သတင်း

ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား တိုက်ပွဲဝင်ရင်း ကျဆုံး 

ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား တိုက်ပွဲဝင်ရင်း ကျဆုံး 

RNA_စက်တင်ဘာ (၇) ရက်၊၂၀၂၃ ခုနှစ်။ ကျောင်းသားလက်ရုံးတပ်တော်မှ တပ်စုမှူး ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ် ( Nautical Science Major) ကျောင်းသား ရဲဘော် သောမတ်စ် ယမန်နေ့ တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး၌ တိုက်ပွဲဝင်ရင်း ရဲဘော်သောမတ်စ် ရန်သူလက်တွင်းသို့ ကျရောက် ဖမ်းဆီးခံခဲ့ရသော်လည်း နောက်ဆုံးအချိန်ထိ ရန်သူအား ခုခံကာကွယ်ရင်း တော်လှန်ရေးအတွက် ရဲဝံ့စွာ အသက်ပေးလှူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျောင်းသားလက်ရုံးတပ်တော်မှ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို မမှိတ်မသုန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ရဲဘော်သောမတ်စ် ကျဆုံးမှုအား လေးမြတ်စွာ ဦးညွှတ်အလေးပြုအပ်ပါသည်ဟု ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

RNA_စက်တင်ဘာ(၇)၊၂၀၂၃ ခုနှစ်။   တိုင်းပြည်၏ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်တာဖြစ်သည့်အတွက် ပြည်သူ့အာဏာကို မင်းအောင်လှိုင်ဘယ်တော့မှမရရှိနိုင်ကြောင်း ယနေ့ကျရောက်သည့် ပြည်သူ့ခုခံစစ် ကြေညာခြင်း (၂) နှစ်ပြည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းကာ သတိပေးထားသည်။   #RedNewsAgency
Read More
ခုခံတော်လှန်စစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀၇ ခု သိမ်းပိုက်နိုင်ခဲ့ 

ခုခံတော်လှန်စစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀၇ ခု သိမ်းပိုက်နိုင်ခဲ့ 

RNA_စက်တက်ဘာ(၇)၊၂၀၂၃ ခုနှစ်။  နွေဦးတော်လှန်ရေး ခုခံစစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း (၁၀၇) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ် (၂) နှစ်ပြည့်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။  ခုခံတွန်းလှန်စစ် ပထမနှစ်တွင် စစ်ကောင်စီတပ်စခန်း (၂၈) ခုသာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဒုတိယနှစ်တွင် စစ်ကောင်စီတပ်စခန်း (၁၀၇) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ခုခံစစ် ဒုတိယနှစ်အတွင်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် လက်တွဲ၍ ပြောက်ကျားစစ် သာမက သမရိုးကျစစ် အဆင့်သို့ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  (more…)
Read More
Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခံရ 

Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခံရ 

RNA_စက်တင်ဘာ(၆)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်၊ အထူးတရားရုံးမှ စစ်ကောင်စီလက်အောက်ခံများက ယနေ့ (စက်တင်ဘာ ၆ ရက်) တွင် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချလိုက်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းအခြေအနေများကိုသွားရောက် မှတ်တမ်းတင်စဉ် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က စစ်တွေမြို့၌ ကိုစိုင်းဇော်သိုက် ဖမ်းဆီးခံလိုက်ရကြောင်း၊ ကိုစိုင်းဇော်သိုက်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ…
Read More
စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

RNA_စက်တင်ဘာ(၃)၊၂၀၂၃ ခုနှစ်။ ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင် းဆန်တက်လာသော စစ်ကောင်စီတပ်၏ ရိက္ခာနှင့်လက်နက်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်( ၈) စီးနှင့် သ‌င်္ဘော( ၃) စီးပါဝင်သည့် ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဆားလင်းကြီးအကြားတွင် MRDA နှင့်ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို MRDA စေတန်တပ်ခွဲမှဦးဆောင်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့များဖြစ်သော မုံရွာခရိုင်၊ တပ်ရင်း( ၁၁) တပ်ခွဲ( ၃)၊ Royal Alliance အဖွဲ့များမှ ဩဂုတ်လ ၂ ရက်နေ့ နေလယ် ၃ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၁)နာရီခန့်ဖြစ်ပွားခဲ့ကြောင်း MRDA ‌စေတန် တပ်ခွဲမှူးထံမှ သိရသည်။ (more…)
Read More
လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို ယနေ့အထိ ကော်ဘရာစစ်ကြောင်း စိုးမိုးထား

လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို ယနေ့အထိ ကော်ဘရာစစ်ကြောင်း စိုးမိုးထား

