စစ်ကောင်စီတပ် ရခိုင်ပြည်နယ်အတွင်း ရှုံးမဲမဲနေဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

RNA_ဇူလိုင်၂၁၊၂၀၂၂ ခုနှစ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အသေအဆုံးနှင့် အရှင်ဖမ်းခံရမှုများကြောင့် ပြည်သူလူထုအပေါ် ရှုံးမဲမဲနေသည်ဟု က္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲများတွင် ရှုံးတိုင်း ပြည်သူ လူထုအပေါ် အငြိုးအတေးကြီးများပြီး ရက်သက်သော လုပ်ရပ်များလုပ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပြီဖြစ်ကြောင်း၊ ရခိုပြည်နယ်အတွင်း ပြည်သူများအပေါ် စစ်ကောင်စီတပ်သည် ကုန်းလမ်း ရေလမ်း စစ်ဆေးရေးဂိတ်များဖွင့်ကာ ဖုန်း ဆိုင်ကယ် ကားများကို အကြောင်း အမျိုးမျိုးပြကာ စစ်ဆေးမှုများပြုလုပ်ပြီး လူဖမ်းပွဲကဲ့သို့ ညအချိန်မတော် ပြည်သူများကို အပြစ်မရှိ အပြစ်ရှာကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ရက္ခိုင်အမျိုးသားအောင်လံ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် နန့်ဆက်စပ်ပတ်သက်သည့်ပုံများကို မရမကရှာဖွေခြင်း၊ ပြည်သူများအသုံးပြုသည့် Facebook ၊ Twitter အစဟိသော ဆိုချယ်မီဒီယာစာမျက် နှာများ၌ စစ်ကောင်စီအား တိုက်ခိုက်ရီးသားထားသည့် ပို့စ်များနန့် ယင်းကဲ့သို့ပို့စ်များအား Share ထားမှုများကို ပစ်မှတ်ထားစစ်ဆီးခြင်း၊ Messenger ၊ Viber ၊ Telegram ၊ Signal အစဟိသည့် App များ၌ အပြန် အလှန် ပီးပို့ထားကတ်သော Message ၊ ဓာတ်ပုံ၊ ရုပ်/သံဖိုင်များကို အလေးထား စစ်ဆီးခြင်း၊ လူနီအိမ်များသို့လေ့ အချိန်မရွေး စီးနင်းဝင်ရောက် တအိမ်လုံး မွှေနှောက်ကာ ၎င်းရို့မလိုလားသည့် စာအုပ်စာတမ်းများ၊အမှတ်အသား သင်္ကေတများကို တစိုက်မတ်မတ် ရှာဖွေစစ်ဆီးပြီး အပြစ်မဲ့အရပ်သား ပြည်သူများအား ဥပဒေမဲ့ဖမ်းဆီး၍ ပြင်းထန်သော ပြစ်ဒဏ်များကို လူမဆန်စွာ ချမှတ်လျက်ဟိသည်” ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်သူများ နာရေး၊ ကျန်းမာရေး၊ သေရေး ရှင်ရေး ကိစ္စမှလွဲ၍ ခရီးမသွားကြရန်၊ ခရီးသွားပါက ကွန်ပျူတာ၊ ဖုန်း၊ Tablet စသည့်ဆက်သွယ်‌ရေး ကိရိယာများကို စနစ်တကျ ရှင်းလင်းပြီးမှ သွားကြရန်နှင့် ညည့်အချိန်များ၌ လုံခြုံရေးသတိဖြင့် အိပ်စက်ကြရန်၊ စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲဆိုနိုင်လောက်သည့် စာအုပ်စာတမ်း၊ အမှတ်အသား သင်္ကေတများထားရှိမှုကို အထူးဂရုစိုက်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က အလေးအနက်တိုက်တွန်းထားသည်။

Red News Agency

By Editor