သတင်း

အီရန်နိုင်ငံမှာ အမျိုးသမီးဂျာနယ်လစ် (၂) ဦး ထောင်ဒဏ် ၁၀ နှစ်ကျော်စီချမှတ်ခံရ

အီရန်နိုင်ငံမှာ အမျိုးသမီးဂျာနယ်လစ် (၂) ဦး ထောင်ဒဏ် ၁၀ နှစ်ကျော်စီချမှတ်ခံရ

မောင်လူအေး (လှည်းတန်း)၊RNA_အောက်တိုဘာ(၂၄)၊၂၀၂၃ ခုနှစ်။ အီရန်နိုင်ငံမှာ အမျိုးသမီးဂျာနယ်လစ် Niloofar Hamedi နှင့် Elaheh Mohammadi တို့ကို အမေရိကန်အစိုးနှင့် ပူးပေါင်းခြင်း၊ နိုင်ငံတော်လုံခြုံရေးကိုဆန့်ကျင်ခြင်းတို့အတွက် အီရန်တော်လှန်ရေးတရားရုံးက ထောင်ဒဏ် (၁၃) နှစ် နှင့် (၁၂) နှစ် အမိန့်ချမှတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ သိရသည်။ အမေရိကန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဆိုကာ Niloofar Hamedi ကိုထောင်ဒဏ် ၇ နှစ်နှင့် Elaheh Mohammadi ကို ထောင်ဒဏ် ၆ နှစ်၊ နိုင်ငံတော်လုံခြုံရေးကို ဆန့်ကျင်သည့်အတွက်ဟုဆိုကာ ထောင်ဒဏ် ၅ နှစ်စီ၊ ဝါဒဖြန့်မှုအတွက် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရသည့်အတွက် Niloofar Hamedi…
Read More
ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ထိုင်းနိုင်ငံရှိမွတ်စလင်များ ဆန္ဒဖော်ထုတ်

ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ထိုင်းနိုင်ငံရှိမွတ်စလင်များ ဆန္ဒဖော်ထုတ်

မောင်လူအေး(လှည်းတန်း)/အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ပါလက်စတိုင်းများကိုထောက်ခံသည့် ထိုင်းနိုင်ငံရှိ ရာချီသည့် မွတ်စလင်လူထုက ဘန်ကောက်ရှိ အစ္စရေးသံရုံးရှေ့မှာ စုဝေးကြပြီး  အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းစေဖို့နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ယနေ့ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့သည်။ ဒီနေ့ ဆန္ဒဖော်ထုတ်ပွဲကို ထိုင်းနိုင်ငံရှိ ရှီးယားမွတ်စလင်အဖွဲ့ခွဲခေါင်းဆောင် Syed Sulaiman Husaini က ဦးဆောင်ပြီး ဂါဇာကမ်းမြောင်မှာ အစွန်းရောက်လူမျိုးရေးခွဲခြားမှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြသည်။ (more…)
Read More
ဟားမတ်စ်အဖွဲ့၏ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားဆယ်ကျော်သက်နှင့်သူမ၏ မိခင်တို့ ပြန်လည်လွတ်မြောက်

ဟားမတ်စ်အဖွဲ့၏ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားဆယ်ကျော်သက်နှင့်သူမ၏ မိခင်တို့ ပြန်လည်လွတ်မြောက်

မောင်လူအေး(လှည်းတန်း)/ RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ဟားမတ်စ် စစ်သွေးကြွအဖွဲ့က ဖမ်းဆီးသွားသည့် အမေရိကန်နိုင်ငံသား ဆယ်ကျော်သက် Natalie Raanan နှင့် မိခင်ဖြစ်သူ Judith Raanan တို့ ဖမ်းဆီးခံရပြီးနောက် နှစ်ပတ်အကြာ သောကြာနေ့က ပြန်လွတ်လာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ချီကာကိုမြို့မှာ နေထိုင်သည့် ဖခင်ဖြစ်သူ Uri Raanan ပြောသည်။ "သူမနေကာင်းပါတယ်၊ သူမကောင်းကောင်း ကျန်းမာပါတယ်၊ သူမနဲ့ဖုန်းပြောရပါတယ်" လို့ Natalie Raanan ၏ ဖခင်ဖြစ်သူက ပြောကြားထားသည်။ လွတ်မြောက်လာတဲ့ Natalie Raanan နှင့် မိခင်ဖြစ်သူ Judith Raanan တို့သည် မိသားစုနှင့် ပြန်လည်တွေ့ဆုံရန် အစ္စရေးအလယ်ပိုင်းရှိ စစ်တပ်အခြေစိုက်စခန်းကို ထွက်ခွာလာပြီဟု အစ္စရေးဝန်ကြီချုပ်…
Read More
မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ဒေါနစစ်ကြောင်၊ ရေးပြောက်ကျားတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ်၊ ABSDF တပ်ရင်း (၁) ရဲဘော်များ အောက်တိုဘာလ ၂၀ ရက်နေ့က ရေးမြို့နယ်အတွင်း ဖော်ဆောင်သည့် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများရှိသည့် ရေးတံတားဂိတ်၊ ကျုံလောင်းရွာနှင့် ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေး ရာညာခြံအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လူနာသယ်ဆောင်လာသည့် ကားတို့ကို စစ်ကောင်စီတပ်က တိုက်ခိုက်ခြင်းအပါအဝင် ယမန့်က တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီဝန်းကျင်ရှိကြောင်း သိရသည်။ ယမန့်နေက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ၁၂ ဦးဒဏ်ရာရရှိပြီး ၂ ဦးစိုးရိမ်ရကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ…
Read More
စစ်ကောင်စီတပ်စစ်ကြောင်းကို PDF များ စောင့်ကြိုတိုက်ခိုက်

