သတင်း

ဒီပဲယင်း PDF နှင့် စစ်ကောင်စီလက်နက်ကိုင်များ ယနေ့တိုက်ပွဲဖြစ်

ဒီပဲယင်း PDF နှင့် စစ်ကောင်စီလက်နက်ကိုင်များ ယနေ့တိုက်ပွဲဖြစ်

ဒီပဲယင်း၊ ဇွန် ၂၈ ရက်။ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များ ယနေ့ ( ဇွန်လ ၂၈ ရက်) နေ့လည်ပိုင်းတွင် ဒီပဲယင်းမြို့နယ် မုံရွာလမ်းထွက် ရွာသစ်ကျေးရွာနှင့် ကြည်ကျေးရွာအကြားတွင် ၁ နာရီ ၃၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Depeyin PDF က ထုတ်ပြန်ထားသည်။ ကြည်ရွာကျေးရွာအနီး တိုက်ပွဲအပြင် ပတွင်းရွာသစ်ချောင်းတံတားအနီးတွင်လည်း စစ်ကောင်စီလက်နက်ကိုင် ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းမိုင်းခွဲတိုက်ခိုက်မှုတွင် မြို့နယ်စခန်းမှူးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသွားသူများရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ စစ်ကိုင်းတိုင်းအတွင်း ယခုရက်ပိုင်းတွင် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်နက်ကိုင် အများအပြား သေဆုံးကြောင်း PDF များ၏ ထုတ်ပြန်ချက်များအရ…
Read More
မန္တလေးမြို့ ပစ်ခတ်မှုအပါအဝင် စစ်ကောင်စီ ဥပဒေမဲ့ လုပ်ရပ်များအတွက် ဥပဒေနှင့်အ

မန္တလေးမြို့ ပစ်ခတ်မှုအပါအဝင် စစ်ကောင်စီ ဥပဒေမဲ့ လုပ်ရပ်များအတွက် ဥပဒေနှင့်အ

RNA၊ ဇွန် ၂၄ ရက်။ မန္တလေးမြို့ပေါ်တွင် ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု အပါအဝင် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်ကောင်စီ၏ ဥပဒေမဲ့ လုပ်ဆောင်ချက်များကို ပြည်တွင်း၍ပဒေနှင့် နိုင်ငံတကာ ဥပဒေများအတိုင်း တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု NUG က ယနေ့ ( ဇွန်လ ၂၄ ရက်) တွင် ထုတ်ပြန်ထားသည်။ မန္တလေးမြို့ပေါ် ပစ်ခတ်မှုသည် စစ်ကောင်စီ လရ်နက်ကိုင်များက လူမဆန်စွာ အကြမ်းဖက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ မန္တလေး PDF အနေဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ Red News…
Read More
ဖဆလတ အဖွဲ့က ရန်ကုန်တွင် ရဲစခန်းများအပါအဝင် နေရာ ၃၀ ကျော်ကို တိုက်ခိုက်ထား

ဖဆလတ အဖွဲ့က ရန်ကုန်တွင် ရဲစခန်းများအပါအဝင် နေရာ ၃၀ ကျော်ကို တိုက်ခိုက်ထား

ရန်ကုန်၊ ဇွန် ၂၄ ရက်။ ရနါကုန်တိုင်းအတွင်း ရန်ကင်းမြို့နယ် ပြည်ထဲရေးရုံး၊ ထွေအုပ်ရုံး၊ မင်္ဂလာဒုံ ထောက်ပို့တပ် အပါအဝင် နေရာ ၃၀ ကျော်ကို ဖောက်ခွဲမှုများပြုလုပ်ထားပြီး၊ စစ်ကောင်စီ လက်အောက်ခံ ၂၀ ကျော်သေဆုံးထားသည်ဟု ဖဆလတ အဖွဲ့က ယနေ့ ( ဇွန်လ ၂၄ ရက်) ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ ဖဆလတနှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်ပြောက်ကျားများပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အရပ်သားပြည်သူများကို ကာကွယ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ စစ်ကောင်စီက အရပ်သားဆိုင်ရာ ပစ်မှတ်များကို ၎င်းတို့ကိုယ်တိုင် ဖောက်ခွဲအကြမ်းဖက်ပြီး တော်လှန် ရေးမဟာမိတ်များပြုလုပ်နေသယောင် ပုံဖျက်ဝါဒဖြန့်နေကြောင်း၊ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့နှင့် မဟာမိတ်များက သိသာထင် ရှားသည့် တိုက်ခိုက်ခဲ့သည့်နေရာများကိုလည်း ကြေညာထားသည်။…
Read More
CDF မင်းတပ်နှင့် စစ်ကောင်စီ လက်နက်ကိုင်တို့ သဘောတူညီချက်

