သတင်း

စစ်ကောင်စီ၏ အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို MH-60R Rocket အလုံး ၂၀ ပစ်ခတ်ခဲ့

စစ်ကောင်စီ၏ အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို MH-60R Rocket အလုံး ၂၀ ပစ်ခတ်ခဲ့

RNA_ဒီဇင်ဘာ(၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်းအခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု - PRA Magway နှင့် Z-Fighter တို့ပူးပေါင်းပြီး စေတုတ္တရာမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို ယမန်နေ့ ( နီုဝင်ဘာ ၃၀ ရက်) က MH-60R Rocket အလုံး ၂၀ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။   အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံအတွင်း ပစ်ခတ်မှုတွင် စက်ရုံအဆောက်အဦများအတွင်း ကျရောက်ပေါက်ကွဲပြီး ယနေ့( ဒီဇင်ဘာ ၁ ရက်)အထိ ယမ်းသိုလှောင်ရုံ မီးလောင်နေကြောင်း၊ ထိခိုက်ကျဆုံးမှုနှင့် အဆောက်အဦပျက်စီးမှုကို အသေးစိတ်စုံစမ်းနေကြောင်း၊ ယင်းတိုက်ခိုက်မှုကို မဟာဗျူဟာမြောက်ပစ်မှတ်များ ချေမှုန်းတိုက်ခိုက်ဖြစ်ကြောင်း PRA Magway ကထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ခလရ ၁၂၅ တပ်ရင်းအပါအဝင် ၂၇၂ ဦး အလင်းဝင်ပြီးချိန် ရှင်းဝမ်ဒေသတခုလုံးကို MNDAA ထိန်းချုပ်နိုင်

ခလရ ၁၂၅ တပ်ရင်းအပါအဝင် ၂၇၂ ဦး အလင်းဝင်ပြီးချိန် ရှင်းဝမ်ဒေသတခုလုံးကို MNDAA ထိန်းချုပ်နိုင်

RNA_ဒီဇင်ဘာ(၁)၊၂၀၂၃ခုနှစ်။ ဗမာစစ်တပ်က ၂၈ နှစ်ကျော်ကြာ ထိန်းချုပ်ထားခဲ့သည့် ရှင်းဝမ်ဒေသကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၂၅ တပ်ရင်းအပါအဝင် ၂၇၂ ဦး အလင်းဝင်မှုကြောင့် MNDAA အနေဖြင့် ရှင်ဝမ်းဒေသတခုလုံးကို အလုံးစုံထိန်းချုပ်သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်-ဒကစ) လက်အောက်ခံ ကုန်းကြမ်းမြို့နယ်မှ စကခ (၁၆) ၏ စကခမှူးမှာ နိုဝင်ဘာ ၂၇ ရက်နေ့က တပ်ဖွဲ့ဝင် ၁၀၀ ကျော်ခေါ်ဆောင်ပြီး ထွက်ပြေးသွားသည့်အတွက် ကော်မျိုးနွယ်ပြည်သူ့ စစ်အဖွဲ့ဝင်(၂၇)ဦး (ဗမာလူမျိုး)၊ ခလရ (၁၂၅) အဖွဲ့ဝင် (၉၃)ဦး၊ စကခ(၁၆) အဖွဲ့ဝင်(၃၆)ဦး၊ စကခ(၁၂) အဖွဲ့ဝင် (၁၄)ဦး၊စစ်မိသားစုဝင်(၈၆)ဦး၊ စစ်ဆင်ရေးအကြံပေး (၅) ဦးနှင့် ရဲအဖွဲ့ဝင်…
Read More
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုက တော်လှန်ရေးကို မဟန့်တားနိုင်

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုက တော်လှန်ရေးကို မဟန့်တားနိုင်

RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။  စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုသည် တိုက်ပွဲများထက် အရပ်သားများကို ဦးတည်တိုက်ခိုက်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးကို မဟန့်တားနိုင်ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး - Burma Affairs & Conflict Study ( BACS) အဖွဲ့မှ ကိုမင်းထက်အောင်က ပြောကြားထားသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၉ လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများ အစီရင်ခံစာကို ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး - Burma Affairs & Conflict Study ( BACS) က ယခုလအတွင်း ထုတ်ပြန်ထားသည်။
Read More
လေကြောင်းတိုက်ခိုက်မှု ၃၉၅ ကြိမ်အတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးကျဆုံးခဲ့ရ

လေကြောင်းတိုက်ခိုက်မှု ၃၉၅ ကြိမ်အတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးကျဆုံးခဲ့ရ

RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ ခုနှစ်။ မြေပြင်တိုက်ပွဲများအတွင်း ရှုံးနိမ့်နေသည့်အတွက် စစ်ကောင်စီ၏ လေတပ်မှ လေကြောင်းတိုက်ခိုက်မှု ၃၉၅ ကြိမ်ပြုလုပ်မှုအတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးကျဆုံးခဲ့ရပြီး အရပ်သား ၃၂၃ ထက်မနည်း သေဆုံးခဲ့ရကြောင်း သိရသည်။ မှတ်ချက် - စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့်အလေ့အထများ အစီအရင်ခံစာ PDF ရယူရန်  ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၉ လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများကို ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး - Burma Affairs & Conflict Study ( BACS) အဖွဲ့က ပြုလုပ်ထားသည့် အစီအရင်ခံစာတွင် လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်သည့် အချက်အလက်များကို…
Read More
တိုက်ပွဲ ၄ ရက်အတွင်း ရေဇွာမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

