Cobra စစ်ကြောင်းထံ Venom စစ်ကြောင်းရှိ ရဲဘော်အားလုံး လာရောက်ပူးပေါင်း

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်အားကောင်းနေသည့် ဗိုလ်ဒါဘောဦးဆောင်သည့် Cobra စစ်ကြောင်းထံသို့ Venom စစ်ကြောင်းတစ်ကြောင်းလုံး ဧပြီလ ၆ ရက်နေ့က လာရောက်ပူးပေါင်းကြောင်း သိရသည်။

Venom စစ်ကြောင်းတစ်ကြောင်းလုံးသည် Cobra စစ်ကြောင်းထံသို့ လာရောက်ပူးပေါင်းခဲ့သည့်အတွက် ဗိုလ်ဒါဘောမှ ကော်ဘရာစစ်ဆင်ရေးမှူးအဖြစ် တာဝန်ယူကာ ကော်ဘရာစစ်ကြောင်း၏ ဖွဲ့စည်းပုံအား စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) ဟူ၍ ပြန်လည်ဖွဲ့စည်းထားသည်ဟု Cobra စစ်ကြောင်းမှ ယနေ့ ထုတ်ပြန်ထားသည်။

Cobra စစ်ကြောင်း (၁) စစ်ကြောင်းမှူး – ဗိုလ်စောကော်၊ စစ်ကြောင်း (၁) ဒုစစ်ကြောင်းမှူး – ဗိုလ်တွံတေး (ခ) စောဘလူ့ဒို့ဖြစ်ကြောင်း၊ Cobra စစ်ကြောင်း (၂) စစ်ကြောင်းမှူး – ဗိုလ်စောဝင်းမြင့်၊ စစ်ကြောင်း (၂) ဒုစစ်ကြောင်းမှူး – ဗိုလ်စောငြိမ်းချမ်းဝင်းတို့ တာဝန်ယူကြမည်ဖြစ်ကြောင်း သိရသည်။

#RedNewsAgency

By Editor