လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို တော်လှန်ရေးအင်အားစုများ စောင့်ရှောက်ထား

RNA_ဇူလိုင်(၂၉)၊၂၀၂၄ ခုနှစ်။

MNDAA ဦးဆောင်သော တော်လှန်ရေးအင်အားစုများ စစ်ကောင်စီလက်အောက်မှ တိုက်ခိုက်စိုးမိုးထားသည့် လားရှိုးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို လားရှိုး ပြည့်သူ့ကာကွယ်ရေးအဖွဲ့နှင့် တော်လှန်ရေးအင်အားစုများက စောင့်ရှောက်ထားကြောင်း သိရသည်။

“ဆရာဦးထွန်းထွန်းဟိန်အပါနိုင်ကျဉ်း (၂၀၀)ကျော်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လားရှိုးခရိုင်နဲ့တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်” ဟု NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေက အသိပေးပြောကြားထားသည်။

လားရှိုး -မူဆယ်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၆၈ တပ်ရင်းကို MNDAAနှင့် ပူးပေါင်းတပ်ဖွဲ့က ဇူလိုြ်လ ၂၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လားရှိုးအကျဉ်း ထောင်ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် လွတ်မြောက်လာသူများနှင့် မိသားစုများ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

#RedNewsAgency

By RNA Editor