News

ခင်ဦးဆေးရုံမှာ စစ်ကောင်စီလက်အောက်ခံ ၉ ဦးဆေးကုသမှုခံယူနေရ

ခင်ဦးဆေးရုံမှာ စစ်ကောင်စီလက်အောက်ခံ ၉ ဦးဆေးကုသမှုခံယူနေရ

RNA_စက်တင်ဘာ(၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့နှင့်ကံသာယာရွာအကြားတွင် ခင်ဦး ပလဖ ရဲဘော်များ၊စေတန်ဦးဆောင်သည့် MRDA ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကာ ခင်ဦးမြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု MRDA စေတန်တပ်ခွဲမှ တပ်ခွဲမှူးက ပြောသည်။ [embedyt] https://www.youtube.com/watch?v=Acnrq5AUcf0[/embedyt] #RedNewsAgency
Read More
စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၂)၊ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ခွဲ (၁) Infinite Revolution Force -I.R.F က AK 47 ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း သိရသည်။   “ထုတ်လုပ်သည့်သေနတ်အမျိုးအစားကို AK47ဟု ခေါ်ဆို၍ ထုတ်လုပ်သည့်နေရာသည် စစ်ကိုင်းတိုင်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ထုတ်လုပ်ထားသော AK47ကို "AK47 MADE IN SAGAING” (သို့မဟုတ်) "SAGAING MADE AK 47” ဟုခေါ်ဆိုသွားပါမည်” ဟု Infinite Revolution Force ကထုတ်ဖော်ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=1nu23bVkAYo[/embedyt]   "AK 47 MADE…
Read More
စားအုန်းဆီ ၅၀ သားရရှိရေး ရန်ကုန်မြို့မှာ တန်းစီဝယ်နေရ

စားအုန်းဆီ ၅၀ သားရရှိရေး ရန်ကုန်မြို့မှာ တန်းစီဝယ်နေရ

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားအုန်းဆီ ၅၀ သားကို ၂၀၀၀ ကျပ်နှင့်ရောင်းချနေသည့်အတွက် ယနေ့ နံနက်ပိုင်းက တန်းစီဝယ်ခဲ့ကြရကြောင်း သိရသည်။ စားအုန်းဆီ တစ်ပိဿာကို ၁၁၀၀၀ ကျပ်အထိ စျေးတက်သွားခဲ့သည့်အတွက် ရန်ကုန်မြို့နယ်တော်တော်များများတွင် တစ်ပိဿာကို ၄၄၀၀ ကျပ်နှင့် ရောင်းချပေးနေသည့် သတင်းနှင့်အတူ တန်းစီဝယ်ယူနေကြကြောင်း၊ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လမ်းမတော်သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားဆီ ၅၀ သား၊ ကျပ် ၂၂၀၀ဖြင့် နေရာ ၃ ခုလောက် ရောင်းချခဲ့ကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=GznMcuCZioA[/embedyt] "အခုက ဆီတစ်ဗူး ၅၀သားပေါ့၊…
Read More
အိန္ဒိယအစိုးရ မြန်မာစစ်ကောင်စီနှင့်ပူးပေါင်းခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေ

အိန္ဒိယအစိုးရ မြန်မာစစ်ကောင်စီနှင့်ပူးပေါင်းခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေ

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။ သက်တန်းအရှည်ကြာဆုံး ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံဟု ပြောဆိုနေသည့် အိန္ဒိယနိုင်ငံအစိုးရသည် အာဏာသိမ်းမြန်မာစစ်ကောင်စီနှင့်ပူးပေါင်းနေခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့- Burma Affairs and Conflict Study ဦးဆောင်သူ မခရစ္စတင်းက ပြောသည်။ BACS နှင့် India for Myanmar တို့ ပူးပေါင်း၍ စစ်အာဏာသိမ်းပြီး လပေါင်း (၃၀) အတွင်း အိန္ဒိယနိုင်ငံ၏ မြန်မာ့ရေးရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေသုံးသပ် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို ဩဂုတ်လ (၃၀) ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့သည်။ (more…)
Read More

စားအုန်းဆီ တပိဿာကို ၄၄၀၀ကျပ်နဲ့ ရောင်းချပေးနေ

RNA_ဩဂုတ်(၃၀)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့မှာ စားအုန်းဆီတပိဿာ ကျပ် တသောင်းအထိ မြင့်တက်လာချိန်မှာ ဒညှင်းကုန်းစျေးမှာတော့ တပိဿာကို ၄၄၀၀ကျပ်နဲ့ ရောင်းချပေးနေတာကြောင့် လူအများကြီးတန်းစီဝယ်ယူနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။ [embedyt] https://www.youtube.com/watch?v=kkWRFK_tjJo[/embedyt] ဒီနေ့ သြဂုတ်လ၃၀ရက်မှာ‌တော့ စားအုန်းဆီ တပိဿာ ၉၀၀၀၊၉၅၀၀ကျပ်နဲ့ ၁၀ ပိဿာစျေးနှုန်းကို ၈၅၀၀ကျပ်အထိ ပြန်ကျသွားတယ်လို့ Red News Agencyက စုံစမ်းသိရှိရပါတယ်။ #RedNewsAgency
Read More
လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

RNA_ဩဂုတ်(၂၉)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်း သိမ်းပိုက်ထားမှုအခြေအနေများနှင့် ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=AnlseoIZ8HY[/embedyt] Red News Agency
Read More
ဆန်တပြည် ၁၀၀ ကျပ်နှင့် အခြေခံလူတန်းစားများရဲ့ဒုက္ခ