တိုက်ပွဲ ၄ ရက်အတွင်း ရေဇွာမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ ရေဇွာမြို့ရှိ စစ်ကောင်စီလက်အောက်ခံများကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ နိုင်ဝင်ဘာ ၂၅ ရက်နေ့ကစတင်ပြီး နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ မြို့သိမ်းတိုက်ပွဲကို ZZLMS Operation ဟု အမည်ပေးထားကြောင်း၊ ZZLMS ညီနောင်များနှင့်အတူ ချင်းအမျိုးသားတပ်ဦး CNA၊ CDF-MATUP တို့မှ ပါဝင်ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပြီး အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းများ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသည်ဟု Chinland Defense Force-Zotung Cdf-Zotung က ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ရွှေပြည်အေးမြို့ကို အပြီးသတ်သိမ်းပိုက်

ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ရွှေပြည်အေးမြို့ကို အပြီးသတ်သိမ်းပိုက်

RNA_နိုဝင်ဘာ (၂၉)၊၂၀၂၃ခုနှစ်။   စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီတပ်လက်အောက်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း Homalin People's Defence Force - HPDF က ရုပ်သံနှင့်တကွ ယနေ့ ထုတ်ပြန်ထားသည်။   ရွှေပြည်အေးမြို့အား စစ်ကိုင်းတိုင်းအထူးလှုပ်ရှားတပ်ရင်း (SR-4 ထုတ်နှုတ်)၊ တိုင်းရုံးအဖွဲဲ့ နှင့် ခန္တီးခရိုင် အမှတ် (၁၊၂) ဦးဆောင်ခဲ့ပြီး ဒေသတွင်း (ပ.က.ဖ)၊ (ပ.လ.ဖ) နှင့် Local Force ဖြစ်သော HPDF-124 မှ ရဲဘော် (၅) ယောက်၊ မိုးကြိုး မှ ရဲဘော်…
Read More
မတ္တရာမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းတခုကို TNLA နှင့် MDY PDF တို့ အပြီးသတ်သိမ်းပိုက်

မတ္တရာမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းတခုကို TNLA နှင့် MDY PDF တို့ အပြီးသတ်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၈)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကုန်းတခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် TNLA ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက်နေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းကုန်းကို နံနက် ၈ နာရီတွင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ၁၀ နာရီ ၃၀ မိနစ်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၁၃) လက်နှင့် ဆက်စပ်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီ တပ််ဖွဲ့ဝင် (၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သေဆုံး ၁၅ လောင်းတွေ့ရှိရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။ (more…)
Read More
ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ

ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။ ပြည်သူချစ်သည့် PDF များအနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဝင်သည့်အချိန်တွင် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေကြသည်ဟု Southern YSO PDF မှ ကိုအောင်မောင်းက ပြောသည်။ မကွေးတိုင်း၊ ပခုက္ကူမြို့ နှင့် ရေစကြိုမြို့  ဆက်သွယ်ရေးလမ်းမ၌ရှိသော ပန်းတိုင်းခြုံကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၁ ရက်နေ့က BNRA ဦးစီးပြီး Southern YSO PDF၊ Yesagyo Revolution Group (YRG) (ပခုက္ကူခရိုင် ရင်း ၂) စသည့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အခြေအနေများကို ကိုအောင်မောင်းက ရှင်းလင်းပြောကြားထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့ စျေးတခုအတွင်း လူထုသပိတ်ဖော်ဆောင်

လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့ စျေးတခုအတွင်း လူထုသပိတ်ဖော်ဆောင်

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ သပိတ်အင်အားစုများစုပေါင်း၍ ယနေ့ နံနက်ပိုင်းက စျေးတခုအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ “လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘ တက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ပြိုကျနေပါပြီ..။ ပျက်စီးနေပါပြီ”ဟု ကိုနန်းလင်းကဟောပြောခဲ့ကြောင်း တကသကျောင်းသားဟောင်းများအင်အားစု - University Students’ Unions Alumni Force ထံမှ သိရသည်။   တိုင်းပြည်နှင့် တပ်မတော်ကို ကယ်တင်ချင်ပါက ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်များလက်အောက်မှ အမြန်ဆုံး ရုန်းထွက်ကြရန်၊ ပြည်သူနှင့် ပူးပေါင်းပြီး ပြည်သူ့ဘက်ရပ်တည်ကြရန် မြန်မာ့တပ်မတော်သားများကို ရည်ရွယ်၍ ကိုနန်းလင်းက ပြောကြားခဲ့သေးသည်။ #RedNewsAgency
Read More
တပ်ရင်းအလိုက် အသေခံကာကွယ်ခဲ့သည့် မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်

တပ်ရင်းအလိုက် အသေခံကာကွယ်ခဲ့သည့် မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၄)၊၂၀၂၃ခုနှစ်။   စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးပါအသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူနှင့်အတူ တပ်အရင်းအလိုက် အသေခံတိုက်ခိုက်ခိုင်းထားသည့် လားရှိုးမြို့နယ် စစ်ကောင်စီတပ်မိုင်းကျက် တပ်စခန်းကို TNLA တပ်ဖွဲ့က နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၁၂ နာရီဝန်းကျင်က သိမ်းပိုက်ပြီး ဝင်ရောက်လင်းရှင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။   ညီနောင်မဟာမိတ်များ ၁၀၂၇ စစ်ဆင်ရေးစတင်သည့် နိုဝင်ဘာ ၂၇ ရက်နေ့ကတည်းက တအာင်းတပ်မတော် PSLF/TNLA ဦးဆောင်ပြီး မိုင်းကျက်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းကျက်စစ်ကောင်စီတပ်စခန်းသည် စစ်ရေးအရ အလွန်အရေးပါသည့် နေရာဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ ၂လက်အပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိကြောင်း သိရသည်။   #RedNewsAgency    
Read More