေါလျားခူကျေးရွာ အရှေ့မျက်နှာစာ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား မတ်လ (၂၉/၃၀) ရက်နေ့က ကရင်နီတပ်မတော် (KA) ၊ KNDF ဗျူဟာ (၆)မှ တပ်ရင်းများဖြစ်သော KNDF/B (10) ၊ KNDF/B (15) ၊ နှင့် ဗျူဟာ (၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊ KNDF/B05၊ KNDF/B06 ၊KNDF/B (07) များပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“နှစ်ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင် (၁၅)ဦးနှင့်အထက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကာ ၎င်းတို့ ထံမှ MA-1 သေနတ် (၃) လက် ၊ MA-2 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက် နှင့် ဆက်စပ် ခဲယမ်းမီးကျောက်များ ၊ အသုံးဆောင်များအား သိမ်းဆည်ရရှိခဲ့ပါသည်” ဟု ယနေ့ KNDF မှ ထုတ်ပြန်ထားသည်။

(၂) ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် အထိနာ၍ မတ်လ (၃၀) ရက်နေ့ နေ့လည်ပိုင်းတွင် တိုက်လေယာဥ် (၂)စီးဖြင့် ဒေါလျားခူကျေးရွာ တောင်ပေါ်သို့ (၁၀) ကြိမ်နီးပါး ပစ်ခက်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် ကျေးရွာတစ်ရွာ၏ စာသင်ကျောင်း ဝန်းတစ်ခုကိုလည်း (၂)ကြိမ်ခန့် လှည့်ပတ် ပစ်ခဲ့သဖြင့် အရပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor