သတင်း

ကျောက်မောရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်

ကျောက်မောရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ် ကျောက်မောကျေးရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ မေလ (၂၄) ရက်နေ့ နံနက်(၆) နာရီ (၁၅) မိနစ်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ မိနစ် (၃၀) ဝန်းကျင်ကြာ ရဲကင်းစခန်းစီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး အပါအဝင် (၄) ဦးသေဆုံးပြီး၊ BA- 63 (G-3) ၄ လက်၊ BA-64 (G-4)၁ လက်၊ BA-93 Uzi ၁ လက်၊ ကျည်ကဒ် ၉ ကဒ်၊ ကျည် ၆၅၀ နှင့် လက်ပစ်ဗုံး ၃ လုံးအပါအဝင် ရဲ…
Read More
ဖမ်းဆီးခံရသည့်ရဲဘော် ကယ်ထုတ်နိုင်ရေးအတွက် ရေစကြိုမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်

ဖမ်းဆီးခံရသည့်ရဲဘော် ကယ်ထုတ်နိုင်ရေးအတွက် ရေစကြိုမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် Myingyan Black Tiger (MBT) အမှတ် (၂) စခန်းမှ ရဲဘော်တဦးဒဏ်ရာရရှိကာ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံရပြီးနောက် နေ့တွင်းချင်း ပြန်လည်ကယ်ထုတ်နိုင်ရေးအတွက် MBT တပ်ဖွဲ့ရဲဘော်များအင်အားအများအပြားဖြင့် မြို့တွင်းဝင်ကာ စစ်ကောင်စီတပ်စခန်းချထားသည့် ရုံးပေါင်းစုံတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အင်အားအများအပြားဖြင့် MBT ရဲဘော်များ မြို့ပေါ်တက်လာသည့်အတွက် စစ်ကောင်စီတပ်မှ ဒဏ်ရာရ ရဲဘော်ဆေးကုနေသည့်ဆေးရုံတွင် အင်အားပြည့်တင်းထားသည့်အတွက် ရုံးပေါင်းစုံစခန်းကိုသာ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရဲဘော်အား မကယ်နိုင်သော်လည်း စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုများရှိကြောင်း MBTက ယနေ့ ထုတ်ပြန်ထားသည်။ Red News Agency
Read More
ဒီးမော့ဆိုမြို့နယ် (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါးသေ 

ဒီးမော့ဆိုမြို့နယ် (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါးသေ 

RNA_မေ(၂၄)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KNDF နှင့် မဟာမိတ်တပ်ဖွဲ့များအကြား (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် (၄၀) နီးပါးသေဆုံးကြောင်း သိရသည်။ "စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ(၁)ဦး၊ဗိုလ်အဆင့်ရှိသူ(၂)ဦး အပါအဝင် စစ်ကောင်စီတပ်သား (၄၀)နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့ပါသည်" ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
“သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“

“သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“

“ကျွန်တော်တို့ မိုက်ရူးရဲဆန်တယ် စွန့်စားတယ်၊ ကျွန်တော်တို့ သေရဲတယ်”   RNA_မေ(၂၄)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းနှင့်တိုက်ပွဲဖြစ်ပြီး ဌာနချုပ်စခန်းစွန့်ခွါခဲ့ရသလို၊ မြင်းခြံဌာနချုပ်စခန်းများလည်း စွန့်ခွါခဲ့ရပြီး ယနေ့အချိန်ထိ ရပ်တည်ကာ နယ်မြေသစ်ရှာဖွေကာ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်မှုအားကောင်းနေပြီး မဟာမိတ်များနှင့်အတူတကွ ပူးပေါင်းတိုက်ပွဲဖော်ဆောင်မှုများပါရှိနေသည့် Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက “သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“ ဟု ပြောကြားထားပါသည်။   #RedNewsAgency
Read More
UEC ဒုတိယညွှန်ကြားရေးမှူးချုပ်ကို သတ်ဖြတ်သည်ဟု စွပ်စွဲကာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

UEC ဒုတိယညွှန်ကြားရေးမှူးချုပ်ကို သတ်ဖြတ်သည်ဟု စွပ်စွဲကာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

RNA_မေ(၂၁)၊၂၀၂၃ ခုနှစ်။ UEC ဒုတိယညွှန်ကြားရေးမှူးချုပ် စိုင်းကျော်သူအပါ အဝင် အခြားသူများကိုပါ သတ်ဖြတ်ခဲ့ခြင်းနှင့် Yangon Revolution Force-YRF အဖွဲ့ဝင်များဟု စွပ်စွဲကာ လူငယ် (၁၀) ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် စိုင်းကျော်သူကို ဧပြီလ ၂၂ ရက်နေ့က လုပ်ကြံသတ်ဖြတ်သူဟု စွပ်စွဲကာ ကိုအာကာထက်ကျော် (ခ)အောင်သုခအား မေ ၁၂ ရက်နေ့က Glock ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၂၀ တောင့်နှင့်အတူ စမ်းချောင်းမြို့နယ်၊ လင်း လွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်း၊ (၅)လွှာ(A)၊ အိမ်အမှတ် (၃၅)မှာ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီလက်အောက်ခံ…
Read More
စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း KNDF အမှတ် (၉)တပ်ရင်း (ဒု)စုမှူးမောင်ဖရန်စစ္စကို ကျဆုံးခဲ့ရ

စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း KNDF အမှတ် (၉)တပ်ရင်း (ဒု)စုမှူးမောင်ဖရန်စစ္စကို ကျဆုံးခဲ့ရ

RNA_မေ(၂၀)၊၂၀၂၃ ခုနှစ်။ KNDF အမှတ် (၉)တပ်ရင်း (ဒု) တပ်စုမှူး မောင်ဖရန်စစ္စကို (ဂျားဂျာ) သည် မေလ ၁၈ ရက်နေ့ ရှေ့တန်းတနေရာတွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။ မောင်ဖရန်စစ္စကို (ဂျားဂျာ) သည် KNDF အမှတ် (၉)တပ်ရင်းတွင် (ဒု) တပ်စုမှူး တာဝန်ဖြင့် ရှေ့တန်းနယ်မြေ ထိတွေ့တိုက်ပွဲများတွင် ရွံ့ရွံ့ချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့သော ရဲဘော်တစ်ဦးဖြစ်ကြောင်း၊ အမှန်တရားအတွက် အသက်ကို ပဓာနမထားဘဲ ရဲရင့်စွာတိုက်ပွဲဝင်ကာ အသက်ပေးဆပ်သွားခဲ့ပါသော ရဲဘော် (မောင်ဖရန်စစ္စကို)အား အလေးနီပြုပါသည်ဟု KNDF အမှတ် (၉)တပ်ရင်းမှ ထုတ်ပြန်ထားသည်။ Red News Agency
Read More
မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

RNA_မေ(၁၉)၊၂၀၂၃ ခုနှစ်။ စစ်အာဏာရှင်စနစ် ကျန့်ကျင်ရေး မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တရားရုံးက ယနေ့ ထောင်ဒဏ် အနှစ် (၂၀) ထပ်မံချမှတ်လိုက်သည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၅၂) နှစ်ထိ ချမှတ်ခံထားကြောင်း သိရသည်။ ကိုဝေမိုးနိုင်ကို ယနေ့ (မေလ ၁၉ ရက်)တွင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ကြောင်း၊ မတရားဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် ၅ မှုဖြင့် ထောင်ဒဏ် (၁၀) နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ ဖြင့် (၂) နှစ်၊ ပုဒ်မ ၃၉၅၊ ၃၉၇…
Read More
အကျဉ်းထောင်မှလက်နက်များနှင့်အတူ လွတ်မြောက်သွားသူ ၁၀ ဦး ယနေ့ည (၈) နာရီထိ လွတ်မြောက်နေ 

အကျဉ်းထောင်မှလက်နက်များနှင့်အတူ လွတ်မြောက်သွားသူ ၁၀ ဦး ယနေ့ည (၈) နာရီထိ လွတ်မြောက်နေ 

RNA_မေ(၁၈)၊၂၀၂၃ ခုနှစ်။ ယနေ့ နေ့လည်ပိုင်းက တောင်ငူထောင်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် (၁၀) ဦးသည် စစ်ကောင်စီလက်အောက်ခံများထံမှ လက်နက်လုတိုက်ခိုက်ကာ လက်နက်များနှင့်အတူ ယနေ့ည (၈) နာရီထိ လွတ်မြောက်နေကြောင်း သိရသည်။ "အခုညထိ သူဆို့ကို ဖမ်းမိတယ်မကြားသေးဘူး၊ စခဘော်ဘီအကောင့်တွေက ဓာတ်ပုံတွေနဲ့တင်ပြီး အမြန်ဖမ်းဆီးရမိဖို့ အင်တိုက်အားတိုက်လုပ်နေတယ်၊ ဒေသခံတွေဆီရောက်လာရင် ဒါက မဖြစ်မနေကူညီပေးသင့်တယ်၊ နောက်ပြီးတော့ တညလောက်သာ လွတ်ရင် KNU ဆီမှာ ရောက်ပြီ အဲနယ်က KNU နယ်နဲ့ နီးတယ်၊ အခုညလဲ ရောက်သွားနိုင်တယ်" ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးက ပြောသည်။ (more…)
Read More
ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

RNA_မေ ၁၈ ၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းနှင့် မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လက်နက်အချို့ တပ်ဆင်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ ယနေ့ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးတွင်အသုံးပြုရန် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်လှူဒါန်း

ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးတွင်အသုံးပြုရန် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်လှူဒါန်း

RNA_မေ(၁၈)၊၂၀၂၃ ခုနှစ်။   အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးသွားမှုများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လူသားချင်းစာနာထောက်ထားမှုအားဖြင့် KIO ဗဟိုဌာနချုပ်မှ ကျပ် သိန်းသုံးထောင်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ လှူဒါန်းခဲ့ကြောင်း AA ကထုတ်ပြန်ထားသည်။   ရခိုင်ပြည်နယ်အတွင်း မုန်တိုင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှ ကျပ်သိန်းတစ်ထောင်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် - MNDAA မှ ကျပ်သိန်းတစ်ထောင်၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့- KIO မှ ကျပ်သိန်းသုံးထောင်လှူဒါန်းမှုတို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့မှ လက်ခံရရှိထားကြောင်း၊ မုန်တိုင်းလေဘေးဒဏ်ကြောင့် ရခိုင်ပြည်သူလူထု ဒုက္ခရောက်နေချိန် ညီနောင်မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ထုတ်ပြန်ပြောကြားထားသည်။ (more…)
Read More