RNA_စက်တင်ဘာ(၁)၊၂၀၂၃ ခုနှစ််။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ၊ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို KNU/KNLA တပ်မဟာ (၆) ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ( စက်တင်ဘာလ ၁ ရက်) အထိ နယ်မြေထိန်းချုပ်ကာ စိုးမိုးထားသည်ဟု Cobra Column တပ်ခွဲ - ၃ က အသိပေးထားသည်။ "မိဘပြည်သူများ ပို့သတဲ့မေတ္တာနဲ့ အားပေးဝန်းရံဖေးမကူညီမှု့များကြောင့် ကောင်ဘရာစစ်ကြောင်းစစ်သည်ရဲဘော်များ ဘေးကင်းလုံခြုံစွာနဲ့ တော်လှန်ရေးတာဝန်များကို ကျေပြွန်စွာထမ်းရွက်လျှက်ရှိနေကြပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်" ဟု Cobra Column တပ်ခွဲ - ၃ က ရုပ်သံနှင့်တကွ အသိပေးထားသည်။   #RedNewsAgency
Read More
ခင်ဦးဆေးရုံမှာ စစ်ကောင်စီလက်အောက်ခံ ၉ ဦးဆေးကုသမှုခံယူနေရ

ခင်ဦးဆေးရုံမှာ စစ်ကောင်စီလက်အောက်ခံ ၉ ဦးဆေးကုသမှုခံယူနေရ

RNA_စက်တင်ဘာ(၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့နှင့်ကံသာယာရွာအကြားတွင် ခင်ဦး ပလဖ ရဲဘော်များ၊စေတန်ဦးဆောင်သည့် MRDA ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကာ ခင်ဦးမြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု MRDA စေတန်တပ်ခွဲမှ တပ်ခွဲမှူးက ပြောသည်။ #RedNewsAgency
Read More
စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၂)၊ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ခွဲ (၁) Infinite Revolution Force -I.R.F က AK 47 ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း သိရသည်။   “ထုတ်လုပ်သည့်သေနတ်အမျိုးအစားကို AK47ဟု ခေါ်ဆို၍ ထုတ်လုပ်သည့်နေရာသည် စစ်ကိုင်းတိုင်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ထုတ်လုပ်ထားသော AK47ကို "AK47 MADE IN SAGAING” (သို့မဟုတ်) "SAGAING MADE AK 47” ဟုခေါ်ဆိုသွားပါမည်” ဟု Infinite Revolution Force ကထုတ်ဖော်ပြောကြားထားသည်။   "AK 47 MADE IN SAGAING"(သို့အဟုတ်)…
Read More
စားအုန်းဆီ ၅၀ သားရရှိရေး ရန်ကုန်မြို့မှာ တန်းစီဝယ်နေရ

စားအုန်းဆီ ၅၀ သားရရှိရေး ရန်ကုန်မြို့မှာ တန်းစီဝယ်နေရ

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားအုန်းဆီ ၅၀ သားကို ၂၀၀၀ ကျပ်နှင့်ရောင်းချနေသည့်အတွက် ယနေ့ နံနက်ပိုင်းက တန်းစီဝယ်ခဲ့ကြရကြောင်း သိရသည်။ စားအုန်းဆီ တစ်ပိဿာကို ၁၁၀၀၀ ကျပ်အထိ စျေးတက်သွားခဲ့သည့်အတွက် ရန်ကုန်မြို့နယ်တော်တော်များများတွင် တစ်ပိဿာကို ၄၄၀၀ ကျပ်နှင့် ရောင်းချပေးနေသည့် သတင်းနှင့်အတူ တန်းစီဝယ်ယူနေကြကြောင်း၊ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လမ်းမတော်သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားဆီ ၅၀ သား၊ ကျပ် ၂၂၀၀ဖြင့် နေရာ ၃ ခုလောက် ရောင်းချခဲ့ကြောင်း သိရသည်။ "အခုက ဆီတစ်ဗူး ၅၀သားပေါ့၊ ၂၂၀၀ နဲ့ရောင်းပေးတာ။…
Read More
အိန္ဒိယအစိုးရ မြန်မာစစ်ကောင်စီနှင့်ပူးပေါင်းခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေ

အိန္ဒိယအစိုးရ မြန်မာစစ်ကောင်စီနှင့်ပူးပေါင်းခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေ

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။ သက်တန်းအရှည်ကြာဆုံး ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံဟု ပြောဆိုနေသည့် အိန္ဒိယနိုင်ငံအစိုးရသည် အာဏာသိမ်းမြန်မာစစ်ကောင်စီနှင့်ပူးပေါင်းနေခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့- Burma Affairs and Conflict Study ဦးဆောင်သူ မခရစ္စတင်းက ပြောသည်။ BACS နှင့် India for Myanmar တို့ ပူးပေါင်း၍ စစ်အာဏာသိမ်းပြီး လပေါင်း (၃၀) အတွင်း အိန္ဒိယနိုင်ငံ၏ မြန်မာ့ရေးရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေသုံးသပ် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို ဩဂုတ်လ (၃၀) ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့သည်။ (more…)
Read More