သတင်း

အစ္စရေးအစိုးရနှင့် ဟားမတ်စ်တို့ ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် ဓားစာခံ ၅၀ ဦးထပ်မံလွတ်မြောက်

အစ္စရေးအစိုးရနှင့် ဟားမတ်စ်တို့ ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် ဓားစာခံ ၅၀ ဦးထပ်မံလွတ်မြောက်

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၃ ခုနှစ်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ဖမ်းဆီးသွားသော ဓားစာခံ ၂၄၀ ဦးအနက် ၅၀ ဦးကို လွှတ်ပေးရန်နှင့် ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အစ္စရေးအစိုးရမှ ထောက်ခံမဲ ၃၅ မဲနှင့် နိုဝင်ဘာ ၂၂ ရက်နေ့က သဘောတူညီချက်ရရှိခဲ့ပြီးနောက် ယနေ့ နံနက် (နိုဝင်ဘာ ၂၃ ရက်) ၁၀ နာရီခန့်မှာ ဓားစာခံ ၅၀ ဦး လွတ်မြောက်လာကြောင်း အစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။ "အခု ဓါးစာခံတွေ ပြန်လည်လွှတ်မြောက်လာဖို့အတွက် ဆွေးနွေးနေချိန်မှာ ကျွန်တော်သက်သေချပြရမယ့်ဟာတစ်ခုနဲ့ စတင်ပါမယ်၊ ဓါးစာခံတွေပြန်လည်လွတ်မြောက်စေဖို့အတွက် ကျွန်တော်တို့ဟာ စစ်ပွဲတွေကို ရပ်ထားရပါမယ်၊ ကိစ္စတွေပြီးသွားရင်တော့ စစ်ပွဲတွေ ပြန်စရပါမယ်၊ မနေ့က…
Read More
ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

RNA_ဖားကန့် နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်ရှိ ဂျာနူး ဆေးဆိုင်နှင့် ငွေလွှဲ ငွေထုတ်လုပ်ကိုင်သည့်ဆိုင်အား အောက်တိုဘာ ၃၁ ရက်နေ့ နေ့ခင်းက ဓါးပြတိုက်ခံရပြီး သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်အပါ အခြားဓါးပြတိုက်မှုတို့မှ သံသယရှိသူများကို KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)မှ ဖော်ထုတ်ရမိသော ကွင်းဆက်များအရ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ ဆက်စပ်ဖမ်းဆီးစစ်ဆေးခံရသူများထဲ၌ KPDF မှ ဖားကန့်မြို့နယ် မှော်စီစာ အပိုင်းတာဝန်ခံ ဝမ်းဘက် (ခ) ရင်သွေးဦး နှင့် လက်ထောက်ဖြစ်သူ ဇွဲကိုတို့ပါဝင်နေပြီး KIA အရာရှိအချို့လည်းပါဝင်နေကြောင်း သိရသည်။ "လက်ရှိက စစ်ဆေးနေဆဲကာလပါ ဝမ်းဘက်ကို လက်နက်ဖြုတ်…
Read More
ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက်၊ စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းမှ စစ်ကောင်စီလက်အောက်ခံများ လက်နက်ချအညံ့မခံသည့်အတွက် နိုဝင်ဘာ ၁၈ ရက်နေ့ကစတင်တိုက်ခိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရက္ခိုင့်တပ်တော်-AA ရဲဘော်များက အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ညီနောင်မဟာမိတ်များဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်နိုင်ခဲ့သော်လည်း ရက္ခိုင်ဒေသစစ်မျက်နှာ၌ ၁၀၂၇ စစ်ဆင်ရေးကို နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့သည့်အတွက် ယနေ့ ( နိုဝင်ဘာ ၂၂ ရက်) သည် ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀) ရက်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ (more…)
Read More
ခလရ ၂၆၈ လက်အောက်ခံ ထင်းရှူးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေး

ခလရ ၂၆၈ လက်အောက်ခံ ထင်းရှူးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေး

RNA_နိုဝင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ လက်အောက်ခံ ထင်းရှုးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေးသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် လူသားဒိုင်းကာအဖြစ် အသုံးချနိုင်သောကြောင့် ဖလမ်း-ကလေးလမ်းမကြီးအား လုံးဝအသုံးမပြုရန် Chin National Organizationမှ ယနေ့ နံနက်တွင် သတိပေးထားသည်။ Operation 1027 မှအစပြုပြီး ပြည်ထောင်စုတဝန်းလုံး စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- CNDF အနေဖြင့် CNDF Special Operation (အထူးစစ်ဆင်ရေး) ကိုမဟာဗျူဟာကျကျရေးဆွဲပြီး စခန်းသိမ်းတိုက်ပွဲများကို မဟာမိတ်များနှင့်ပူးပေါင်းကာ ဖော်ဆောင်နေသည်။ (more…)
Read More
ဖမ်းဆီးရမိသည့် လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူမည်