CDF မင်းတပ်နှင့် စစ်ကောင်စီ လက်နက်ကိုင်တို့ သဘောတူညီချက်

မင်းတပ်၊ ဇွန် ၂၃ ရက်။ ကျောက်ထု- မင်းတပ်- မတူပီ လမ်းကြောင်း ဆိုင်ကယ်/လူ သွားလာမှုကို နှောက်ယှက်တားဆီးခြင်း မပြုလုပ်ရန်၊ ရိက္ခာသယ်သောကားများ အဝင်အထွက်စစ်ဆေးပြီး သွားလာမှုပြုရန် အပါအဝင် အချက် ၅ ချက်ကို CDF မင်းတပ်နှင့် စစ်ကောင်စီလက်နက်ကိုင်တို့ နှစ်ဖက်သဘောတူညှိနှိုင်းဆောင်ရွက်ထားသည်ဟု ယနေ့ ( ဇွန်လ ၂၃ ရက်) တွင် CDF မင်းတပ်က ထုတ်ပြန်ထားသည်။ RedNewsAgency
Read More
WFP က လှိုင်သာယာမြို့နယ်အတွင်း ပြည်သူ ၃ သိန်းကျော်ထံ စားနပ်ရိက္ခာထောက်ပံ့

WFP က လှိုင်သာယာမြို့နယ်အတွင်း ပြည်သူ ၃ သိန်းကျော်ထံ စားနပ်ရိက္ခာထောက်ပံ့

ရန်ကုန်၊ ဇွန် ၂၁ ရက်။ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လှိုင်သာယာမြို့နယ်အတွင်းရှိ ထိခိုက်လွယ်သူ လူဦးရေ ၃၃၄,၀၀၀ ထံ စားနပ်ရိက္ခာအထောက်အပံ့များကို အောင်မြင်စွာ ပေးအပ်ဖြန့်ဝေနိုင်ခဲ့ပြီဟု ယနေ့ ( ဇွန်လ ၂၁ ရက်) တွင် ထုတ်ပြန်ထားသည်။ တစ်လစာပမာဏရှိ ဆန်ရိက္ခာများကို နေထိုင်မှုအတည် တကျမရှိသေးသည့် အခြေချသူများ၊ မြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံးဒေသများမှ ထိခိုက်လွယ်သူ ရပ်ရွာလူထုများအတွက် အထောက်အပံ့ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာမြို့နယ်အတွင်း ထောက်ပံ့ပေးအပြီးတွင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ အလားတူအထောက်အပံ့များကို စတင်ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ပြန်ထားသည်။ Red News Agency
Read More
‌နွေဦးတော်လှန်ရေးအတွင်း မြင်းခြံမြို့က အာဇာနည် ၃၀ ဦးရှိ

‌နွေဦးတော်လှန်ရေးအတွင်း မြင်းခြံမြို့က အာဇာနည် ၃၀ ဦးရှိ

မြင်းခြံ၊ ဇွန် ၁၂ ရက်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုမှစပြီး ဇွန်လ ၁၂ ရက်နေ့အထိ မြင်းခြံမြို့နယ်အတွင်း နွေဦးတော်လှန်ရေးကာက ကျဆုံးအာဇာနည်သူရဲကောင်း ၃၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ဇွန်လ ၁၂ ရက်နေ့တွင် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ကျဆုံးစာရင်းများ ထုတ်ပြန်ခဲ့ရာ ဇင်ကိုကိုဇော်သည် မြင်းခြံမြို့တွင် ပထမဆုံး အသက်ဆုံးရှုံးခဲ့ရသူအဖြစ် မှတ်တမ်းရှိပြီး အမှတ်စဥ် ၁ ဦးသောင်းထွန်းဦးသည် ယနေ့အထိ နောက်ဆုံး အသက်ဆုံးရှုံးခဲ့ရသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ ကျဆုံးစာရင်း ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး လွဲမှားမှု၊ ကွဲလွဲမှု၊ ဖြည့်စွက်လိုမှု တစ်စုံတရာရှိပါက ကော်မတီ FB Page သို့ ဆက်သွယ်နိုင်ကြောင်း…
Read More
စစ်တပ်အာဏာသိမ်းပြီး ၁၃၁ ရက် အတွင်း အသတ်ခံရသူ ၈၆၂ ဦးရှိပြီ

