03
Oct
RNA – အောက်တိုဘာ ၃ ရက်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပူတာအိုမြို့သို့ လာမည်ကို လက်မခံကြောင်း ပူတာအို PDF က ယနေ့ ( အောက်တိုဘာ ၃ ရက်) နံနံစောစော ၁ နာရီဝန်းကျင်က မူလာရှီးဒီ အထူးစစ်ဆေးရေး စုပေါင်းဂိတ်ကို လက်နက်ကြီး ပစ်ခတ် သတိပေးလိုက်ကြောင်း သိရသည်။ ” အခုချိန်မှာ အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ပူတာအိုသို့ လာမည်ဖြစ်သည့်အတွက် ပူတာအိုမှ လက်မခံကြောင်းနှင့် ရောရှိလာပါက ဒီထက်ကြမ်းသော သတိပေးပစ်ခတ်မှုများ ပြုလုပ်သွားမည်” ဟု PUTAO PDF က ယနေ့နံပိုင်းတွင် ထုတ်ပြန်ထားသည်။ ယနေ့ နံနက်…
