လူ ၃၀ ဝန်းကျင်သေဆုံးမှု

ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၂၅ လောင်း ရှာဖွေတွေ့ရှိ

ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၂၅ လောင်း ရှာဖွေတွေ့ရှိ

RNA_ ဩဂုတ်(၁၅)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ၃၇ ဦးထဲက သေဆုံးရုပ်အလောင်း ၂၅ လောင်း ယနေ့ လူမှုကယ်ဆယ်ရေးအသင်းများက ဆယ်ယူရမိကြောင်း သိရသည်။ ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ ရေမဆေးကျောက်ရှာဖွေနေသူများအပါအဝင် ကုမ္ပဏီဝန်ထမ်းတချို့နှင့် ရေမဆေးကျောက်ရှာဖွေသူ ၃၇ ဦး ပျောက်ဆုံးနေခြင်းဖြစ်‌ကြောင်း၊ ဆယ်ယူရသည့် အလောင်း (၂၅) လောင်းထဲက (၆) ဦးမှာ ပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။ (more…)
Read More
ကမ်းပါးပြိုပြီး ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ (၃၆) ဝန်းကျင်သေဆုံးဟု သတ်မှတ်

ကမ်းပါးပြိုပြီး ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ (၃၆) ဝန်းကျင်သေဆုံးဟု သတ်မှတ်

RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။ ရေမဆေးကျောက်ရှာဖွေသည့် ကျောက်ကျင်းတူးနေသူ (၃၆) ဦးထက်မနည်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်ကတည်းက နစ်မြှုပ်ပျောက်ဆုံးနေသူများ ယနေ့ နံနက် ၁၀ နာရီအထိ ရှာမရတော့သည့်အတွက် သေဆုံးပြီဟု ဒေသခံများက သတ်မှတ်ထားကြောင်း သိရသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၁)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခြင်းဖြစ်သည်။ " လက်ရှိဒီမှာကျောက်တူးနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေလည်းပါတယ်၊ အပြင်ကနေ လာတူးနေသူတွေလည်းပါတယ်၊ စာရင်းကတော့ မခွဲထားဘူး၊ ဒဏ်ရာရရှိသူ (၈)ဦးရှိတယ်"ဟု ပျောက်ဆုံးစာရင်းပြုစုနေသည့် ကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးကပြောသည်။…
Read More