စစ်တပ်အာဏာသိမ်းပြီး ၁၃၁ ရက် အတွင်း အသတ်ခံရသူ ၈၆၂ ဦးရှိပြီ

ရန်ကုန်၊ ဇွန် ၁၂ ရက်။ စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ ရက်ပေါင်း ၁၃၁ ရက်အတွင်း စစ်တပ်၏ ပစ်ခတ်၊ ဖမ်းဆီး၊ရိုက်နှက်ခံရမှုကြောင့် သေဆုံးသည့်ပြည်သူ ၈၆၂ ဦး ရှိသွားပြီဖြစ်ကြောင်း ယနေ့ ( ဇွန်လ ၁၂ ရက်) ညနေပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက် ရေးအသင်း (AAPP)က ထုတ်ပြန်ထား သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ဖေဖော်ဝါ ရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၁၂ ရက်နေ့ထိ ဖမ်းဆီးခံရသူ (၄၈၄၈) ဦးရှိပြီး၊…
Read More
စစ်ကောင်စီနှင့်အတူ ရပ်တည်နေသည့် ကြံ့ခိုင်ရေးပါတီဝင်များကို ပစ်မှတ်ထား တိုက်ခိုက်မည်

စစ်ကောင်စီနှင့်အတူ ရပ်တည်နေသည့် ကြံ့ခိုင်ရေးပါတီဝင်များကို ပစ်မှတ်ထား တိုက်ခိုက်မည်

မင်းကင်း၊ ဇွန် ၁၂ ရက်။ မင်းကင်းမြို့နယ်အတွင်းမှ ကြံ့ခိုင်ရေးပါတီ အဖွဲ့ဝင်များသည် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ ဝတ်စုံများဝတ်ကာ ပြည်သူများကိုဖမ်းဆီး၊ နေအိမ်များကို ဖျက်ဆီးရာတွင် ပါဝင်လာသည့်အတွက် ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဟု မင်းကင်းပြည်ဟူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ( ဇွန်လ ၁၂ ရက်) တွင် ထုတ်ပြန်ထားသည်။ Red News Agency
Read More
လွှတ်တော်ကိုယ်စား လှယ်များမဖောက်မပြန် ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ကြိုးပမ်းရမည်ဟု NLD ပါတီက ‌ထုတ်ပြန်

လွှတ်တော်ကိုယ်စား လှယ်များမဖောက်မပြန် ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ကြိုးပမ်းရမည်ဟု NLD ပါတီက ‌ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၁၀ ရက်။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ ရွေးကောက်ခံ အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများအပေါ် မဖောက်မပြန် ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်း NLD ပါတီက ယနေ့ ( ဇွန်လ ၁၀ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ” ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ကာ ပေးအပ်ထားသည့် တာဝန်များကို လွှတ်တော်ကိုယ် စားလှယ်များမှ မဖောက်မပြန် ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း ထုတ်ပြန်လိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာဏာသိမ်း စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်များကို CRPH ၊ NUG ၊ PDF တို့တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဖိအားပေးခြိမ်းခြောက် အတင်းအဓမ္မ…
Read More
ရိုဟင်ဂျာကိစ္စ NUG မူဝါဒ ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ လက်မခံ

ရိုဟင်ဂျာကိစ္စ NUG မူဝါဒ ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ လက်မခံ

RNA၊ ဇွန် ၇ ရက်။ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ၏ မူဝါဒ သဘောထားကို ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်် မတီက လက်မခံ‌နိုင်ကြောင်း ဇွန်လ၆ရက်နေ့က ကြေညာ ချက်ထုတ်သည်။ NUG၏ ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သည့် ရိုဟင်ဂျာများနှင့်ပတ်သတ်သည့် မူဝါဒသည် ရခိုင်ပြည် အကျပ် အတည်းကို ပိုမိုရှုပ်ထွေးစေပြီး၊ တည်ငြိမ်မှုကို ပျက်ပြားစေသည့် လုပ်ရပ်ဖြစ်နေကြောင်း၊ NUGက ရိုဟင်ဂျာအရေး ပြောဆိုလာခြင်းသည် နိုင်ငံတကာ အကူအညီရယူလိုသည့် အတွက် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အနေဖြင့် ရခိုင့်ပြည်သူတွေကို ကိုယ်စားပြုမှု မရှိသည့်အတွက် ရခိုင် ပြည်နယ်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်၊ ကြေညာချက်မှန်သမျှ အသိအမှတ်မပြုနိုင်ကြောင်း၊ ရိုဟင်ဂျာအရေး…
Read More