စစ်ကောင်စီတပ်စစ်ကြောင်းကို PDF များ စောင့်ကြိုတိုက်ခိုက်

RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှ ထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခဲပင်အင်းအရှေ့ဘက်အရောက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ စတင်ကာ ဆက်တိုက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။   အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့နှင့် အခြားပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာလ ၁၇ ရက်နေ့က ခဲပင်အင်းအရှေ့ဘက်မှစတင်တိုက်ခိုက်ခဲ့ကြောင်း၊ ၁၈ ရက်နေ့တွင်လည်း ခဲအင်ပင်းရွာအတွင်း ဝင်ရောက်နေသည့် ယင်းစစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ခဲပင်အင်းရွာမှထွက်သွားစဉ် ညောင်ရင်းရွာဘက်အရောက်တွင်လည်း ပစ်ခတ်ခဲ့ကြကြောင်း မြိုင်ပကဖမှ ထုတ်ပြန်ထားသည်။   ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် တလျှောက်လုံး ဒရုန်းဗုံးများ၊…
Read More
ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံး ထိုင်းနိုင်ငံသား ၈ ဦး ရုပ်အလောင်းများ ထိုင်းလေဆိပ်ရောက်ရှိ

ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံး ထိုင်းနိုင်ငံသား ၈ ဦး ရုပ်အလောင်းများ ထိုင်းလေဆိပ်ရောက်ရှိ

RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။ ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံးသူ ထိုင်းနိုင်ငံသား ၈ ဦး၏ ရုပ်အလောင်းများကို အလုပ်သမားဝန်ကြီးဌာန အကြီးတန်းအရာရှိများက နာရေးဗင်ကားများ ပန်းခွေများနှင့်အတူ ယနေ့ နံနက်ပိုင်းမှာ Suvarnabhumi လေဆိပ်မှာ လက်ခံရယူခဲ့သည်ဟု ထိုင်းအလုပ်သမားဝန်ကြီး Pipat Ratchakitprakarn က ပြောကြားထားသည်။ အဆိုပါလေဆိပ်သို့ ထိုင်းနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး Ms Orna Sagiv က အစ္စရေးနိုင်ငံမှာ ဟားမတ်စ်များ၏ သတ်ဖြတ်ခြင်ခံရသည့် င်းအလုပ်သမား ၈ ဦး ရုပ်အလောင်းတွေကို Suvarnabhumi လေဆိပ်မှာ လာရောက် ဂါရဝပြုခဲ့သည်။ (more…)
Read More
အစ္စရေးနှင့် ယူကရိန်းတို့ကို ‌ဒေါ်လာဘီလီယံများစွာ စစ်ရေးအကူညီများပေးမည်ဟု အမေရိကန်သမ္မတ Joe Biden ပြောကြား

အစ္စရေးနှင့် ယူကရိန်းတို့ကို ‌ဒေါ်လာဘီလီယံများစွာ စစ်ရေးအကူညီများပေးမည်ဟု အမေရိကန်သမ္မတ Joe Biden ပြောကြား

RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ခုနှစ်။ စစ်မက်ဖြစ်ပွားနေသည့ အစ္စရေးနှင့် ယူကရိန်းစစ်ပွဲတို့အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ စစ်ရေးအကူအညီများကို ပေးမည်ဟု အမေရိကန် သမ္မတ Joe Bidenက အိမ်ဖြူတော်ဘဲဥပုံရုံးခန်းကနေ ယမန်နေ့က အမေရိကန်လူထုကို နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် တိုက်ရိုက်‌ထည့်သွင်း ပြောကြားခဲ့သည်။ အမေရိကန်များ၏ ခေါင်းဆောင်မှုနှင့်အတူ ကမ္ဘာကြီးကို အတူတကွ ထိန်းသိမ်းကြမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့် ပဋိပက္ခများဝေးနေသေးတယ်လို့ ထင်ရကြောင်း၊ အမေရိကန်များအတွက် အမျိုးသားလုံခြုံရေးသည် တကယ်ကို မရှိမဖြစ်လိုအပ်ကြောင်း၊ အစ္စရေးနှင့်ယူကရိန်း နှစ်နိုင်ငံအတွက် စစ်ရေးအကူညီတွေပေးဖို့အတွက် ကွန်ဂရက်လွှတ်တော်ကို ဘီလီယံပေါင်းများစွာ တောင်းခံထားသည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။ (more…)
Read More
အမေရိကန် ဂျာနယ်လစ် Alsu Kurmasheva ရုရှားမှာ ဖမ်းဆီးခံရ

