ဝက်ပုတ်ပျူစခန်းအား တော်လှန်ရေးအင်အာားစုများသိမ်းပိုက် စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေးဆုံး

RNA_ဩဂုတ်(၉)၊၂၀၂၄ ခုနှစ်။
 
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာပျူစခန်းကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ (၈) ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့မှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။
 
ဝက်ပုတ်ပျူရွာစခန်းကို ဩဂုတ်လ ၅ ရက်နေ့မှစတင်ကာ ဒေသတွင်းတော်လှန်ရေးအင်အားစုများက စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံများ စက်မှု (၂) စစ်စခန်းသို့ ဆုတ်သွားခဲ့ပြီး စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ MA4 (၁) လက်၊ ကာဘိုင် (၁) လက်၊ G3 (၂)လက်၊ G4 (၁) လက်၊ M16 (၁) လက်၊ 12 ဗို့ (၂) လက်၊ 79 ( ၁) လက်၊ 60 MM (၁) လက်၊ ဂျန်ပါစက်(၁) လုံး နှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့သည်ဟု မြိုင် ပကဖ သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ပျူစခန်းသိမ်းတိုက်ပွဲကို မြိုင်ပကဖ၊ ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ( ၁/၂/၆/၇/၁၀/၁၄/၁၅/၁၇ )၊ အညာမြေတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်)၊ ပေါက်ပကဖ၊ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး၊ BLY ပျောက်ကြားတပ်ဖွဲ့၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့ ၊ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းခဲ့သည်ဟု သိရသည်။
 
#RedNewsAgency
By Editor