ကိုင်းတောမရဲစခန်းနှင့် အထိုင်စခန်းများ စီးနင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် (၂) ဦးကျဆုံး

RNA_ဩဂုတ်(၆)၊၂၀၂၄ ခုနှစ်။
 
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် အထိုင်စခန်းအားလုံးကို ဒေသတွင်း တော်လှန်ရေးအင်အားစုများ စီးနင်းတိုက်ခိုက်သည့် တိုက်ပွဲအတွင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)မှ ရဲဘော် မဟောက် ( အသက် ၁၇ နှစ်) နှင့် အညာမြေတပ်ပေါင်းစုမှ ရဲဘော် G Shock (အသက် ၂၃ နှစ်) တို့ ကျဆုံးခဲ့ရကြောင်း သိရသည်။
 
စစ်ကောင်စီ၏ ကိုင်းတောမရှိ အထိုင်စခန်းအားလုံးကို ဩဂုတ်လ (၃) ရက်နေ့ နံနက် (၆) နာရီက တပြိုင်နက်ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် (၅) ထိရှိခဲ့ပြီး စစ်ကောင်စီဘက်မှ (၃) ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ခဲယမ်းများ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း Young Force UG ထံမှ သိရသည်။

ကိုင်းတောမရှိစစ်ကောင်စီလက်အောက်ခံများကို ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF)၊ BLDF၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)- (အမှတ် ၈၁၅တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ ပခုက္ကူစုဖွဲ့မှု (Young Force UG၊ Pakokku People’s Defensee Force၊ Earthquake People’s Defence Force၊ Thu Rain TR၊ Hunter Pakokku၊ Shwe Nyar Myae PDF၊ Pakokku Underground Force၊ Pakokku Ranger၊ အညာမြေတပ်ပေါင်းစု၊ မြိုင်မြို့နယ် ပ.က.ဖနှင့် မြိုင်စုဖွဲ့မှုတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
 
#RedNewsAgency
By Editor