အမေရိကန် ဂျာနယ်လစ် Alsu Kurmasheva ရုရှားမှာ ဖမ်းဆီးခံရ

RNA_အောက်တိုဘာ(၁၉)၊၂၀၂၃ ခုနှစ်။ ရုရှား - အမေရိကန် ဂျာနယ်လစ် Editor Alsu Kurmasheva (RFE-RL , Radio Free Europe - Radio Liberty ) ကို နိုင်ငံခြားသတင်းထောက်အဖြစ် မှတ်ပုံမတင်သည့်အတွက် ရုရှားအစိုးရက ဖမ်းဆီးကာ တရားစွဲဆိုလိုက်သည်ဟု Alsu Kurmasheva ၏ လုပ်ငန်းခွင်မှ တာဝန်ရှိသူက ပြောကြားထားသည်။ RFE/RL’s Tatar-Bashkir သတင်းဌာန အယ်ဒီတာ Alsu Kurmasheva ကို ယာယီထိန်းရေးစခန်းမှာ ချုပ်နှောင်ထားသည်ဟု ရုရှား အစိုးရသတင်းဌာန ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ပြောကြားထားသည်။ အမေရိကန်အစိုးရ ရန်ပုံငွေထောက်ပံ့ထားသည့် Radio Free…
Read More
လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

ဖားကန့် အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး အောက်တိုဘာလ ၁၈ ရက်နေ့ ည (၉)နာရီ ကျော်ခန့်က လုံခြုံရေးတင်းကြပ်ထားသည့် နေမင်းကမ္ဘာကုမ္ပဏီ လုပ်ကွက်အတွင်း ‌အမြင့်ပေ (၇၀) ခန့်တွင်ရှိသည့် ခေါင်းပေါင်းမြေစာအား ဖယ်ရှားရာမှ မြေပြိုပြီး အောက်တွင်ရေမဆေးကျောက်ရှာနေသည့် ပြည်သူတချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြေပြိုဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာသူ လှကျော်စံ (၁၈)နှစ် သေဆုံးပြီး မှော်ပုံကျေးရွာနေသူ ကိုစိုးမိုးနှင့် ဆန်ခါကျေးရွာနေသူ ကိုကျော်ထက်တို့ အပြင်းအထန်ဒဏ်ရာများရရှိခဲ့ကြောင်း ကနဦး သိရသည်။ မြေပြိုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ကျေးရွာမှ ဒေသခံတစ်ဦးက "သေဆုံးသူက ဒီထက်များနိုင်တယ်ဗျ၊ သတင်းဖုံးချင်တာဖြစ်မယ်၊ ရေမဆေးကလည်း နေရာတိုင်းရှာခွင့်မပြုဘူးဗျ၊…
Read More
ထိုင်းဝန်ကြီးချုပ်က ရုရှားသမ္မတကို အလည်လာရန် ဖိတ်ခေါ်

ထိုင်းဝန်ကြီးချုပ်က ရုရှားသမ္မတကို အလည်လာရန် ဖိတ်ခေါ်

RNA_အောက်တိုဘာ(၁၉)၊၂၀၂၃ ခုနှစ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းနေသည့် ခေတ်သစ်ပိုးလမ်းမ ခါးပတ်လမ်းစီမံကိန်း အစည်းအဝေး အပြီးမှာ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ရုရှသမ္မတ ဗလာဒီမာပူတင်ကို ထိုင်းနိုင်ငံလာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ "ရုရှသမ္မတကြီးက ဖူးခက်ကျွန်းကို သဘောကျတယ်၊ အဲဒီကို သူက ပုံမှန်လာရောက်လည်ပတ်တယ်ဆိုတာ ကွန်တော်သိပါတယ် ဒါကြောင့် နောက်နှစ်မှာ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်" လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားထားသည်။ ရုရှသမ္မတ ဗလာဒီမာပူတင်ကလည်း ထိုင်းလို (khob khun krub ) ကျေးဇူးတင်ပါသည်ဟု ထိုင်းဝန်ကြီးချုပ်ကို ထိုင်းဘာသာ စကားနှင့်ပြန်လည်နှုတ်ဆက်ခဲ့ကြောင်း၊ တရုတ်ပြည်၏ ခေတ်သစ်ပိုးလမ်း ခါးပတ်လမ်း…
Read More