အနောက်ပိုင်းတိုင်း တပ်ရင်း (၇၀၃)နှင့် ချင်းအမျိုးသားတပ်မတော်တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၇) လက်အောက်ခံတပ်ရင်း (၇၀၃) နှင့် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်( CNF/CNA)တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

“ထိုသဘောတူစာချုပ်အရ အနောက်ပိုင်းတိုင်းတပ်ရင်း (၇၀၃)သည် တော်လှန်ရေးကို အရှိန်မြင့်တင်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေး သတင်းထုတ်ပြန်အပ်ပါသည်” ဟု တပ်ရင်း (၇၀၃)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် ( CNF/CNA)သည် အခြားသောတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနည်းတူ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော်လည်း နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီတပ်ကို ပြည်သူများနှင့်အတူ ဆန့်ကျင် တိုက်ခိုက်နေကြောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၇) လက်အောက်ခံတပ်ရင်း (၇၀၃)သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor