ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

RNA_ဩဂုတ်(၇)၊၂၀၂၄ ခုနှစ်။
 
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာအခြေစိုက် စစ်ကောင်စီ၏ ရဲစခန်းနှင့် ရဲကင်းစခန်းများ အားလုံးကို တော်လှန်ရေးအင်အားစုများက ယနေ့ (ဩဂုတ်လ ၇ ရက်) တွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
 
ကိုင်းတောမရဲစခန်းနှင့် ရဲကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့များက စီးနင်းတိုက်ခိုက်ပြီး ပြန်ဆုတ်ပေးကာ ဩဂုတ်လ ၆ ရက်နေ့ ရိက္ခာပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် ယနေ့တွင် စစ်ကောင်စီလက်အောက်ခံများ ကိုင်းတော့မရှိစခန်းနှင့်ရဲကင်းများမှ ဆုတ်ခွါသွားပြီဖြစ်ပြီး ဆုတ်ခွါစဉ် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ထံမှ သိရသည်။

ကိုင်းတောမရဲစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့တော်လှန်ရေးတပ်ဦး( PRF)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)-(အမှတ် ၈၁၅တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ Lighting Drone Force – ပခုက္ကူစုဖွဲ့မှု (YoungForce၊ PPDF၊ ThuRain၊ HunterPakokku၊ Earthquake)၊ အညာမြေတပ်ပေါင်းစုနှင့် မြိုင်မြို့နယ်မှတော်လှန်ရေးအဖွဲ့များ (မြိုင်ပကဖ တပ်ရင်း (၁)တပ်ခွဲ (၄) စင်္ကြာအဖွဲ့၊ ပေါက် ပလဖ၊ Justice Revolution Force) ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြသည်။
 
#RedNewsAgency
By Editor