ဖရူဆို

ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

RNA_ဩဂုတ်(၁၉)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့မှ ဖရူဆိုဖက်သို့ ဦးတည်သည့် ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် (၇၀) ဝန်းကျင်သေဆုံးသည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။ " သြဂုတ်လ (၁၀) ရက်နေ့မှ (၁၂) နေ့အတွင်း ငွေတောင်ရွာသစ် နှင့် ထီးသော်ကူးရွာတို့တွင် တိုက်ပွဲများအထူးပြင်းထန်ခဲ့ကာ မိမိတို့ပူးပေါင်းတပ်များမှ ညီညွတ်စွာ ချေမှုန်းတိုက်ခိုက်ခဲ့၍ တပ်မ (၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၁၁၂) မှ တပ်ဖွဲ့ဝင်(၄၅)ဦးနီးပါး ထိခိုက်သေဆုံးပြီး၊ ခလရ(၃)မှ တပ်ရင်းမှူး နှင့် ဒုရင်းမှူး အပါအဝင် (၂၆)ဦးခန့် ထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ်အစုံ(၁၅)လက်၊ လက်နက်ကြီး(၁) လက်…
Read More
စစ်ဘေးကြောင့် ကရင်နီပြည်မှာ ဆန်အစားထိုး ပြောင်း‌ကောက် စားနေရ 

စစ်ဘေးကြောင့် ကရင်နီပြည်မှာ ဆန်အစားထိုး ပြောင်း‌ကောက် စားနေရ 

RNA_ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည် (ကယား)၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူးဆို မြို့နယ်ကြားက ကျေးရွာတွေမှာ ဆန်မရှိတော့သည့်အတွက် အရက်ချက်ရာတွင် အသုံးပြုသည့် ပြောင်းကောက်ကို ချက်စားနေရကြောင်း ဒေသခံတချို့ထံက သိရသည်။   ဆန်ပြတ်လတ်သည့် ကျေးရွာများမှာ စစ်ဘေးကြောင့် ရှောင်တိမ်းနေကြရသူများရှိပြီး ခရီးသွားလာရေးနှင့် စားနပ်ရိက္ခာဝယ်ယူရေး မလွယ်ကူတော့ကြောင်း၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း၊ ကရင်နီပြည်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး ဆေးဝါး၊ စားနပ်ရိက္ခာများ ဖြတ်ထားကြောင်း သိရသည်။ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူးဆိုစသည့် မြို့နယ်များမှာ နေ့စဉ်နှင့်အမျှတိုက်ပွဲဖြစ်နေပြီး၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခတ်မှုများကြောင်း ‌စစ်ဘေးရှောင်နှင့် ပြည်သူများ သေဆုံးနေကြရကြောင်း၊ ဆေးဝါးနှင့်ရိက္ခာအတွက်…
Read More
ညပိုင်းက လေကြောင်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် (၈) နှစ်အရွယ် ကလေးငယ်အပါအဝင် (၃) ဦးသေဆုံး

ညပိုင်းက လေကြောင်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် (၈) နှစ်အရွယ် ကလေးငယ်အပါအဝင် (၃) ဦးသေဆုံး

RNA_ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာအုပ်စု၊ ရီခီးဘူးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ပြီးခဲ့သည့်ည (၁) နာရီ (၄၀) မိနစ် ( ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁ နာရီ ၄၀ မိနစ်) ဝန်းကျင်က စစ်ဘေးရှောင်များ ရှိသည့်နေရာ စစ်ကောင်စီတပ် လေယာဥ်ဖြင့် ဗုံးကြဲပစ်ခတ်သည့်အတွက် (၈) နှစ်အရွယ်ကလေးငယ် အပါအဝင် (၃) ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ရီခီးဘူးကျေးရွာတွင် လာရောက်စစ်ဘေးရှောင်သူ အများအပြားရှိခဲ့ပြီး ဗုံးကြဲပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် အမျိုးသမီးကလေးသူငယ် အသက်(၈)နှစ်၊ အမျိုးသမီးအသက်(၁၈)နှစ်၊ အမျိုးသားအသက် (၇၅)နှစ်တို့ သေဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူလူထုကို အကြောင်းမဲ့…
Read More
အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် မီးရှို့သတ်ခံရသူ (၃၅) ဦး ဈာပန ပြုလုပ်

အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် မီးရှို့သတ်ခံရသူ (၃၅) ဦး ဈာပန ပြုလုပ်

RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး အရှင်လတ်လတ် မီးရှို့သတ်ခံရသည့် အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် ပြည်သူ (၃၅) ဦး၏ ကျန်ရစ်သည့် အလောင်းများကို ဒေသခံပြည်သူများနှင့် ကရင်နီပြည်သူ့ကာကွယ်ရေတပ် ရဲဘော်များက သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။ မိုဆိုကျေးရွာအနီး စစ်ဘေးရှောင်ရန် ထွက်ခွါလာသည့် ပြည်သူ (၃၅) ဦးကို စစ်ကောင်စီတပ် တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၁၀၈) တပ်ဖွဲ့အပါအဝင် စစ်ကောင်စီတပ်သားများက ဒီဇင်ဘာလ ၂၄ ရက်နေ့က ကြိုးတုပ် ကားများပေါ်တင်ကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြခြင်း ဖြစ်သည့်အတွက် ဒေသခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ယင်းဖြစ်ရပ်အတွက် စစ်ကောင်စီတပ်ကို အရေးယူနိုင်ရေး…
Read More