သာကေတ

အစာဆိပ်သင့်မှုဖြစ်ပွားသဖြင့် ကလေး ၆၀ ကျော် ဆေးရုံများသို့ ပို့တင်ထားရ

အစာဆိပ်သင့်မှုဖြစ်ပွားသဖြင့် ကလေး ၆၀ ကျော် ဆေးရုံများသို့ ပို့တင်ထားရ

RNA  ၊ နိုဝင်ဘာ၂ ၊ ၂၀၂၂ ခုနှစ် ။ ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ အ.မ.က အမှတ် ၂၉ နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်တို့တွင် အစာဆိပ်သင့်မှု ဖြစ်ပွားသဖြင့်  ကလေး ၆၀ ကျော် ဆေးရုံများသို့ ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။ "ဒီနေ့ ကျောင်းတစ်ကျောင်းမှာ ကလေးတွေ အစာအဆိပ်သင့်မှု ဖြစ်လို့ ရန်ကင်းကလေးဆေးဆုံမှာ လူတွေများနေတယ်လို့ အဲဒီနေရာရောက်နေတဲ့ ဘော်ဒါ Taxi သမားတစိယောက်က လှမ်း​ပြောတယ်။ အဲဒီကို သွားပြီး ခရီသည်အော်ဒါ လာရှာဖို့ လှမ်းပြောတယ် " ဟု အငှားယာဥ် မောင်းတစ်ဦးက ပြောသည်။ (more…)
Read More
ကျဆုံးခဲ့ရသည့် သူရဲကောင်းများကို ရည်မှန်းပြီး စစ်ကောင်စီတပ်သားတွေကို သာကေတမှာ မိုင်းခွဲတိုက်ခိုက် 

ကျဆုံးခဲ့ရသည့် သူရဲကောင်းများကို ရည်မှန်းပြီး စစ်ကောင်စီတပ်သားတွေကို သာကေတမှာ မိုင်းခွဲတိုက်ခိုက် 

RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီး၊ ဆောက်လုပ်ရေးမှတ်တိုင်အနီးတွင် ယနေ့ နံနက်ပိုင်းက ရှစ်လေးလုံး သူရဲကောင်းများကို ရည်မှန်းပြီး အာဏာသိမ်း စစ်ကောင်စီတပ်သားများကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ " ရှစ်လေးလုံးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်သူရဲကောင်းတွေကို သူတို့ရဲ့ကျေးဇူးတွေ သူတို့ရဲ့ဂုဏ်သိက္ခာတွေကို ရည်မှန်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်ကားဖြတ်သွားတဲ့အချိန်မှာ ကျနော်တို့ ရှေ့ထွက်မိုင်းလို့ပြောလို့ရတဲ့ မိုင်းတလုံးနဲ့ခွဲတယ်၊ အဲချိန်မိုင်းကွဲလို့ကားပေါ်က လာဆင်းကြည့်တဲ့အချိန်မှာ နောက်တလုံးထပ်ခွဲပါတယ်။ ဒါဟာ စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်တာပါ။ ရှစ်လေးလုံး သူရဲကောင်းတွေကို အလေးပြုရင်း တိုက်ခိုက်ခဲ့တာပါ" ဟု မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ အဖွဲ့ဝင်တဦးက Red News Agency သို့ ပြောကြားသည်။ (more…)
Read More
Mytel တာဝါတိုင်ပေါက်ကွဲမှု လာစစ်သည့် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 

Mytel တာဝါတိုင်ပေါက်ကွဲမှု လာစစ်သည့် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ ရန်ကုန်မြို့၊ သာကေတမြို့နယ်အတွင်းရှိ Mytel တာဝါတိုင်ကိုယနေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်က လက်ပစ်ဗုံးပစ်ပေါက်ကွဲပြီးချိန် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံခဲ့ရကြောင်း သိရသည်။ " စခတွေယာဉ်တန်းမိုင်းဆွဲခံရတယ် အသေအပျောပ်တော့ သေချာမသိ‌ရသေးပါဘူး။ ပေါက်ကွဲလို့လာစစ်တဲ့ယာဉ်တန်း မိုင်းထပ်ခွဲတာပါ၊ မြို့ပြတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ဒါကိုလုပ်တာပါ" ဟု မြို့ပြတော်လှန်ရေးအင်အားစုအဖွဲ့ဝင် တဦးကပြောသည်။   ယနေ့ ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူလူထု အစိုးရထံမှ အဓမ္မအာဏာသိမ်းယူထားသည့် စစ်ကောင်စီတပ်သားများ တိုင်းနှင့်ပြည်နယ်အနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ တိုက်ခိုက်ခံရကာ သေဆုံးမှုများရှိကြောင်း သိရသည်။ Red News Agency
Read More