ဆန်တပြည် ၁၀၀ ကျပ်နှင့် အခြေခံလူတန်းစားများရဲ့ဒုက္ခ

RNA_ဩဂုတ် (၂၈)၊ ၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ ဘဝမြင့်မှတ်တိုင်အနီးရှိ  Aladdin Men Fashion ဆိုင်က ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံး ၁၀၀ ကျပ်နှင့် ဩဂုတ်လ ၂၇ ရက်နေ့က ရောင်းချပေးခဲ့သည့်အတွက် ပြည်သူ တစ်သောင်းခန့် ဒုက္ခခံကာ တန်းစီဝယ်ခဲ့ကြသည်။ [embedyt] https://www.youtube.com/watch?v=q-HMxTQjfnw[/embedyt] ရောင်းချမည့်အရေအတွက်က လူ ၅၀၀ ဖြစ်သည့်အတွက် ရန်ကုန်မြို့နယ်ပေါင်းစုံက အခြေခံလူတန်းစားများ နံနက်စောစော အိပ်ရေးပျက်၊ အချိန်ကုန်၊ ဒုက္ခခံလာရောက်ခဲ့ကြသော်လည်း မရရှိခဲ့သူများရှိကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန်ဆီဆား အခြေခံ စားသောက်ကုန်စျေးနှုန်းမြင့်မားမှုကြောင့် ရန်ကုန်မြို့ အလုပ်သမား ဆင်းရဲသား အခြေခံလူတန်းစားများ အတော်ဒုက္ခရောက်နေကြရပြီဖြစ်ကြောင်း…
Read More
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

RNA_ဩဂုတ်(၂၈)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတော့မြောက်စုရွာအနောက်ဘက် ( ဒေသအခေါ် ကျွန်းနစ်ကုန်းနှင့် တမာချာက်ရိုးကြား) တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လမ်းပိုင်းဆိုင်ရာအတွက် လုံခြုံရေးကင်းလှည့် စစ်ကောင်စီတပ်နှင့်တွေ့ပြီး ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=1-_Ew1Tmyrs[/embedyt] ပေါက်မြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် လမ်းပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ကင်းလှည့်နေသည့် ပေါက် ပကဖနှင့် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင် ပကဖ ရင်း (၃) ခွဲ(၅) ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးကို မသိရသေးကြောင်း မြိုင်…
Read More
ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို တပ်မ (၃၃)မှ ဗိုလ်မှူးမင်းထက်အောင် စီစဉ်လုပ်ဆောင်နေ 

ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို တပ်မ (၃၃)မှ ဗိုလ်မှူးမင်းထက်အောင် စီစဉ်လုပ်ဆောင်နေ 

RNA_ဩဂုတ်(၂၅)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ချိန်းခြောက်ငွေညှစ်နေသည့် ကိစ္စများကို လုပ်ဆောင်နေသည့် ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို ဦးဆောင်စီစဉ်ညွှန်ကြားနေသူမှာ စစ်ကောင်စီတပ် တပ်မ (၃၃)မှ ဗိုလ်မှူး မင်းထက်အောင် ဖြစ်ကြောင်း ဖမ်းဆီးခံရသူ ဗိုလ်စောမောင်ဆိုသူက ဝန်ခံထားသည်။ ဖားကန့်၌ ၂၀၂၃ ခုနှစ်အတွင်း ဈေးဆိုင်များအား တောင်းသည့်ငွေမပေးပါက သတ်ပစ်မည်ဟု ချိန်းခြောက်ငွေညစ်တောင်းခံသည့် ပျူအဖွဲ့မှ ဗိုလ်စောမောင်ဆိုသူအား KPDFက ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ တပ်မ (၃၃) ဗိုလ်မှူး မင်းထက်အောင် ကိုယ်တိုင်စီစဉ်ညွှန်ကြားကြောင်း သိရသည်။ "ဒီဗျူဟာကုန်းကပဲ ဗိုလ်မှူး မင်းထက်အောင်ကို အစုပေးရတယ်၊ နောက် ဗိုလ်ကြီးဗညားဆိုတာက ကျနော်တို့နဲ့ အလုပ်တွဲလုပ်ရတာ၊ ဗိုလ်ဗညားဆိုတာက အထူး ကွန်မန်ဒိုထဲက" ဟု ခြိမ်းခြောက်တောင်းယူထားသည့် ငွေသိန်း(၃၀)နှင့်…
Read More
ကရင်နီပြည်ရဲဌာန (၂) နှစ်ပြည့်အထိမ်းအမှတ် အကျဉ်းသား (၃၈) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ကရင်နီပြည်ရဲဌာန (၂) နှစ်ပြည့်အထိမ်းအမှတ် အကျဉ်းသား (၃၈) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

RNA_ဩဂုတ်(၂၅)၊၂၀၂၃ ခုနှစ်။  ကရင်နီပြည်နယ်အတိုင်ပင်ကောင်စီနှင့် ကြားကာလ ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ၏ ကြပ်မတ်လမ်းညွှန်မှုဖြင့် ကရင်နီပြည်ရဲဌာန ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဖြင့် ယနေ့တွင် အကျဉ်းသား (၃၈) ဦးကို ပြစ်ဒဏ်လျော့ပေ့ါကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။  ကရင်နီပြည်ရဲဌာနကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ၂ နှစ်ပြည့်ချိန်တွင် ခိုးမှု၊ မူးယစ်ဆေးမှုအပါအဝင် အမှု (၃၆၂) မှုကိုအရေးယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ကျူးလွန်ခဲ့သည့် မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် နမ်းနိမ်းကျေးရွာဘုန်းကြီးကျောင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပ မီဒီယာများသို့ ချပြခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်း…
Read More