၇၅နှစ်မြောက်အာဇာနည်နေ့

ကိုစိုင်းဘုန်းမင်းသန့်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသည့်အတွက် မိခင်က ကြေကွဲစွာ ထပ်ဆင့်ဂုဏ်ပြု

ကိုစိုင်းဘုန်းမင်းသန့်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသည့်အတွက် မိခင်က ကြေကွဲစွာ ထပ်ဆင့်ဂုဏ်ပြု

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ ကရင်နီပြည်မှာကျဆုံးခဲ့သည့် ကိုစိုင်းဘုန်းမင်းသန့်ကို ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ကရင်နီPDFက အာဇာနည်သူရဲကောင်းအဖြစ်ထည့်သွင်းဂုဏ်ပြုသည့်အတွက် မိခင်ဖြစ်သူက ကြေကွဲစွာနှင့်ထပ်ဆင့်ဂုဏ်ပြုကြောင်း လူမှုကွန်ယက်တွင် ရေးသားထားသည်။ ကရင်နီပြည် တိုက်ပွဲတနေရာ၌ အသက် (၂၂) နှစ်အရွယ် ကိုစိုင်းဘုန်းမင်းသန့်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့က ကျဆုံးခဲ့သည့်အတွက် ဇူလိုင်လ (၂၀) ရက်နေ့ရောက်ပါက ကျဆုံးခြင်း (၉) လပြည့်ပြီဖြစ် ကြောင်း သိရသည်။ ကိုစိုင်းဘုန်းမင်းသန့် မိခင်သည့် KPDF က ယနေ့ပြုလုပ်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မှတ်တမ်းကို ပြန်လည်မျှဝေရာတွင် " အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုခြင်း...တဲ့ သားစိုင်းဘုန်းမင်းသန့်ရေ..အမေကလဲ ကြေကွဲစွာနဲ့ ထပ်ဆင့်ဂုဏ်ပြုပါတယ်"…
Read More
KPDF ဝန်းရံခဲ့သည့် လုံးခင်းအုပ်စု အာဇာနည်နေ့ လမ်းလျှောက်ချီတက်ပွဲ

KPDF ဝန်းရံခဲ့သည့် လုံးခင်းအုပ်စု အာဇာနည်နေ့ လမ်းလျှောက်ချီတက်ပွဲ

RNA_ဇူလိုင် ၁၉၊၂၀၂၂ ခုနှစ်။ ဖားကန့်မြိုနယ်၊ လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းမှ ယနေ့ ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ ချီတက်အလေးပြုခဲ့ကြသည့် အခမ်းအနားတွင် KPDF များက ပြည်သူများနှင့်အတူ ဝန်းရံချီတက်ခဲ့ကြကြောင်း သိရသည်။ Red News Agency
Read More
၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသည့် အာဇာနည်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့ လမ်းမများပေါ်၌ ကားဟွန်းများတီးသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ Red News Agency
Read More
ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

RNA_ဇူလိုင်၁၉၊၂၀၂၂ ခုနှစ်။ ကျဆုံးသွားသော အာဇာနည်ကိုးဦးနှင့်တကွခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်များအား ဦးညွှတ် အလေးပြုခြင်းနှင့် ၇၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ ကျားဖြူတပ်ခွဲ (၂) တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။ Red News Agency
Read More