ဖမ်းဆီးရမိသည့် လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူမည်

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်တော်လှန်ရေး တပ်ပေါင်းစု၏ ပစ်ခတ်မှုကြောင့် ပျက်ကျသွားသည့် လေယာဉ်မှ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ယနေ့ သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ K-8W အမျိုးအစား တိုက်လေယာဉ်ကို ကရင်နီပြည်အတွင်း ၁၁၁၁ ( တစ်လေးလုံး) စစ်ဆင်ရေးစတင်သည့်နေ့က ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုက ပစ်ချခဲ့သည့်အတွက် လေယာဉ်မှာ ပျက်စီးပြီး လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ချ ပုန်းအောင်းနေစဉ် နိုင်ဘာလ ၁၉ ရက်နေ့က လေယာဉ်မှူးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။ (more…)
Read More
စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ခုနှစ်။ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသရှိ ချုံကန်နှင့် မော်ထိုက်ဒေသတို့တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းပြီးနောက် MNDAA ကပြန်လည်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးနှင့်တည်ဆောက်ရေးကိစ္စများ လုပ်ဆောင်နေကြောင်း သိရသည်။ ကိုးကန့်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေရသည့် ဒေသများသည် ယခင် MNDAA စိုးမိုးနယ်မြေများဖြစ်ကြောင်း၊ ယခု ပြန်လည်သိမ်းပိုက်ပြီး တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်စဉ် ဒေသခံလူထုသည် MNDAA တပ်ဖွဲ့ဝင်များကို လှိုက်လှဲစွာဆိုကြိုကြသည်ဟု ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်သုံ့ပန်းများ ဖမ်းဆီးထားသည့် ရဲစခန်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

စစ်သုံ့ပန်းများ ဖမ်းဆီးထားသည့် ရဲစခန်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၃ ခုနှစ်။ နောင်ချိုုမြို့နယ် ဒိုပင်ရဲစခန်းတွင် စစ်သုံ့ပန်းများကို PSLF/TNLA+ MDY တို့က ထိန်းသိမ်းထားစဉ် စစ်ကောင်စီက နိုဝင်ဘာ ၁၉ ရက်နေ့ည ၉ နာရီဝန်းကျင်က ပေါင် ၅၀၀ ဗုံကြဲခဲ့သည့်အတွက် စစ်သုံ့ပန်း ၄ ဦးသေပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။   ဒိုအင်ရဲစခန်းကို PSLF/TNLA+ MDY ပူးပေါင်းတပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီ ဒလန်များနှင့် စစ်သုံးပန့်များကို ထိန်းသိမ်းထားကြောင်း၊ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ပေါင်(၅၀၀)ဗုံးသည် ဒိုပင်ရဲစခန်းအပေါ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ Red News Agency
Read More
စစ်ကောင်စီအကြံပေးအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံပေးသင့်

စစ်ကောင်စီအကြံပေးအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံပေးသင့်

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီအထူးအကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစောအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံများပေးပြီး၊ ပြည်သူလူထု၏ အသံကို ရဲရဲနားထောင်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်တခုကို လုပ်ဆောင်ရန်လိုအပ်နေပြီဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ ယနေ့ တိုက်ပွဲများသည် အဖြူအမဲကွဲသွားပြီဖြစ်သည့်အတွက် အကြမ်းဖက်စစ်ခေါင်းဆောင်လက်အောက်မှ စစ်သည်တော်များကိုလည်း ပြည်သူ့ဘက်ရပ်တည်ရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပန်ကြားထားမှုအပါအဝင် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။ Red News Agency
Read More
စစ်ကောင်စီ နိုင်ငံရေး စစ်ရေးအရ ဆောက်တည်ရာမရ အနေအထား ကြုံတွေ့နေရပြီ

စစ်ကောင်စီ နိုင်ငံရေး စစ်ရေးအရ ဆောက်တည်ရာမရ အနေအထား ကြုံတွေ့နေရပြီ

RNA_နိုဝင်ဘာ( ၁၈)၊၂၀၂၃ ခုနှစ်။ “စစ်ကောင်စီဟာ အင်မတန်မှဘဲ နိုင်ငံရေးအရကော စစ်ရေးအရကော ဆောက်တည်ရာမရတဲ့ အနေအထားမျိုးကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ စစ်ကောင်စီက လုပ်ရိုးလုပ်စဉ်အတိုင်း မကြာခဏပဲ မဲပြာပုဆိုးကို ပြန်ဝတ်လေ့ရှိတဲ့ အလေ့အထအတိုင်းပဲ မရိုးနိုင်တဲ့ ဖြစ်စဉ်တွေကို ပြန်လုပ်တော့မှာဖြစ်ပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ နိုင်ငံရေးနှင့် ပတ်သက်သည့် ဖြစ်လာနိုင်ခြေများ ပြောကြားထားမှုကို ကောက်နုတ် တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
စစ်ရေးအရ ပိုပြင်းထန်သည့်လှိုင်းများ သယ်ဆောင်လာမည်ဟု ပြည်သူများကို KNU အသိပေး

စစ်ရေးအရ ပိုပြင်းထန်သည့်လှိုင်းများ သယ်ဆောင်လာမည်ဟု ပြည်သူများကို KNU အသိပေး

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ KNLA သည် စစ်ရေးအရ အတွေ့အကြုံ အစဉ်အလာများရှိခဲ့ကြောင်း၊ စစ်ရေးအရ ယခုထက်ပို ပြင်းထန်သည့် ရိုက်ခတ်မှုမျိုး၊ ယခုထက်ပိုမိုပြင်းထည်သည့် ပြည်သူ လူထုနှင့်အတူ လှိုင်းဂယက်မျိုးကို သယ်ဆောင်လာတော့မည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ ယနေ့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၏ ပြည်သူသို့ပြောကြားချက်များထဲမှ စစ်ရေးနှင့် ပတ်သက်သည့် ပြောကြားချက်ကို ကောက်နုတ် တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More