မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရိမ်ပြည်နယ်သား (၃) ဦး ချင်းပြည်နယ်အတွင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူများကို လုံလောက်သော သက်သေအထောက်အထားများနှင့်တကွ ဖမ်းဆီးရမိပြီဟု CDF – Mindat ကယနေ့ ထုတ်ပြန်ထားသည်။

မြန်မာ-အိန္ဒိယ နယ်စပ် မြန်မာဘက်ခြမ်း ချင်းပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့က မီဇိုရိမ်ပြည်နယ်သား (၃) ဦး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

မီဇိုရမ် ပြည်နယ်သား (၃) ဦး သတ်ခံရမှုနှင့် ဆက်စပ်ပြီး ကျူးလွန်သည်ဟု ယူဆရသူများကို လုံလောက်သော သက်သေများနှင့်တကွ ဖမ်းဆီးရမိပြီးဖြစ်သည့်အတွက် တရားဥပဒေနှင့်အညီ တရားစီရင်နိုင်ရေးအတွက် CDF – Mindat အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor