သတင်း

စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးရာတွင် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အခြေခံသင့်ဟု NUG ယာယီသမ္မတပြော

စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးရာတွင် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အခြေခံသင့်ဟု NUG ယာယီသမ္မတပြော

RNA_စက်တင်ဘာ(၂၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်သည့်အခါ အထူးသတိထားသင့်ပြီး “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” ကို အခြေခံသင့်သည်ဟု စက်တင်ဘာလာ ၂၀ ရက်နေ့က FSCC အစည်းအဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားသည်။ “စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူး သတိမူသင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူ အသစ် မမွေးမိဖို့…
Read More
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ဇနီးမောင်နှံ သေဆုံးပြီး ၇ ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ဇနီးမောင်နှံ သေဆုံးပြီး ၇ ဦးဒဏ်ရာရ

RNA_စက်တင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး မြင်သားရွာအတွင်း ကျရောက်ပေါက်ကွဲကာ စစ်ဘေးရှောင် ဇနီးမောင်နှံတို့ သေဆုံးခဲ့ရပြီး ဒေသခံ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြောက်ခင်ရန်းကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ သေဆုံးခဲ့သည့် ဇနီးမောင်နှံမှာ တောင်ခင်ရမ်းကျေးရွာမှ စစ်ဘေးရှောင်ရန် ရောက်ရှိနေသူများဖြစ်ကြောင်း ‌သိရသည်။ (more…)
Read More
ဖားကန့်မြို့ “ဧရာမြင်းမိုရ်” အပေါင်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရ

ဖားကန့်မြို့ “ဧရာမြင်းမိုရ်” အပေါင်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရ

RNA_ဖားကန့်၊ စက်တင်ဘာ (၁၅)၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ "ဧရာမြင်းမိုရ်" အပေါင်ဆိုင်နှင့် ဆိုင်ကယ်နှင့်အပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးညီသည် ယနေ့နံနက် (၁၀)နာရီ (၃၀) မိနစ်ဝန်းကျင်က အမည်မသိလက်နက်ကိုင်တစ်စုက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။ "ပစ်ခံရတာက မော်ဝမ်း ဇောတိကကုန်း လမ်းဆုံနားမှာပါ၊ ကိုညီက ကားမှန်ချပြီးမောင်းလာတာ၊ ဆိုင်ကယ်နဲ့လူနှစ်ယောက်က ကားထဲကိုလှမ်းပစ်ပြီး ပြေးတာ" ဟု မျက်မြင်တွေ့သူတဦးက ပြောသည်။ မိသားစုနှင့် နီးစပ်သူ တဦးကလည်း "သေနတ်ဒဏ်ရာနဲ့ ကားဆက်မောင်းလာပြီး စာတိုက်ရှေ့ သူ့ဆိုင်နားမှာ ကား‌ပြန်ကွေ့တဲ့အချိန် နောက်က ကားနဲ့ပွတ်မိတယ်၊ အဲ့အနားကလူတွေက ကိုညီဘာဖြစ်သွားသေးလဲ သွားကြည့်မှ သွေးတွေအိုင်နေတာ၊ လက်မောင်းထိသွားတယ်ပြောတယ်၊ ဆေးရုံပို့ထားတယ်၊ အသက်အန္တရာယ်မစိုးရိမ်ရဘူး၊ သတိရပြီလို့ပြောတယ်"…
Read More
ပုလဲမြို့က ထွက်လာသည့် စစ်ကြောင်းနှင့် ဒေသခံပူးပေါင်းတပ်များ ယနေ့ တိုက်ပွဲဖြစ်

ပုလဲမြို့က ထွက်လာသည့် စစ်ကြောင်းနှင့် ဒေသခံပူးပေါင်းတပ်များ ယနေ့ တိုက်ပွဲဖြစ်

RNA_စက်တင်ဘာ(၁၂)၊ ၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှ ထွက်လာသည့် အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်း ပြီးခဲ့သည့်ညက နွယ်ရှောက်ကျေးရွာတွင်် ညအိပ်ပြီးနောက် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က ကျောင်းသားတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယင်မာပင်ခရိုင် တပ်ရင်းများ ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ABSDF Column - 3 က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်စစ်ကြောင်းကို ကျောင်းသားတပ်မတော်(ချင်းတွင်းဒေသတပ်ရင်း)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF)၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)၊ တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၁)၊တပ်ရင်း (၁၂)၊ တပ်ရင်း (၁၉)၊…
Read More
TNLAနှင့် မန္တလေး PDF ပူးပေါင်းစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ၈၀ ဦး ကျဆုံး

TNLAနှင့် မန္တလေး PDF ပူးပေါင်းစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ၈၀ ဦး ကျဆုံး

RNA_စက်တင်ဘာ(၁၂)၊၂၀၂၃ ခုနှစ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ပူးပေါင်းကာ ဇူလိုင်လမှ စတင်သည့် “ကနောင် စစ်ဆင်ရေး” တွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး (၂) ဦးအပါအဝင် ၈၀ ဦးကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။ (more…)
Read More
ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုဖခင် ဖမ်းဆီးခံရ

ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုဖခင် ဖမ်းဆီးခံရ

RNA_စက်တင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုဖခင် ဦးကျော်အေးကို တာမွေမြို့နယ်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံများက ယမန်နေ့ (စက်တင်ဘာလ (၁၀) ရက်နေ့ နံနက်က နေအိမ်ကို လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။ “ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရဲ့အဖေပါ ယနေ့အချိန်အထိ အကြမ်းအားပေး သွေးထိုးလှုံ့ဆော်လျက်ရှိ” ဆိုပြီး စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦးတယ်လီဂရန်မှ လိပ်စာနှင့်တကွ တင်ပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့က နေအိမ်မှနေပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်း၊ ပုဒ်မတပ်ကာ တရားစွဲဆိုထားပြီဖြစ်ကြောင်း သိရသည်။ ကိုကျော်ကိုကို၏ ဖခင်သည် နိုင်ငံရေးနှင့် မသက်ဆိုင်ဟုဆိုကာ နေအိမ်တွင်ပင် နေထိုင်ကြောင်း၊ သားဖြစ်သူ ကိုကျော်ကိုကိုသည် ဗသက ဥက္ကဋ္ဌဟောင်းတဦးဖြစ်ပြီး၊ ယနေ့အချိန်တွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တဦးဖြစ်ကြောင်း၊ အာဏာသိမ်းပြီးချိန်မှစပြီး သားဖြစ်သူနှင့် မိသားစုမှာ…
Read More
စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးနှင့် ပြည်သူကို ကာကွယ်နိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော RNA_စက်တင်ဘာ(၉)၊၂၀၂၃ ခုနှစ်။ တော်လှန်ရေးအလွန်ကာလ ပြန်လည်ထူထောင်ရေးကာလမှာ ဖြစ်ပေါ်လာနိုင်သည့် လက်နက်ကိုင်များ၏ စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးနှင့် ပြည်သူများအတွက် ရဲရဲဝံ့ဝဲ့ မားမားမတ်မတ်ရပ်တည်နိုင်ရေးအတွက် ပြည်သူ့တပ်မတော်ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ဗိုလ်နဂါးက ပြောကြားထားသည်။ ယနေ့ ပြုလုပ်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်- Burma National Revolutionaty Army ( BNRA) ဖွဲ့စည်းခြင်းအခမ်းအနားတွင် ဗိုလ်နဂါးက ပြောကြားထားခြင်းဖြစ်ပြီး၊ ယင်းအဖွဲ့အစည်းတည်ထောင်ခြင်းနှင့်ပတ်သက်ပြီး NUG-MOD တာဝန်ရှိသူများနှင့်လည်း ဆွေးနွေးတိုင်ပင်ခဲ့ဖူးကြောင်း၊ တော်လှန်ရေးလိုအပ်ချက်အရ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။ Red News Agency
Read More
ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းကြောင်း​ကြေညာ  

ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းကြောင်း​ကြေညာ  

RNA_စက်တင်ဘာ(၉)၊၂၀၂၃ ခုနှစ်။   ဗိုလ်နဂါးတို့အဖွဲ့နှင့်အခြားသော အင်အားစုများပါဝင်သည့် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA အဖွဲ့စည်းကြောင်း ယနေ့ တရားဝင်ထုန်ပြန်ထားသည်။   #RedNewsAgency https://youtu.be/XC935iun-7I
Read More
Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ Red News Agency ၏ ဖားကန့် သတင်းထောက် ကိုတာလင်းမောင်အား ယနေ့ (စက်တင်ဘာလ ၈ ရက်) ညနေ (၅) နာရီ (၃)မိနစ်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာ Ammazing Mini Mark ရှေ့၌ ဆိုင်ကယ်စီးလာစဉ် နောက်မှ ကားနှင့်တိုက်ပြေးသည့် ဖြစ်စဉ်တွင် မည်သည့်အဖွဲ့အစည်း မည်သူတစ်ဦးတစ်ယောက်က လုပ်ဆောင်သည်ဖြစ်စေ အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း ကြေညာအပ်ပါသည်။ သတင်းထောက် ကိုတာလင်းမောင်သည် ယခင်က ပြန်/ဆက်ဦးစီးဌာန၏ သတင်းထောက်အဖြစ်မှ ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီက အာဏာသိမ်းချိန်တွင်…
Read More
စပျစ်ခူးရွာ တစ်ရွာလုံးရွှေ့ပြီး ကျောက်စိမ်းတူးရန်ပြင်နေ

စပျစ်ခူးရွာ တစ်ရွာလုံးရွှေ့ပြီး ကျောက်စိမ်းတူးရန်ပြင်နေ

RNA_ဖားကန့် စက်တင်ဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ စပျစ်ခူးကျေးရွာကို တစ်ရွာလုံးရွှေ့ပြောင်းပြီး ကျောက်စိမ်းတူးရန် အဖွဲ့အစည်းတစ်ခုက ဦးဆောင်ပြင်ဆင်နေကြောင်း ကျေးရွာသားများထံမှ သိရသည်။  စပျစ်ခူးရွာသည် အိမ်ခြေ(၁၆၀)ဝန်းကျင်၊ လူဦးရေ ငါးရာနီးပါးရှိပြီး နှစ်ပေါင်းသုံးဆယ်ကျော် သက်တမ်းရှိ ရွာတစ်ရွာဖြစ်ကြောင်း၊ စပျစ်ခူးတစ်ရွာလုံးကို KIO/KIA အစိုးရက လုပ်ကွက်တူးဖို့ ခွင့်ပြုပေးလိုက်ကြောင်း၊ အာဏာသိမ်းစစ်တပ်မှလည်း ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများထံမှ သိရသည်။ "ဖားကန့်ဒေသတစ်ခုလုံး KIA ကပဲ ဦးဆောင်ပြီးတူးတူး၊ လုပ်ငန်းရှင်ပဲညှိပြီးတူးတူး၊ စစ်တပ်ကို အခွန်အခမပေးပဲ တူးလို့မရဘူး"လို့ ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။ (more…)
Read More