Tag: ရန်ကုန် PDF

  • အထူးစစ်ဆင်ရေးတပ်ဖွဲ့ (၃) နှစ်ပြည့်အခမ်းအနားကျင်းပ

    အထူးစစ်ဆင်ရေးတပ်ဖွဲ့ (၃) နှစ်ပြည့်အခမ်းအနားကျင်းပ

    RNA_ဇူလိုင်(၂၇)၊၂၀၂၄ ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားနှင့် အပတ်စဉ် (၆) အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲတို့ကို တောင်ပိုင်းတိုင်း စစ်ဒေသတွင်း တနေရာတွင် ပြုလုပ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
     
    အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားအား ဇူလိုင် ၂၁ ရက်နေ့က ကျင်းပခဲ့ကြောင်း၊ အခမ်းအနားတွင် အလံတော်နှင့် ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲ့ဝင်လူကြီးများနှင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကား ပြောကြားခြင်းစသည့် အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    (more…)

  • ကျောက်တန်းလေးကျေးရွာအနီး တိုက်ပွဲတွင် ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ မြင့်မြတ်စွာကျဆုံး

    ကျောက်တန်းလေးကျေးရွာအနီး တိုက်ပွဲတွင် ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ မြင့်မြတ်စွာကျဆုံး

    RNA_ဇူလိုင်(၂၇)၊ ၂၀၂၄ ခုနှစ်။

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ကျောက်တန်းလေးကျေးရွာအနီးတိုက်ပွဲတွင် ပူးပေါင်းမဟာမိတ်တပ်များထဲက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ဖွဲ့ (၁) မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ ကျဆုံးခဲ့ရသည်ဟု ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ဖွဲ့ (၁) ထံမှ သိရသည်။

    ကျောက်တန်းလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA နှင့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ဖွဲ့ (၁) တို့က ဇူလိုင် ၂၃ ရက်နေ့တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ ဦးထက်မနည်း သေဆုံးမှုရှိကြောင်း၊ တိုက်ပွဲကြာချိန် ၄၅ မိနစ်အတွင်း စစ်ကောင်စီ၏ သိမ်ဇရပ် ၂၀၇ လက်နက်ကြီးကုန်မှ ၁၂၀ မမဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် အနီးအနား ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူများလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသည်။

    #RedNewsAgency