ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေ၊ အများအပြား ဒဏ်ရာရ 

RNA_ဇူလိုင်၂၁၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော်ဘက်မှသွားသော စစ်ကောင်စီတပ် စစ်ကြောင်း (၁၀၀)ခန့်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကလေး) တပ်ရင်း(၆)တို့ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်ကစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” တိုက်ပွဲအတွင်းရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဘေးလွတ်ရာပို့ဆောင်ပေးရင်း စကစများကို တိုက်ခိုက်ခဲ့ရာ နေ့လယ်(၁:၃၀) အချိန်ခန့်တွင် စကစစစ်ကြောင်းမှူး ဗိုလ်ကြီး (ဗိုလ်မူးကော်မရှင်စား) (၁) ဦး၊ စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စကစတပ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့သည်”ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Red News Agency

By Editor